မာတိကာသို့ ခုန်သွားရန်

မုခ်ဝ ဆွေးနွေးချက်:သင်္ချာ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
အကြောင်းအရာအသစ် ထပ်ထည့်ရန်
ဝီကီပီးဒီးယား မှ

သင်္ချာဝေါဟာရနှင့် အမည်များ

[ပြင်ဆင်ရန်]

ဘာသာပြန်ပြီး အသံဖလှယ်ပြီး ဝေါဟာရများပါ။ အသစ်မပြန်ခင်ရှာကြည့်ပြီး ကိုးကားဖို့၊ ပြင်ဆင်ဖို့ပါ။ ပြင်ဆင်ဆွေးနွေးချက်များကို အထူးမျှော်လင့် ကြိုဆိုပါတယ်ခင်ဗျာ။ မင်းသန့် (talk) ၀၅:၅၀၊ ၂၈ ဒီ​ဇင်​ဘာ​ ၂၀၁၄ (UTC)

အမှတ် အင်္ဂလိပ်အမည် အနက်တူ ၁ အနက်တူ ၂ Part of Speech ဝါစင်္ဂ မြန်မာအမည် အခြားမြန်မာအမည် ၁ အခြားမြန်မာအမည် ၂ မှတ်ချက်
1mathematicsmathmathsnounနာမ်သင်္ချာ
2mathematiciannounနာမ်သင်္ချာပညာရှင်သင်္ချာသမား
3mathematicaladjectiveနာမဝိသေသနသင်္ချာဆိုင်ရာ
4mathematical philosophyသင်္ချာဆိုင်ရာအတွေးအခေါ်သင်္ချာအတွေးအခေါ်
5mathematical symbolသင်္ချာသင်္ကေတ
6mathematical notationသင်္ချာအသုံးအနှုန်း
7mathematics eduationသင်္ချာပညာရေးNote that in English, it's "math education", not mathematical education, so it should be "သင်္ချာပညာရေး", not "သင်္ချာဆိုင်ရာ ပညာရေး"
8areas of mathematicsသင်္ချာပညာရပ်နယ်ပယ်များ
9fundamentalnounနာမ်အခြေခံအုတ်မြစ်
10fundamentaladjectiveနာမဝိသေသနအခြေခံကျသော
11mathematical logicသင်္ချာယုတ္တိဗေဒ
12proofnounနာမ်သက်သေပြချက်
13Gödelnoun (proper)နာမ် (ပုဂ္ဂလ)ဂူဒယ်Original German pronunciation is taken instead of a more commonplace American pronunciation. See Forvo
14incompleteness theoremမပြည့်စုံခြင်းသီအိုရမ်
15model theoryမိုဒယ်သီအိုရီmodel ဆိုတဲ့စကားက သင်္ချာ logic မှာ တိကျတဲ့ အဓိပ္ပာယ်ရှိတယ်။ အဲဒီဘာသာရပ်မှာ သေချာတတ်ကျွမ်းသူ၊ မြန်မာစာနှံ့စပ်သူများရှိပါ မြန်မာပြန်ရန် ကြိုးစားကြည့်ပါ။ သို့သော် ဘာသာပြန်ရလဒ်က ကွင်းကွက်တိုတောင်း မဖြစ်ရင် ဒီအတိုင်း အသံထွက်ကိုလိုက်ပြီးရေးတာက ပိုသင့်တော်မယ်။
16recursionnounနာမ်ထပ်ကာကျော့ခြင်းထပ်ပြန်ကျော့ခြင်း
