မူအမ္မာ ကဒါဖီ
လစ်ဗျားသမ္မတဟောင်း ကဒတ်ဖီကို ၁၉၄၁ ခုနှစ်တွင် မီစူရာတာအရပ်၌ ကုလားအုပ်ကုန်သည် မိုဟာမက်အဗ္ဗဒူလဆန် အဗူမီနီယာနှင့် အိုင်ရှာအဗူမီနီယာတို့မှ ဖွားမြင်ခဲ့သည်။ အထက်တန်းလွန် ပညာကို ဘင်ဂါဇီမြို့ရှိ လစ်ဗျားတက္ကသိုလ်၌ ဆည်းပူးခဲ့ပြီးနောက် ကဒတ်ဖီသည် အင်္ဂလန်တွင် တင့်ကားစစ်ဆင်ရေး သင်တန်းကို တက်ရောက်သည်။ လစ်ဗျားစစ်တပ်တွင် ၁၉၆၅ ခုနှစ်မှစ၍ ဝင်ရောက်ပြီးနောက် ၁၉၆၉ ခုနှစ် စက်တင်ဘာလတွင် လစ်ဗျားတော်လှန်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တပ်မတော် စစ်ဦးစီးချုပ် ဖြစ်လာသည်။
ကဒတ်ဖီသည် လူဦးရေ နှစ်သန်းခွဲရှိသော သူ့နိုင်ငံကိုသာမက လူသန်း ၁ဝဝ ကျော်ရှိ အာရပ်ဒေသကြီး တစ်ခုလုံးကို စုစည်းလိုသူ ဖြစ်သည်။ အာဖရိကမြောက်ပိုင်း မြေထဲပင်လယ်စပ်ရှိ မိမိနိုင်ငံကို အရှေ့ဘက်မှ အီဂျစ်နှင့်၎င်း၊ အနောက်ဘက်မှ တူနီးရှားနိုင်ငံနှင့်၎င်း ပူးပေါင်းရန် အားထုတ်စီစဉ်ခဲ့သည်။
အစ္စလာမ်ဘာသာဝင် ကဒတ်ဖီသည်တစ်နေ့လျှင် ဘုရား ငါးကြိမ်ရှိခိုးပြီး အဂတိတရား ကင်းအောင်နေသူ ဖြစ်သည်။ ကဒတ်ဖီက သူ၏ အရာရှိအရာခံ အကြပ်တပ်သား များအား ဆေးလိပ်နှင့် အရက် မသောက်ရန် တားမြစ်ခဲ့သည်။ စစ်တက္ကသိုလ် ကျောင်းသားဘဝကပင် လစ်ဗျားဘုရင်ကို ဖြုတ်ချရန် လျှို့ဝှက် စုစည်းခဲ့သူ ဖြစ်သည်။ နိုင်ငံအကြီးအကဲ ဖြစ်ချိန်အထိ သူသည် အီဂျစ်သမ္မတ နတ်ဆာ၏ အာရပ်စည်းလုံးရေး မြော်မှန်းချက်မျိုးကို ထားသည်။ သို့ဖြင့် အစ္စရေးနိုင်ငံကို ထောက်ခံသော နိုင်ငံကြီး များအား ရေနံလက်နက်ဖြင့် တန်ပြန်နိုင်ခဲ့သည်။
၁၉၅၁ ခုနှစ်တွင် လစ်ဗျားနိုင်ငံကို အုပ်ချုပ်နေသော ဘုရင် အိုင်းဒြစ်က တူရကီ နိုင်ငံသို့ ဆေးကုသမှု ခံယူရန် ထွက်ခွါသွားစဉ် ဘုရင်၏ တူတော်အား ဘုရင်အဖြစ် တင်မြှောက်လိုက်သည်။ နောက်တစ်နေ့တွင် သူတင်ခဲ့သော ဘုရင်ကို ဖြုတ်ချကာ လစ်ဗျား ပြည်သူများ၏ အစ်ကိုကြီးအဖြစ် ခေါင်းဆောင်ကာ အုပ်ချုပ်သည်။ ဗိုလ်မှူးကြီး ကဒါဖီသည် ဗိုလ်ချုပ်အဖြစ်သို့ သူကိုယ်တိုင် ရာထူး မတိုးခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံကို ပြည်သူများက အုပ်ချုပ်နေသဖြင့် ရာထူးတိုးယူရန် မလိုဟု ဆိုသော်လည်း သူ အာဏာသိမ်းစဉ်က ဗိုလ်ကြီးအဆင့်သာ ရှိသေးသည်။
