မုပွန်စေတီတော်

ဝီကီပီးဒီးယား မှ

မုပွန်စေတီတော် သည် မော်လမြိုင်မြို့၏ တောင်ဘက်စွန်းတွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၂၃၆ ခုနှစ်တွင် မုပွန်အရပ်တွင် နေသူတို့သည် သွားဓာတ်တော်တစ်ဆူကို ပူဇော်ခွင့် ရခဲ့ကြသည်။ ရပ်ရွာလူကြီးများ တိုင်ပင်ကာ သွားတော်ကို ဌာပနာကာ မြစ်ကမ်းနဖူးတွင် စေတီတော်တစ်ဆူ တည်ခဲ့ကြသည်။ မြတ်စွာဘုရား၏ ရုပ်ပွားတော်ကိုလည်း ဌာပနာ ခဲ့ကြသည်။[၁]

အမည်[ပြင်ဆင်ရန်]

စေတီတော်ရှိရာသည် အငူလေးခု အစွန်းပေါ်တွင် တည်ရှိသဖြင့် အစွန်းလေးခုဘုရားဟူ၍ မွန်ဘာသာဖြင့် "ကျိုက်မူးပွန်" ဟု ခေါ်ခဲ့သည်။ ထိုဒေသကိုလည်း မုပွန်ရပ်ဟု ခေါ်ခဲ့ကြသည်။[၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

မူလစေတီတော်သည် ပြိုပျက်၍ ကမ်းနား ကျောက်စွန်းတွင် စေတီငုတ်တိုသာ ကျန်ခဲ့၏။ ထို့ကြောင့် စေတီတော်ကို ကုန်းတွင်းသို့ ရွှေ့ခဲ့ရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၆၄။