17recursion theoryထပ်ကာကျော့သီအိုရီထပ်ပြန်ကျော့သီအိရီ
18setnounနာမ်အစု
19groupnounနာမ်အုပ်စုအစုမှာ structure သိပ်မရှိ။ Naive set theory အရဆိုလျှင် collection of objects ပဲ။ group မှာ structure ရှိတယ်။ ဒါကြောင့် "အုပ်" ပါတာ group ဖြစ်သင့်တယ်။
20ringnounနာမ်ကွင်းကွင်းက အုပ်စုထက်ပိုပြီး တည်ဆောက်ပုံရှိသွားပြီ။
21axiomnounနာမ်အက်ဆီယမ်မူလဘူတသစ္စာအခြေခံယူဆချက်အက်ဆီယမ်ကို မူလဘူတသစ္စာ၊ အခြေခံယူဆချက် စသည်ဖြင့် ပြန်မယ်ဆို ပြန်လို့ရပေမယ့် ရှည်တယ်။ ဒါကြောင့် အက်ဆီယမ်ကပဲ သင့်တော်မယ်ထင်လို့ ဒီအတိုင်းပဲ ထားထားပါတယ်။
22naive set theoryရိုးရိုးအစုသီအိုရီ
23theorynounနာမ်သီအိုရီသီအိုရီကို နိယာမတို့ ဘာတို့ ပြန်ချင် ပြန်နိုင်ပေမယ့် သီအိုရီဆိုတဲ့စကား မြန်မာစကားမှာ အတော်တွင်ကျယ်ပြီး ဖြစ်တယ်လို့ ယူဆလို့ ဒီလိုပဲ ပြန်လိုက်ပါတယ်။
24axiomaticadjectiveနာမဝိသေသနအက်ဆီယမ်ကျကျ
25categorynounနာမ်ကတ်တဂိုရီသာမန်အင်္ဂလိပ်စကား category ကို အမျိုးအစားလို့ မြန်မာဝီကီမှာသုံးပေမယ့် သင်္ချာက category က တည်ဆောက်ပုံ structure တွေပါတယ်၊ ပြီးတော့ class နဲ့ရှုပ်ထွေးနိုင်တယ်။ class နဲ့ category နဲ့ သင်္ချာမှာမတူပါ။ ဒါကြောင့် category ကို အသံထွက်အတိုင်းပဲ ရေးထားပါတယ်။
26toposnounနာမ်တိုပိုtopos ဆိုတဲ့စကားက သင်္ချာမှာ တိကျတဲ့ အဓိပ္ပာယ်ရှိတယ်။ အဲဒီဘာသာရပ်မှာ သေချာတတ်ကျွမ်းသူ၊ မြန်မာစာနှံ့စပ်သူများရှိပါက မြန်မာပြန်ရန် ကြိုးစားကြည့်ပါ။ သို့သော် ဘာသာပြန်ရလဒ်က ကွင်းကွက်တိုတောင်း မဖြစ်ရင် ဒီအတိုင်း အသံထွက်ကိုလိုက်ပြီးရေးတာက ပိုသင့်တော်မယ်။
27numbernounနာမ်ကိန်း
28numeralnounနာမ်နံပါတ်ဂဏန်း
29algebranounနာမ်အက္ခရာသင်္ချာ
30abstract algebramodern algebraခေတ်သစ်အက္ခရာသင်္ချာအက္ခရာသင်္ချာသစ်abstract algebra ဆိုတဲ့ အင်္ဂလိပ်အသုံးက modern algebra ဆိုတဲ့ အင်္ဂလိပ်အသုံးထက် ပိုပြီး တွင်ကျယ်တိကျတယ်၊ ဒါပေမယ့် abstract ကို မြန်မာပြန်ရတာ သိပ်အဆင်မချောလို့ modern ကိုပဲ ပြန်ထားတယ်။ You are all welcome to take a crack at it.