ထိုမှ ၁၉၇ဝ-၇၂ ခုနှစ်များတွင် ဝန်ကြီးချုပ် ဖြစ်လာပြီး ကာကွယ်ရေးဌာနကိုပါ ကိုင်သည်။ အာရပ်ပြည်ထောင်စု နိုင်ငံများ ကောင်စီတွင် ၁၉၇၁ ခုနှစ်မှစ၍ အသင်းဝင်ဖြစ်ရာမှ နောင်တွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခံရ၏။
ကာနယ်ကဒတ်ဖီ အာဏာရလာသောအခါ လစ်ဗျနိုင်ငံရှိ အမေရိကန်နှင့် ဗြိတိသျှ လေတပ်စခန်းများကို ရုပ်သိမ်းစေသည်။ ထို့ကြောင့် ဗြိတိန်က လစ်ဗျနိုင်ငံ လေကြောင်း ကာကွယ်ရေးတာဝန် ယူမည့် ကန်ထရိုက် စာချုပ်ကို ပယ်ဖျက်လိုက်သည်။ ကဒတ်ဖီသည် ၁၉၇၃ ခုနှစ်တွင် နိုင်ငံခြား ရေနံလုပ်ငန်း၏ အစုရှယ်ယာ ၅၁% ကိုသိမ်းယူသည်။ ကဒတ်ဖီ ဝန်ကြီးချုပ်ဖြစ်နေစဉ် နိုင်ငံတွင် အရက်သေစာလည်း ပိတ်ပင်လိုက်သည်။ ညကပွဲများကိုလည်း ပညတ်ထားသည်။ ဘုရင့်အစိုးရကို ဖြုတ်ချပြီးနောက် ဝန်ကြီးအဖွဲ့သစ်ဖြင့် နိုင်ငံဖွဲ့စည်း ပုံအခြေခံဥပဒေသစ်ကို ရေးဆွဲစေသည်။ အခြေခံဥပဒေသစ်အရ လစ်ဗျနိုင်ငံသည် လစ်ဗျအာရပ်ပြည်ထောင်စု သမ္မတနိုင်ငံဟု ဖြစ်လာသောအခါ ကာဒတ်ဖီလည်း သမ္မတဖြစ်လာသည်။
ကဒတ်ဖီသည် အာရပ်-အစ္စရေးစစ်ပွဲ (၁၉၆၇) အတွင်း အစ္စရေးအား အာရပ်တို့ တိုက်ခိုက်ပုံကို အားမရနိုင်၍ အာရပ်နိုင်ငံ အချို့အပေါ် စိတ်တိုင်းမကျ ဖြစ်ခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် အစ္စရေးနှင့် စစ်ဖြစ်စဉ် အီဂျစ်တို့ ပြုမှုဆောင်ရွက်ပုံကို ပြင်းထန်စွာ ရှုတ်ချ ဝေဖန်သည်။ အီဂျစ်ကလည်း ကဒတ်ဖီအား ၁၉၇၄ ခုနှစ် အတွင်း သမ္မတ ဆဒတ်ထံမှ အာဏာလုမည့်သူများကို ငွေကြေးထောက်ပံ့သည့်သူဟု စွပ်စွဲကာ ဗလောင်းဗလဲသမားဟု ပြန်စွပ်စွဲသည်။ ၁၉၇၅ ခုနှစ် နွေရာသီအထိ ကဒတ်ဖီနှင့် ဆဒတ်တို့သည် တစ်ယောက်တစ်ပြန် ပုတ်ခတ်နေကြသည်။ ဆဒတ်နှင့် ကဒတ်ဖီမှာ ၁၉၇၇ ခုနှစ် ကုန်ချိန်အထိလည်း ဆန့်ကျင်ဖက်သာ ဖြစ်နေသေးသည်။
