မုတိရစ်ဝိကန်
ပုံပန်းသွင်ပြင်
| မုတိရစ်ဝိကန် Lake Mutirikwi | |
|---|---|
Lake Mutirikwi | |
Zimbabweတွင်းရှိ မုတိရစ်ဝိကန် Lake Mutirikwi၏ တည်နေရာ | |
| တည်နေရာ | Masvingo |
| ကိုဩဒိနိတ် | 20°14′56.12″S 31°01′59.74″E / 20.2489222°S 31.0332611°Eကိုဩဒိနိတ်: 20°14′56.12″S 31°01′59.74″E / 20.2489222°S 31.0332611°E |
| စတင် ဆောက်လုပ်ခြင်း | 1958-1960 |
| အမြင့် | 63 metres |
| မြစ်/ချောင်း | Mutirikwi River |
| Double-curvature concrete arch Spillway: Overflow crest with 1m gates Discharge capacity 1740 m³/s | |
မုတိရစ်ဝိကန် (ယခင်က Kyle ကန် သို့မဟုတ် Kyle ဆည် ဟု သိကြ) သည် ဇင်ဘာဘွေနိုင်ငံအရှေ့တောင်ပိုင်းတွင် တည်ရှိသည့် ကန်တစ်ခု ဖြစ်သည်။ မက်ဗင်ဂိုမြို့၏ အရှေ့တောင်ဘက်တွင် ဖြစ်သည်။ ဤကန်၏ အမည်မှာ Kyle ကန် ဟု တွင်ရခြင်းသည် ကန်ပတ်ဝန်းကျင်တွင် တည်ရှိသည့် Kyle လယ်ကွင်းများကြောင့် ဖြစ်သည်။ ကန်သည် ဧရိယာ ၉၀ စတုရန်းကီလိုမီတာ (၃၅ စတုရန်းမိုင်) ရှိသည်။ ၎င်းသည် ၁၉၆၀ တွင် မုတိရစ်ဝိမြစ်ပေါ်တွင် Kyle ဆည်ကို တည်ဆောက်ရာမှ စတင်ဖြစ်ပေါ်လာသည်။ ဤဆည်မှ ရေများကို lowveld ဒေသမှ အနောက်တောင်ဘက်ဒေသနှင့် တြိဂံမြို့ ပတ်ဝန်းကျင်နေရာများအား စိုက်ပျိုးမြေများအတွက် ရေထောက်ပံ့ပေးမည် ဖြစ်သည်။ ထိုဒေသများတွင် အဓိကစိုက်ပျိုးပင်မှာ ကြံပင် ဖြစ်သည်။[၁]
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Lake Kyle Recreational Park 6 March 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
ကိုးကား
[ပြင်ဆင်ရန်]- ↑ Mutirikwi Dam။ Zimbabwe National Water Authority။ 22 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-01-13 တွင် ပြန်စစ်ပြီး။