31commutativeadjectiveနာမဝိသေသနပတ်လည်ညီcommutative ဆိုတာ ရှေ့နောက်၊ ဘယ်ညာ order စီစဉ်ပုံ နှစ်မျိုးလုံး တူညီတာကို ပြောတာ၊ ရှေ့နောက်ဘယ်ညာညီ လို့ပြန်ရမှာ ရှည်တာရယ်၊ နောက်ပြီး ပုံတွေမှာ commutative diagram တွေမှာ polygon တစ်ခု commutative ဖြစ်တယ်ဆိုတာ မြန်မာလိုဆိုရင် အဲဒီ ပုံကို ဘယ်လိုပတ်ပတ်ညီတာကို ပြောတာမို့ "ပတ်လည်ညီ"လိုက်တယ်။ ပိုကောင်းမယ်ထင်တာရှိရင် ပြင်လိုက်ပါ။ ဘက်ညီကို symmetric အတွက်သုံးမှာမို့ ဘက်ညီကို ဒီမှာ မသုံးလိုက်ပါ။
32symmetricadjectiveနာမဝိသေသနဘက်ညီ
33geometrynounနာမ်ဂျီဩမေတြီမြန်မာစကားမှာတွင်ကျယ်ပြီး
34number theorynounနာမ်ကိန်းသီအိုရီ
35analysisnounနာမ်ခွဲခြမ်းစိတ်ဖြာသင်္ချာ
36analyticadjectiveနာမဝိသေသနခွဲခြမ်းစိတ်ဖြာသင်္ချာနည်းကျ
37arithmeticnounနာမ်ဂဏန်းသင်္ချာ
38arithmeticadjectiveနာမဝိသေသနဂဏန်းသင်္ချာနည်းကျ
39natural numberသဘာဝကိန်း
40prime numberသုဒ္ဓကိန်း
41integernounနာမ်ကိန်းပြည့်
42rational numberရာရှင်နယ်ကိန်းအပိုင်းကိန်းဒီနေရာမှာ အပိုင်းကိန်းကို သုံးရတာသိပ်သဘောမကျပါ။ အပိုင်းကိန်းဆိုတာ fraction ပဲ။ rational number တွေဟာ fraction တွေပဲလို့ ဆိုပေမယ့် fraction သဘောကကျယ်ပြန့်တယ်၊ rational ကတိကျတယ်။ ပြီးတော့ irrational ကလာဦးမှာဆိုတော့ ရာရှင်နယ်မဟုတ်သော ဆိုရင်ရှည်ဦးမယ်။ အဲဒီတော့ ရာရှင်နယ်/အီရာရှင်နယ်ပဲ ကောင်းမယ်ထင်တယ်။
43irrational numberအီရာရှင်နယ်ကိန်း
44complex numberကိန်းရှုပ်ကွန်ပလက်စ်ကိန်းကိန်းရောလို့ပြန်ချင်ပေမယ့်၊ ကိန်းရောက မြန်မာလို fraction နဲ့ပတ်သက်ပြီးရှိပြီးမို့။ ကွန်လက်စ်ကိန်းဆိုတာ သိပ်သဘောမကျပါ။ ရှည်ပြီး စ သတ် ပါမပါ အငြင်းပွားစရာရှိပါတယ်။
45algebraic numberကိန်းရင်းဒီနေရာမှာ အင်္ဂလိပ်ဘာသာကနေ တိုက်ရိုက်မပြန်တာ သတိထားမိမယ်ထင်ပါတယ်။ အနက်က ပိုလီနိုမီရယ် ကိန်းရင်း (root) အနေနဲ့ရေးရတဲ့ ကိန်းမို့ ကိန်းရင်းပေ့ါ။
46polynomialnounနာမ်ပိုလီနိုမီရယ်
47transcendental numberကိန်းလွန်transcendental က ကိန်းရင်းမဟုတ်တာ ဆိုတော့ ကိန်းလွန်ပေ့ါ။
48discreteadjectiveနာမဝိသေသနပိုင်းစသီးခြားအသံထွက်အတိုင်းရေးဖို့ စိတ်ကူးပေမယ့် discreet နဲ့ရောမှာစိုးလို့ မြန်မာလိုရအောင်ဘာသာပြန်လိုက်တယ်။
49combinatoricsnounနာမ်ကွန်ဘိုင်နတိုးရစ်ရေတွက်ခြင်းဗေဒလို့ပြန်ချင်ပေမယ့် ရေတွက်တယ်ဆိုတာ combinatorics ရဲ့တစ်စိတ်တစ်ပိုင်းပဲမို့ အသံထွက်အတိုင်းပဲ ရေးလိုက်တယ်။
50codenounနာမ်ကုတ်ကုဒ်