ကဒတ်ဖီသည် နိုင်ငံရေးက အနားယူမည်ဟု မကြာခဏ ပြောခဲ့ပြီးနောက် ၁၉၇၄ ခုနှစ် ဧပြီလတွင် ပြည်တွင်း နိုင်ငံရေး အာဏာများကို အဗ္ဗဒူဆလန်ဂျာလွတ် လက်သို့ လွှဲအပ်သည်။ သို့ရာတွင် နိုင်ငံရေးရာတွင် ကဒတ်ဖီပင် ဆက်လက် တာဝန်ယူနေရသည်။
ကဒတ်ဖီ၏ အမျိုးသမီးများသာပါဝင်သည့် ကိုယ်ရံတော်တပ်ဖွဲ့နှင့်သော်လည်းကောင်း လော်ကာဘီအကြမ်းဖက်မှု(လေယဉ်ဗုံးထောင်ဖောက်ခွဲမှု)အား ကြိုးကိုင်သူအဖြစ်နှင့်လည်းကောင်း ကြော်ကြားသေးသည်။ ၂၀၀၀ခုနှစ်များအစောပိုင်းက ကဒတ်ဖီသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးပြေလည်ပြေပြစ်လာစေရန် အားထုပ်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်သာရခဲ့ပေသည်။[၁]
၂၀၁၁ နှစ်ဦးပိုင်းတွင် စတင်ခဲ့သည့် အာရပ်လူထု အုံကြွမှုကြီးတွင် လစ်ဗျားနိုင်ငံ ပါဝင်ပြီးသည့် အချိန်ဝယ် ကဒတ်ဖီမှာ ဆန့်ကျင်သူများ၏ တိုက်ခိုက်မှုကြောင့် အသက်လု၍ ပြေးနေခဲ့ရသည်။ ၂၀၁၁ အောက်တိုဘာ ၂၀ တွင် တော်လှန်ရေးအင်အားစုများ၏ လက်ချက်ဖြင့် ကွယ်လွန်ခဲ့သည်။
ကဒါဖီ၊ မွမ်မာ
[ပြင်ဆင်ရန်]လစ်ဗျားနိုင်ငံ၏ အာဏာကို ၄၂ နှစ်ကြာဖက်တွယ်ခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာပြစ်မှု များကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံးက ဖမ်းဝရမ်း ထုတ်ခြင်းခံရသူလစ်ဗျားခေါင်းဆောင်မွမ်မာကဒါဖီကို အာဖရိကတိုက်မြောက်ပိုင်းသဲကန္တာရတွင် တည်ရှိသညလစ်ဗျားနိုင်ငံ ဆာ့တ်မြို့တွင် ၁၉၄၂ ခုနှစ်၌ မွေးဖွား သည်။ ကဒါဖီသည် ဆင်းရဲသောမိသားစုမှ ပေါက်ဖွား လာပြီး၎င်း၏မိသားစုနှင့်အတူ ဝေးလံခေါင်ဖျားသော သဲကန္တာရတွင် အသက် ၈ နှစ်အရွယ်အထိ နေထိုင်ခဲ့ သည်။ အသက် ၉ နှစ်အရွယ်တွင် ဆီဘာမြို့ရှိ အလယ်တန်းကျောင်း၌ ပညာသင်ကြားနေစဉ် အီဂျစ် ခေါင်းဆောင်၊ အာရပ်အမျိုးသားရေးဝါဒီတစ်ဦး ဖြစ်သူဂါမယ်လ် အဒူနာဆာ၏မိန့်ခွန်းများက ကဒါဖီ ၏ စိတ်ဓာတ်ကို လှုံ့ဆော်ခဲ့သောကြောင့် အာရပ် အမျိုးသားရေးဝါဒီတစ်ဦးဖြစ်လာသည်။
ထို့နောက်ဘွဲ့ရ ကျောင်းသားများကို စုစည်း၍
တော်လှန်ရေးအင်အားစု လေ့လာမှုအဖွဲ့ကို ဆီဘာမြို့
