မေငြိမ်း

ဝီကီပီးဒီးယား မှ
မေငြိမ်း
မွေးဖွားငြိမ်းခက်ခက်
(၁၉၆၅-0၆-၁၄) ဇွန် ၁၄၊ ၁၉၆၅ (အသက် ၅၈)
ရန်ကုန်မြို့
နိုင်ငံလူမျိုးမြန်မာနိုင်ငံ
ဝက်ဘ်ဆိုဒ်maynyane.blogspot.fi

မေငြိမ်း (အမည်ရင်း ငြိမ်းခက်ခက်) သည် မြန်မာအမျိုးသမီး စာရေးဆရာတစ်ဦး ဖြစ်သည်။ မေငြိမ်းကို ၁၉၆၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။

၁၉၈၆ ခုနှစ်တွင် ပေဖူးလွှာ မဂ္ဂဇင်းပါ "ပြည်စုံခြင်း" ကဗျာနှင့် စာပေနယ်အတွင်း စတင်ရောက်ရှိခဲ့သည်။ ပထမဆုံးပုံနှိပ် ဝတ္ထုတိုမှာ ၁၉၈၇ ၊ မေလ ပေဖူးလွှာ မဂ္ဂဇင်းပါ "ဆွဲငင်သိမ်းရစ်ရင်းနှင့်ပင်" ဖြစ်သည်။ ၁၉၉၀ ပြည့်တွင် ပထမဆုံး လုံးချင်းဝတ္ထု သီချင်းနှင်းဆီ ကိုထုတ်ဝေခဲ့သည်။ အလင်္ကာကျော်စွာ ဂီတစာဆို မြို့မငြိမ်း၏ ဘဝနှင့် ဂီတစာပေ ဟူသောကျမ်းဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိသည်။ ၁၉၈၆ နိုဝင်ဘာလမှ ၂၀ဝ၅ ဖေဖော်ဝါရီလ အထိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)၊ ဘားအံကောလိပ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မော်လမြိုင်တက္ကသိုလ်တို့တွင် မြန်မာစာဆရာမအဖြစ် တာဝန်ယူခဲ့သည်။ အမျိုးသမီး စာရေးဆရာ တစ်ယောက်အဖြစ်သာမက မြန်မာဘလော့ဂါ တစ်ဦးအနေဖြင့်လည်း ထင်ရှားသည်။

အမေရိကန်သို့ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ခဲ့ပြီး၊ ဗွီအိုအေ မြန်မာပိုင်းသတင်းဌာနတွင် သတင်းမီဒီယာ အလုပ်ကို လုပ်ကိုင်ခဲ့သည်။ လက်ရှိတွင် အမေရိကန်အစိုးရပိုင် နိုင်ငံခြားဘာသာစကားကျောင်းတွင် မြန်မာဘာသာစကားဆရာမ အဖြစ် အလုပ်လုပ်ကိုင်နေသည်။

ထုတ်ဝေခဲ့သော စာအုပ်စာရင်း[ပြင်ဆင်ရန်]

လုံးချင်းဝတ္ထုများ[ပြင်ဆင်ရန်]

  • သီချင်းနှင်းဆီ (၁၉၉၀)
  • ပကတိမြား (၁၉၉၀)
  • မီးခိုးငွေ့ မီးခိုးမျှင် (၁၉၉၁)
  • အဆိပ်ဖြင့်...မြက်ခင်းများဆီ (၁၉၉၁)
  • ချစ်သူ့မျက်နှာစာ (၁၉၉၂)
  • ချစ်သူတို့ရဲ့ မနက်ဖြန် (၁၉၉၃)
  • အိပ်မက်တခုနဲ့ မျက်နှာချင်းဆိုင် (၁၉၉၄)
  • ချိုတဲ့တေး (၁၉၉၅)
  • ကောင်းကင်နိဒါန်း (၁၉၉၆)
  • အသံသစ်ပြတိုက် (၁၉၉၇)
  • အချစ်အကြောင်းပြောရအောင် (၁၉၉၈)

ဝတ္ထုတိုပေါင်းချုပ်[ပြင်ဆင်ရန်]

  • မုန်တိုင်း၏ ကျောရိုးနှင့် ချစ်သောဝတ္ထုများ (၁၉၉၄)

အခြား[ပြင်ဆင်ရန်]

  • သတင်းသမားအတွက် မြန်မာစာ (၂၀ဝ၇)

ကိုးကား[ပြင်ဆင်ရန်]