51codingnounနာမ်ကုတ်ဒင်းကုတ်ရေးခြင်းမပြန်သင့်လို့ထင်ပါတယ်။ coding theory က coding က ပိုကျယ်ပြန့်သလားလို့။
52coding theoryကုတ်ဒင်းသီအိုရီ
53combinatorialadjectiveနာမဝိသေသနကွန်ဘိုင်နတိုးရစ်ကွန်ဘိုင်နတိုးရစ်ဆိုင်ရာကွန်ဘိုင်နတိုးရစ်ကျကျ
54enumerative combinatoricsရေတွက်ခြင်းဆိုင်ရာ ကွန်ဘိုင်နတိုးရစ်
55optimizationnounနာမ်(ဘောင်တွင်း)အကောင်းဆုံးအဖြေရှာခြင်း(ဘောင်တွင်း)ကို ဖြုတ်လိုက ဖြုတ်နိုင်တယ်လို့ အကြံပြုပါတယ်။ အများအားဖြင့် optimization တွေဟာ constrained optimization တွေဖြစ်ပေမယ့် unconstrained optimization ကို ဘောင်မဲ့ အကောင်းဆုံးအဖြေရှာခြင်းလို့ ပေးမလားလို့။
56graphnounနာမ်ဂရပ်graph theory က graph ဟာ ပုံ၊ ဇယား စတာနဲ့ မပြည့်စုံပါ။ ဂရပ်ဆိုတာ အတိုဆုံးပါပဲ။
57order theoryအဆင့်သီအိုရီကြီစဉ်ငယ်လိုက်သီအိုရီ ဆိုရင် နည်းနည်း ရှုပ်ပြီး တစ်မျိုးဖြစ်မယ်၊ ပြီးတော့ ကြီးစဉ်ငယ်လိုက်ဆိုတာ ကြီးတာက ငယ်တာကိုသွားတာ၊ ငယ်စဉ်ကြီးလိုက် order တွေကျ ဘယ်လိုလုပ်မလဲ။ ဒီ order တွေဟာ အမှန်တော့ အဆင့်စီတာပဲဆိုပြီး order အဆင့်လို့ ပြန်လိုက်တယ်။
58latticenounနာမ်ဇကာကွက်a lattice often looks like a real ဇကာကွက်
59calculusnounနာမ်ကဲကုလပ်It's too specific and "weird" to Burmese ears to be translated. So, let's just use "ကဲကုလပ်".
60vectornounနာမ်ဗက်တာvector ကို မြား လို့ဆိုရင် ကျဉ်းတယ်၊ မှားတယ်ထင်လို့ ဗက်တာလို့ပဲ ပြန်လိုက်တယ်။
61approximation theoryနီးစပ်ခန့်မှန်းသီအိုရီ"နီးစပ်" ပါအောင်ထည့်ဖို့ အဆိုပြုပါတယ်။ "ခန့်မှန်း" သက်သက်ဆိုရင် predict ဖြစ်သွားမှာစိုးလို့။
62functionnounနာမ်ဖန်ရှင်It's again too specific and "weird" to Burmese ears to be translated.
63potentialnounနာမ်ပိုတင်ရှယ်It's again too specific and "weird" to Burmese ears to be translated.
64harmonicadjectiveနာမဝိသေသနာဟာမောနစ်ဟာမောနစ်က အသံထွက်မှန်နဲ့ ပိုနီးစပ်တယ်ထင်ပါတယ်။ ဟာမိုနီက တွင်ကျယ်ပြီးဖြစ်ပေမယ့် ဒါက ဟာမောနစ် ဖြစ်တဲ့အတွက် မတူပါ။
65Fouriernoun (proper)နာမ် (ပုဂ္ဂလ)ဖိုးရီးယား
66Haarnoun (proper)နာမ် (ပုဂ္ဂလ)ဟား
67operatornounနာမ်အော်ပရေတာတွက်ချက်မှုဆိုတာက ကျဉ်းလွန်းတယ်။ ဒါကြောင့် အော်ပရေတာ။ မြန်မာစာမှာ နည်းနည်းလည်း တွင်ကျယ်ပြီးလို့ ယူဆတယ်။
68linear algebraမျဉ်းညီချိုးကျအက္ခရာသင်္ချာလီနီယာအက္ခရာသင်္ချာPlease discuss which is better.
69universaladjectiveနာမဝိသေသနယူနီဗာဆယ်It's again too specific and "weird" to Burmese ears to be translated.
