မူလဇာတာ

ဝီကီပီးဒီးယား မှ

မူလဇာတာဆိုသည်မှာ လူတစ်ဦးမွေးဖွားလာသည့်အချိန်တွင် ကောင်းကင်တွင်တည်ရှိသော ဂြိုဟ်တို့၏ အနေအထားကို နေရာချထားသော ဇယားကွက်ကိုဆိုလိုပါသည်။ ဤသို့ နေရာချထားပေးသော ဇယားကွက် တစ်ခု ပြုလုပ်ရန် အတွက်ပညာတတ်မြောက်ရန်လိုသည်ဆိုသော်လည်း အသင့်တွက်ချက်ပြီးသော ဂြိုဟ်သွားပြက္ခဒိန်ကို သုံး၍ဖြစ်စေ၊ ကွန်ပျူတာကိုသုံး၍ ဖြစ်စေ ရရှိနိုင်ပါသည်။ မူလဇာတာတွင် အောက်ပါတို့ကို သိရှိရန် လိုအပ်ပါသည်-

(က) ရာသီအကြောင်း

(ခ) ဂြုဟ်အကြောင်း

(ဂ) ဘာဝအကြောင်း

(ဃ) ဂြိုဟ်နှင့် ဘာဝ ဆက်သွယ်မှု

(င) ဂြိုဟ်များဆက်သွယ်မှု တို့ဖြစ်သည်။