မူဝါဒလမ်းစဉ်(၇)ရပ်

ဝီကီပီးဒီးယား မှ

မူဝါဒလမ်းစဉ်(၇)ရပ် ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းလမ်းစဉ်(၇)ရပ်မှာ -

  1. ၁၉၉၆ ခုနှစ်က စတင်၍ ယာယီအားဖြင့် ဆိုင်ငံ့ထားလျက်ရှိသော အမျိုးသားညီလာခံကို ပြန်လည်ကျင်းပခြင်း။
  2. အမျိုးသားညီလာခံကြီး အောင်မြင်စွာကျင်းပပြီးစီးသည့်အခါ စစ်မှန်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးအတွက် လိုအပ်သော ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်များကို တဆင့်ပြီးတဆင့် ဆက်လက်ဆောင်ရွက်ခြင်း။
  3. အမျိုးသားညီလာခံကြီးက ချမှတ်ပေးသော အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့်မှုများနှင့်အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ရေးဆွဲခြင်း။
  4. ဖြစ်ပေါ်လာသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကိုပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကျင်းပ၍အတည်ပြုခြင်း။
  5. ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ်တော်များဖွဲ့စည်းရေးအတွက် တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပခြင်း။
  6. ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်အစည်းအဝေးပွဲများ ကျင်းပခြင်း။
  7. လွှတ်တော်က ရွေးကောက်တင်မြှောက်သော နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်ကဖွဲ့စည်းပေးသော အစိုးရအဖွဲ့နှင့် အာဏာပိုင်အဖွဲ့အစည်းများဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ခြင်း။

တို့ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]