70Euclidnoun (proper)နာမ် (ပုဂ္ဂလ)ယူကလစ်
71trigonometrynounနာမ်တြီဂိုနိုမေတြီIt's again too specific and "weird" to Burmese ears to be translated.
72Non-Euclidean geometryယူကလစ်လွန်ဂျီဩမေတြီယူကလစ်မဟုတ်သော ဂျီဩမေတြီ
73Affine geometryအက်ဖိုင်းဂျီဩမေတြီIt's too specific and weird to Burmese ears to be translated.
74Projective geometryပရိုဂျက်တစ်ဂျီဩမေတြီIt's too specific and weird to Burmese ears to be translated.
75convexadjectiveနာမဝိသေသနခုံးထွက်
76concaveadjectiveနာမဝိသေသနခုံးခွက်
77convex geometryခုံးထွက်ဂျီဩမေတြီ
78differentialnounနာမ်ဒစ်ဖရန်ရှယ်ကဲကုလပ်မှ ကဲ့သို့သော နာမ်အနေဖြင့်သုံးသည့် differential ကို ဆိုလိုခြင်းဖြစ်သည်။
79differential geometryဒစ်ဖရန်ရှယ်ဂျီဩမေတြီIt's too specific and weird to Burmese ears to be translated.
80Riemannnoun (proper)နာမ် (ပုဂ္ဂလ)ရီမန်
81Riemannian geometryရီမန်ဂျီဩမေတြီ
82Lie, Marius Sophusnoun (proper)နာမ် (ပုဂ္ဂလ)လီး၊ မားရီးရပ် ဆိုးဖတ်အသံထွက်အတွက် Forvo ကိုကြည့်ပါ။
83Lie groupလီးအုပ်စု“လိုင်း” မဟုတ်ပါ၊ နော်ဝေလူမျိုး သင်္ချာပညာရှင်တစ်ဦးရဲ့ နာမည် “လီး” ကို အစွဲပြုမှည့်ခေါ်သောကြောင့်ပါ။ သင်္ချာသုံး အင်္ဂလိပ်ဝေါဟာရတွေမှာလည်း ဒီလို unfortunate and unintentional double entendre တွေရှိပါတယ်။ မတတ်နိုင်ပါ။
84topologynounနာမ်တိုပေါ်လော်ဂျီIt's too specific and "weird to Burmese ears" to be translated.
85general topologyအထွေထွေတိုပေါ်လော်ဂျီ
86algebraic topologyအက္ခရာသင်္ချာနည်းကျ တိုပေါ်လော်ဂျီ
87geometric topologyဂျီဩမေတြီနည်းကျ တိုပေါ်လော်ဂျီ
88differential topologyဒစ်ဖရန်ရှယ်တိုပေါ်လော်ဂျီ
89applied mathematicsအသုံးချသင်္ချာ“အသုံးကျ” သင်္ချာဟု ဘာသာမပြန်ရန်၊ မရေးရန် အဆိုပြုပါသည်။ applied ကို အသုံးကျ ဟု ဆိုပါက applied မဟုတ်သော pure mathematics မှာ အသုံးမကျသော သင်္ချာဖြစ်သွားလိမ့်မည်။ အသုံးချ သင်္ချာက အသုံးချဖို့ ဦးစွာစဉ်းပြီး၊ အသုံးချရေးကို အမြဲခေါင်းထဲထည့်ကာ လုပ်သည့် သင်္ချာဖြစ်သည်။
90pure mathematicsသင်္ချာသန့်သန့်
91mathematical modelingသင်္ချာမော်ဒယ်တည်ဆောက်ခြင်း“မော်ဒယ်” မှာ မြန်မာစာ၌တွင်ကျယ်ပြီး