တွင် ဖွဲ့စည်းခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် အစ္စရေးဆန့်
ကျင့်ရေးဆန္ဒပြပွဲများ၌ ပါဝင်ဆင်နွှဲခဲ့သည်။ ၁၉၆၃
ခုနှစ်တွင် ထရီပိုလီရှိ လစ်ဗျားတက္ကသိုလ်မှ သမိုင်း
အဓိကဖြင့်ဘွဲ့ရရှိသည်။ ကဒါဖီသည် ဘွဲ့ရပြီးနောက်
ဘန်ဂါဇီရှိ လစ်ဗျားစစ်သင်တန်းကျောင်းသို့ တက်
ရောက်ခဲ့ရာ ထိုသင်တန်းကျောင်းရှိ ဗိုလ်လောင်းအများစု
မှာ အနောက်အုပ်စုဆန့်ကျင်ရေးအမျိုးသားရေးဝါဒကို
လက်ကိုင်ထားကြောင်းတွေ့ရသည်။
၁၉၆၅ ခုနှစ်တွင် လစ်ဗျားစစ်တပ်တွင်
တာဝန်ထမ်းဆောင်နေစဉ် လစ်ဗျားဘုရင် အဲဒရစ်ကို
ဖြုတ်ချရန် အခြေခံလုပ်ငန်းများကို စတင်စီစဉ်ခဲ့သည်။
၎င်းအဲဒရစ်စ်ဘုရင်ကို အနောက်ဥရောပနိုင်ငံများ၏
လက်ကိုင်တုတ်အဖြစ် ကဒါဖီက သတ်မှတ်ထားသည်။
၁၉၆၉ ခုနှစ် စက်တင်ဘာလ ၁ ရက်၊ အသက် ၂၇
နှစ်အရွယ်တွင် ကဒါဖီသည် စစ်တပ်ကို ထိန်းချုပ်၍
ကြိုတင်ပြုလုပ်ထားသော အစီအစဉ်များဖြင့် သွေးမြေ
မကျစေဘဲ အာဏာသိမ်းယူခဲ့သည်။ ကဒါဖီသည်
ဗိုလ်မှူးကြီးရာထူးဖြင့် လစ်ဗျားတပ်မတော် အင်
အားစုများ၏ စစ်ဦးစီးချုပ်အဖြစ် မိမိကိုယ်ကိုယ်
ကြေညာ၍ အစိုးရအဖွဲ့ကို ဖွဲ့စည်းသည်။ ထို့နောက်
နိုင်ငံခြားဘဏ်များနှင့် လောင်စာဆီ ကုမ္ပဏီများကို
နိုင်ငံပိုင်သိမ်းယူ၍ ဥရောပနိုင်ငံများ၏ စစ်အခြေစိုက်
စခန်းများကို ပိတ်သိမ်းရန်အတင်းအကြပ် တောင်းဆိုခဲ့
သည်။ ၁၉၇၀ ပြည့်နှစ်တွင် လစ်ဗျား၌ အခြေချနေထိုင်
နေသော အီတလီနှင့် ဂျူးလူမျိုးတို့၏ ပိုင်ဆိုင်သော
ပစ္စည်းများကို သိမ်းယူ၍၎င်းတို့ကို တိုင်းပြည်မှ မောင်း
ထုတ်ခဲ့သည်။ အာဏာရယူပြီးချိန်မှစ၍ ကဒါဖီသည်
ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ အပါအဝင်
ကြီးမားသော အကြမ်းဖက်အုပ်စုများကို ထောက်ပံ့ပေး
ခဲ့သည်ဟု သတ်မှတ်ခံရသည်။
ထို့ပြင် ဆိုဗီယက်ပြည်ထောင်စု၏ ထောက်ပံ့
မှုဖြင့် အီဂျစ်နိုင်ငံနှင့် မအောင်မြင်သောစစ်ပွဲကို ဆင်နွှဲ
ခဲ့သည်။ ထို့ပြင်ချက်သမ္မတနိုင်ငံ၏ မြောက်ပိုင်းကို
ထိန်းချုပ်နိုင်ရန် ချက်သမ္မတနိုင်ငံနှင့်၎င်း၏မဟာမိတ်ပြင်သစ်နိုင်ငံတို့ကို့တိုက်ခိုက်၍ ဘေးဒုက္ခများစွာကျ
