မုန်လာဥနှင့် ခါးဥဖြူ
မုန်လာဥ၊ သို့မဟုတ် မုန်လာဥဖြူဟု ခေါ်သည့် မုန်လာမျိုးသည် မြန်မာနိုင်ငံတွင် အစိုက်များ၍ ဈေး၌ အမြောက်အမြားရောင်းချလေ့ရှိသော သာမန် မုန်လာဥမျိုးပင် ဖြစ်သည်။ မုန်လာဥသည် ဂေါ်ဘီထုပ်၊ ပန်းမုန်လာ၊ မုန်ညင်း၊ ခါးဥဖြူ စသည်တို့နှင့်အတူ ကရူစီဖာရီး မျိုးရင်းတွင် ပါဝင်၍ ယင်း၏ ရုက္ခဗေဒ အမည်မှာ ရက်ဖာနပ် စတီဗပ် ဖြစ်သည်။ စပ်ရှားရှား အရသာရှိသဖြင့် မုန်ညင်းနှင့်ပို၍ နီးစပ်သည့်အပင်ဟု ဆိုပေမည် ။ မုန်လာဥကို တရုတ်နိုင်ငံ၌ ခရစ်မပေါ်မီ နှစ်ပေါင်းအတော်ကြာကပင် စိုက်ပျိုးခဲ့ကြသည်။ အာရှတိုက်၌ အစိုက်များသောမုန်လာဥမျိုး ကို တရုတ်မုန်လာဥဟု ခေါ်သည်။ မုန်လာဥပင်သည် တစ်နှစ်ခံပင်ဖြစ်၍ မုန်ညင်းရွက်ကဲ့သို့သော အရွက်များနှင့် ဖူးပွနေသည့် အမြစ်များရှိသည်။ ထိုအမြစ်ကိုပင် ဥဟုခေါ်ကြသည်။ လူတို့ အဓိကထား၍ စားသောအပိုင်းသည် ထိုအမြစ်ဟုခေါ်သည့်အမြစ်များရှိသည်။ ဥများကိုသာမက အရွက်နှင့် အဖူးများကိုလည်း ချက်ပြုတ်စားကြသည်။ မုန်လာဥများသည် ပုံသဏ္ဌာန်၊ အရွယ်၊ အရောင်အားဖြင့် အမျိုးမျိုးရှိကြသော်လည်း အရသာနှင့် အနေ အထားမှာ အတူတူပင် ဖြစ်ကြသည်။ စိုက်ပျိုးရလည်း အလွန်လွယ်သည်။
ဤမုန်လာမျိုးကို အနောက်နိုင်ငံ၌ နွေကူးရာသီ အစလောက် ကတည်းက စ၍ စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် ဤမုန်
လာမျိုကို အစေ့စိုက်ပြီးနောက် တစ်လကျော်ကျော်ခန့် ကြာလျှင် ဥများကို စားနိုင်လေသည် ထိုကြောင့် ခြံဥယျာဉ်များအတွင်းမြေပို
ရှိပါက ၁ဝ ရက် တစ်ကြိမ် ၁၅ ရက် တစ်ကြိမ် စိုက်ခြင်းဖြင့် လိုသလောက် ရရှိနိုင်လေသည်။
ခါးဥဖြူသည် မုန်လာဥကဲ့သို့ပင် ဂေါ်ဘီထုပ်၊ ပန်းမုန်လာ၊ မုန်ညင်းတို့နှင့်အတူ ကရူစီဖာရီး မျိုးရင်းတွင် ပါဝင်သော်လည်း
ယင်း၏ ရုက္ခဗေဒအမည်မှာ ဗရပ်စီက ကွန်ပက်စထရစ် ဖြစ်သည်။
ခါးဥဖြူကို မုန်လာဥဝိုင်းဟုလည်းခေါ်သည်။
ခါးဥဖြူသည် အေးသော ရာသီဥတုရှိသည့် အရပ်များတွင် ကောင်းစွာ ဖြစ်ထွန်းသည်ဖြစ်ရာ အလွန် ထွားကျိုင်းသော ခါးဥ
အသားဝါမျိုးကို မြောက်ဘက် အအေးပိုင်းဒေသများကို စိုက်ပျိုးကြသည် အဖြူရောင် အသေးစား ခါးဥများကို သာမန် ခြံဥယျာဉ်များ
၌စိုက်ပျိုးကြသည်။ ခါးဥဖြူဥသည် မုန်လာဥကဲ့သို့ ရှည်မျောမျော မဟုတ်ဘဲ တုတ်၍ ဝိုင်းသည်။ စင်စစ်အားဖြင့် ခါးဥဖြူသည်
ဂေါ်ဘီထုပ် မျိုးပျက်ဖြစ်သည်။ ခါးဥဖြူဥကို လူတို့ စားသုံးကြ၍ ယင်း၏ အရွက်နုများကိုလည်း ဟင်းရွက်အဖြစ် စားသုံးနိုင်သည်။
ခါးဥဖြူသည် အလွန် စိုက်ပျိုးရလွယ်သော အပင်မျိုးဖြစ်သဖြင့်
ခြံဥယျာဉ်များ၌ ဟိုက်ပျိုးရန် သင့်လျော်သည်။ အစေ့များကို အတန်းလိုက် ပါးပါးချပေးရသည်။ ထိုမျိုးစေ့များပေါ်တွင် မြေဩဇာမှုန့်
များကို ခပ်ပါးပါး ဖုံးအုပ်ပေးပြီးနောက် ရေမှန်မှန် လောင်းသွားလျှင် တညီတညာတည်း သန်စွမ်းလာကြသည်။ အစေ့ စိုက်ပြီး
နောက် ၂လခန့် အကြာတွင် ဥများကို စားနိုင်လေသည်။ အရောင်အဆင်း အရွယ်အစားနှင့် ပုံသဏ္ဌာန်ကို လိုက်၍ ခါးဥပင်မျိုးပေါင်း
များစွာရှိသည်။ ခါးဥဖြူ အချို့ နိုကိုဟု ခေါ်သည်။
ခါးဥဖြူရွက်များသည် ဗီတာမင် ၊ အေ၊ ဘီ၊ စီဓာတ်များဖြင့် အလွန် ကြွယ်ဝရကား ဟင်းရွက်အဖြစ် စားသုံးရန်အကောင်းဆုံး ဖြစ်သည်။ ဥများကား အာဟာရဓာတ်တန်ဖိုး များစွာ မရှိလှချေ။ ခါးဥဖြူပင်များကို ခါးဥဖြူပိုး ကလေးများက အလွန်ဖျက်ဆီးတတ်ကြသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)