92mathematical physicsသင်္ချာကဲရူပဗေဒသင်္ချာသုံး၊ သင်္ချာဆိုင်ရာ စသည်ဖြင့် ဘာသာပြန်ဖို့ စဉ်းစားမိသော်လည်း၊ သင်္ချာကဲ (သင်္ချာနည်းများ ပိုကဲ၍ သုံးသော၊ ပါသော) ဆိုတဲ့ အဓိပ္ပာယ်နဲ့ သင်္ချာကဲရူပဗေဒလို့ ဘာသာပြန်လိုက်တယ်။ သင်္ချာသုံး ရူပဗေဒဆိုရင် အခြားရူပဗေဒနယ်ပယ်တွေက သင်္ချာမသုံးသလိုဖြစ်မယ်၊ အဲဒီလိုမှ မဟုတ်ဘဲ။ သင်္ချာဆိုင်ရာ ဆိုရင်သိပ်မဆိုးပေမယ့် အခြားရူပဗေဒနယ်ပယ်တွေက သင်္ချာနဲ့မဆိုင်သလိုများ အဓိပ္ပာယ်သက်ရောက်နေမလားလို့ပါ။
93differential equationဒစ်ဖရန်ရှယ်ညီမျှခြင်းsee differential for the same remark
94partial differentialပါရှယ်ဒစ်ဖရန်ရှယ်တစ်စိတ်တစ်ပိုင်း ဒစ်ဖရန်ရှယ်တစ်စိတ်တစ်ပိုင်း ဒစ်ဖရန်ရှယ်ဆိုတာက ရှည်တာရယ်၊ အနက်ကို မမိတာရယ်ကြောင့် ပါရှယ်လို့ပဲ အသံဖလှယ်လိုက်ပါတယ်။
95ordinary differential equationရိုးရိုးဒစ်ဖရန်ရှယ် ညီမျှခြင်း
96integral equationအင်တီဂရယ်ညီမျှခြင်း
97dynamical systemsပြောင်းလဲလှုပ်ရှားစနစ်များ
98control theoryထိန်းချုပ်မှုသီအိုရီ
99calculus of variationsပြောင်းလဲမှုကဲကုလပ်
100theoreticaladjectiveနာမဝိသေသနသဘောတရားရေးရာသဘောတရားဆန်ဆန်သဘောတရားကဲ
101computer scienceကွန်ပျူတာသိပ္ပံ
102computability theoryတွက်ချက်နိုင်စွမ်း သီအိုရီထပ်ပြန်ကျော့သီအိုရီ နှင့် အတူတူ
103complexity theoryရှုပ်ထွေးမှုအဆင့်သီအိုရီ
104cryptographynounနာမ်ဝှက်စာဗေဒ
105statisticsnounနာမ်စာရင်းအင်းဗေဒရန်ကုန်စီးပွားရေးတက္ကသိုလ်က Department of Statistics ကို စာရင်းအင်းဌာနလို့ ခေါ်ပါတယ်တဲ့။ အဲဒီလို တရားဝင်ဘာသာပြန်ထားပြီးသား ရှိတော့လည်း ရှိပြီးသားပဲ ယူသုံးလိုက်ပါတယ်။ Accounting (စာရင်းကိုင်ပညာ) နဲ့ statistics နဲ့ ဘာမှမဆိုင်ပါ၊ ဒါပေမယ့် မြန်မာလိုကတော့ နီးစပ်နေပါ၊ မတတ်နိုင်ပါ။ ဗေဒဆိုတာလေး ထည့်လိုက်တော့ နည်းနည်းတော့ ခံ့ညားသွားတာပေ့ါ။
106stochastic processrandom processကျပန်းဖြစ်စဉ်အမှန်က stochastic process ဆိုတာပိုမှန်တယ်၊ ဒီ process တွေက ကျပန်းသက်သက် မဟုတ်ပါ။ ဒါပေမယ့် အင်္ဂလိပ်လိုမှာကိုက တစ်ခါတစ်ရံ random process လို့ခေါ်တော့လည်း ကျပန်းဖြစ်စဉ်လို့ပဲ ပြန်လိုက်ပါတယ်။ ပိုကောင်းတဲ့အမည်ရှိရင် အကြံပေးပါ။
107mathematical economicsသင်္ချာဘောဂဗေဒ
108game theoryဂိမ်းသီအိုရီဒီစာလုံးက မြန်မာစာမှာ တွင်ကျယ်ပြီး
