မီးဘေးအန္တရာယ်ကို စောင့်ကြည့်ခြင်း

ဝီကီပီးဒီးယား မှ

မီးဘေးအန္တရာယ်ကို စောင့်ကြည့်သော ကိရိယာများသည် မီးကြောင့်ဖြစ်သော သွင်ပြင်လက္ခဏာများ ဖြစ်သော မီးခိုး၊ အပူချိန်၊ အနီအောက်ရောင်ခြည်နှင့် ခရမ်းလွန်ရောင်ခြည် ဖြာထွက်မှု သို့မဟုတ် ဓာတ်ငွေ့ကို စောင့်ကြည့်ခြင်း အားဖြင့် မီးလောင်ခြင်းကို သိရှိနိုင်သည်။

လူနေအိမ်များတွင်မူ မီးခိုးစောင့်ကြည့် ကိရိယာများကို သီးခြားစီ တပ်ဆင်ကြပြီး လူနေအိမ်မဟုတ်သော အဆောက်အအုံများတွင်မူ မီးဘေးအန္တရာယ် အချက်ပေး စနစ်အဖြစ် အောက်ပါ အော်တိုမက်တစ် ကိရိယာများကို တစ်မျိုးတည်း သို့မဟုတ် ပေါင်းစပ်၍ သုံးစွဲကြသည်။

  • အပူချိန်စောင့်ကြည့် ကိရိယာ
  • မီးခိုးစောင့်ကြည့် ကိရိယာ
  • မီးတောက် စောင့်ကြည့်ကိရိယာ
  • မီးနှင့်ဆိုင်သော ဓာတ်ငွေ့ စောင့်ကြည့် ကိရိယာ