မာတိကာသို့ ခုန်သွားရန်

မူလနက္ခတ်

ဝီကီပီးဒီးယား မှ

မူလနက္ခတ်မှာ လေးလုံးရှိ၍ နဂါးအမြီးဟုခေါ်သည်။ တနည်း ၄ လုံး၊ ၇ လုံး ကင်းမြီးကောက်နှင့် တူ၏။ ထိုနက္ခတ်ကို နိရတိရက္ခိုသ် အစိုးရကြောင်းဆိုသည်။ ဤနက္ခတ်သည် ဆင်တာရာနှင့် ယှဉ်၍ သွား၏။[]

၁၉။ မူလာ= မူလနက္ခတ်

[ပြင်ဆင်ရန်]

ရာဇမတ္တဏ်ကျမ်းတွင် “ရက္ခသော နိရတိမူလာ” ဟူ၍ မူလနက္ခတ် ပရိယာယ် (၃) ပုဒ်ပါသည်။ အဘိဓာန်ဋီကာ၌မူ “ဧတ္ထ၊ ဤနက္ခတ်၌။ သုဘာသုဘဖလံ၊ ကောင်းကျိုး မကောင်းကျိုးသည်။ မူလတိ ပတိဋ္ဌာတိ၊ တည်တတ်၏။ ဣတိ၊ ထို့ကြောင့်။ မူလာ၊ မူလနက္ခတ်မည်၏” ဟူ၍ ပြဆိုပါသည်။

မူလာဟူသော မာဂဓဘာသာမှ အာသရအချကို သိမ်း၍ မူလနက္ခတ်ဟူ၍ မြန်မာမှုပြုထားသည့် ထိုနက္ခတ်ကို ဒိသာပါလ အနောက်တောင်အရပ်ကို အစိုးရသူ နိရတိရေစောင့်ရက္ခိုသ်က အစိုးရကြောင်း အမရကောသနှင့်ရာဇမတ္တဏ်ကျမ်းတို့တွင် ပြဆိုပါသည်။

ထိုနက္ခတ်၏ လုံးရေသင်္ချာ အဆင်းသဏ္ဌာန်ကို အချို့က အောက်ပါအတိုင်း ပြဆိုပါကြပါသည်။

  • -သေနင်္ဂဗျူဟာကျမ်း (၂) လုံး၊ သဏ္ဌာန်မပါ
  • -ပေါတ္တရသာဒိကျမ်း လုံးရေမပါ၊ ကြာရိုးသဏ္ဌာန်
  • -ဂြဟသျှန္တီကျမ်း (၉) လုံး၊ တိရစ္ဆာန် သဏ္ဌာန်
  • -လဃုသင်္ဂြဟကျမ်း (၁၁) လုံး၊ ခြင်္သေ့မြီး သဏ္ဌာန်
  • -အကာသသျှတ္တရကျမ်း (၄) လုံး၊ ကျောက်သား သဏ္ဌာန်
  • -သိင်္ဃဗောဓကျမ်း (၁၁) လုံး၊ သဏ္ဌာန်မပါ
  • -ကပ္ပဝဏ္ဏနာကျမ်း (၇) လုံး၊ ကင်းမြီးကောက် သဏ္ဌာန်
  • -ရွှေမင်ရေးပုရပိုက်ဖြူ (၄) လုံး၊ ကြောင်ရုပ် သဏ္ဌာန်
  • -နက္ခတ်လင်္ကာ လုံးရေမပါ၊ နဂါးအမြီး သဏ္ဌာန်[]

ကိုးကား

[ပြင်ဆင်ရန်]
  1. http://martikar.pikay.org/2012/10/blog-post_5851.html
  2. နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)