109mathematical financesသင်္ချာသုံးဘဏ္ဍာရေး
110localizationပိုင်းခြေဖန်တီးခြင်းဒီဘာသာပြန်က မူရင်းစာလုံးရဲ့ ဂျီဩမေတြီ သဘောထက် အက္ခရာ သင်္ချာ သဘောကိုပဲ ပိုမိပါတယ်။ ဒါပေမယ့် နေ့စဉ်အသုံးမှာ ဂျီဩမေတြီမှာ သုံးရင်တောင်မှ အက္ခရာသင်္ချာကို အားကိုးပြီး ပိုင်းခြေဖန်တီးတာပဲဆိုတော့ လောလောဆယ် ဒီအတိုင်းပဲ ထားထားပါတယ်။ ဒေသန္တရပြုခြင်း ဆိုရင်ကော သိပ်ပြီးများ ထူးဆန်းနေမလား။ မြန်မာထဲက အဆင့်မြင့် ဂျီဩမေတြီ ပညာရှင်များရှိပါက ဆွေးနွေး အကြံပေးပါခင်ဗျား။
111spaceရပ်ဝန်း
112attractorဆွဲငင်ခြေ

Last updated: မင်းသန့် (ဆွေးနွေး) ၂၂:၀၁၊ ၄ ဧပြီ ၂၀၁၇ (UTC)အကြောင်းပြန်ရန်

Non-Euclidean geometry ကို ယူကလစ်လွန် ဂျီဩမေထရီ ဆိုတာထက် ယူကလစ်မဟုတ်သော ဂျီဩမေထရီ ဆိုရင် ပိုကောင်းမလား။ နောက်ပြီး Linear ကို လီနီယာ လို့တိုက်ရိုက်မပြန်ဘဲ မြန်မာမှု အနီးစပ်ဆုံး ပြန်ရင် ကောင်းမယ်ထင်ပါတယ်။ သင်္ချာကတော့ ကျတော် ကျွမ်းကျင်တဲ့အပိုင်းမဟုတ်လို့ သေချာမသိပါဘူးဗျာ။ အကြံပေးကြည့်တာပါ။ Dr Lotus Black (ဆွေးနွေး) ၀၂:၂၃၊ ၃ ဧပြီ ၂၀၁၇ (UTC)အကြောင်းပြန်ရန်
ယူကလစ်မဟုတ်သော ဂျီဩမေတြီ ကိုကျွန်တော်ထပ်ဖြည့် လိုက်ပါတယ်။ အဲဒီဘာသာရပ်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတော့ မရှိသေးဘူး၊ နောက်တော့ ရေးကြတာပေါ့။ လီနီယာကို ကျွန်တော် မျဉ်းညီချိုးကျ လို့ ပြန်ထားပါတယ်။ ကျွန်တော်လည်း လီနီယာကို လီနီယာလို့ ရေးတာထက် မျဉ်းညီချိုးကျ လို့ ရေးတာ ပိုပြီးကြိုက်ပါတယ်။ ခက်တာက ကျွန်တော်တို့တွေ ဘာရေးရေး၊ အသုံးမှ မတွင်ကျယ်ဘဲ။ အသုံးတွင်ကျယ်ဖို့ကတော့ အများကြီး လိုသေးတယ်။ ဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အခြားဆွေးနွေးချက်များ

[ပြင်ဆင်ရန်]

မြန်မာဝီကီ အားနည်းနေသေးတဲ့အတွက် သင်္ချာ portal အောက်က အချို့ portal (ဥပမာ - set theory၊ category theory စသည်) တို့ကို ဖြုတ်ထားပါတယ်။ နောင်အားကောင်းလာမှ ပြန်လုပ်ချင် လုပ်ကြတာပေ့ါ။

ဖြစ်နိုင်ရင် portal ပါ topic အကုန်လုံးအတွက် အနည်းဆုံး stub တစ်ခုတော့ ရှိပြီးဖြစ်အောင် ကြိုးစားရအောင်။ မင်းသန့် (talk)

Trigonometry နောက် topic ခေါင်းစဉ်တွေ မြန်မာလိုမပြန်ရသေးပါခင်ဗျာ။ မင်းသန့် (talk) ၀၄:၅၉၊ ၂၇ ဒီ​ဇင်​ဘာ​ ၂၀၁၄ (UTC) မင်းသန့် (talk) ၁၅:၃၇၊ ၂၉ ဒီ​ဇင်​ဘာ​ ၂၀၁၄ (UTC)