ရောက်စေခဲ့သော စစ်ပွဲကိုလည်း ဆင်နွှဲခဲ့သည်။ ကဒါဖီ
သည် အမေရိကန်ပြည်ထောင်စုနှင့်လည်း ရန်စသည့်
သဘောဆောင်သည့် မတော်တဆမှုများဖြစ်ပွားစေခဲ့
သည်။ ထိုဖြစ်ရပ်များထဲတွင် ကဒါဖီအစိုးရ၏ သူလျှို
များက ၁၉၈၈ ခုနှစ်တွင် စကော့တလန်နိုင်ငံ
လော့ကာဘီမြို့ပေါ်မှနေ၍ ပန်အမ်ဖလိုက်လေယာဉ်ကို
ဗုံးခွဲခဲ့ရာ ခရီးသည် ၂၀၀ ကျော် သေဆုံးခဲ့သည့်ဖြစ်
ရပ်လည်း ပါဝင်သည်။ ထိုဖြစ်ရပ်ကြောင့် နှစ်နှစ်ဆယ်
ခန့် အပယ်ခံနိုင်ငံဘဝဖြင့် ရပ်တည်ခဲ့ရသည်။ ၁၉၈၆
ခုနှစ် ဧပြီလ ၁၅ ရက်တွင် အမေရိကန်က ထရီပိုလီရှိ
ကဒါဖီ၏ ဌာနချုပ်ကို ရုတ်တရက်ဗုံးခွဲ၍ စီးနင်း
တိုက်ခိုက်ခဲ့သည်။
ကဒါဖီအစိုးရသည် ၎င်းကို ဆန့်ကျင်သူများကို ထောင်သွင်းအကျဉ်းချခဲ့ပြီး အချို့ကို သေဒဏ်အထိ ချမှတ်ခဲ့သည်ဟုလည်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က တင်ပြခဲ့သည်။
၁၉၇၀ ပြည့်နှစ်တွင် ကဒါဖီသည်၎င်း၏နိုင်ငံရေးအတွေးအခေါ်များကို ဖော်ပြထားသော GreenBook စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လတွင် ကဒါဖီကိုသစ္စာခံသူများ၊ ကဒါဖီ၏စစ်တပ်များကတစ်ဖက်၊၎င်းကို ဆန့်ကျင်သူ လက်နက်ကိုင်သူပုန်များက တစ်ဖက်ကဒါဖီကို ဖယ်ရှားရန် ရည်ရွယ်သော အချိန် ၇ လကြာသည့်ကြီးမားသည့် ပြည်တွင်းစစ် ဖြစ်ပွားသည်။
ကဒါဖီသည် အောက်တိုဘာလ ၂၀ ရက်တွင် ၎င်း၏ ဇာတိဖြစ်သော ဆာ့တ်မြို့တွင်၎င်းကိုသစ္စာခံသူများနှင့် အတူထွက်ပြေးတိမ်းရှောင်စဉ် နေတိုးအဖွဲ့က လေကြောင်းမှ ကူညီပစ်ခတ်မှုများကို ရှောင်တိမ်းရင်း မြေပြင်မှ ကဒါဖီကို ဆန့်ကျင်တိုက်ခိုက်သည့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကိုခံရပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ဦးပစ်လိုက်သော သေနတ်
ဒဏ်ရာဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင်၎င်း၏ ဇနီးဆာဖီယာဖာ့စ် အက်ရှ်နှင့် မွေးဖွားသော သားသမီး ကိုးဦးကျန်ရစ်ပြီး သားအငယ်ဆုံးဖြစ်သူ ဆာအိအယ် အာရပ်မှာ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသည်။[၂]