မီးခတ်ကျောက်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မီးခတ်ကျောက်[ပြင်ဆင်ရန်]

မီးခတ်ကျောက်သည် ကျောက်သလင်းတစ်မျိုးဖြစ်၍ ဆီလီ ကာ အများဆုံးပါဝင်သော တွင်းထွက်ကျောက်ဖြစ်သည်။ ထို ကျောက်သည် အလွန်မာ၍ ယင်းကို ခွဲစိတ်သောအခါ အလွှာအလွှာ ကွဲထွက်တတ်သည်။ အရောင်မှာ အမည်းမှ အညို၊ အုန်းခွံရောင်၊ အနီ၊ အဝါနှင့် ညိုမွဲရောင်ဟူ၍ အမျိုးမျိုး ရှိသည်။ အချို့မှာ အစက်အပြောက်ကလေးများနှင့် စွန်းထင်လျက် ရှိနေတတ်သည်။ မာသည့်နေရာတွင် မီးခတ်ကျောက်သည် သံမဏိထက်ပင် မာသေးသည်။ ဥတုဖောက်ပြန်မှု မရှိသောအခါ နက်မှောင်မာချော သော အစိုင်အခဲဖြစ်၍ နေတတ်သည်။ သို့သော် အပိုင်းအပြတ်နှင့် အကျိုးအပဲ့များမှာ ဝါဖျော့ဖျော့၊ သို့မဟုတ် ဖြူညိုညိုအကောင်များ ရှိတတ်လေသည်။

မီးခတ်ကျောက်ကို အမေရိကန် ပြည်ထောင်စုတွင် အ မြောက်အမြားတွေ့ရ၍ ကမ္ဘာ့ အခြားဒေသများ၌လည်း တွေ့ရသည်။ အဂ‡လန်နှင့် ပြင်သစ်နိုင်ငံတို့တွင် ထုံးကျောက်ဖြူတောင်များ၌ အများအပြား တွေ့ရသည်။ ထိုနေရာများ၌ သမိုင်းမတင်မီခေတ်က ရှေးလူများ၏ လက်ရာများဖြစ်ဟန်ရှိသော မီးခတ်ကျောက်မှ ပြုလုပ် ထားသည့် ဓား၊ ပုဆိန်၊ လှံသွား၊ မြားခေါင်းစသော လက်နက် အသုံးအဆောင်များကို တွေ့ရသည်။ ကျောက်ခေတ်ဟောင်းနှင့် ကျောက်ခေတ်သစ်ဟူ၍ ကျောက်ခေတ်နှစ်ခေတ်ရှိရာတွင် ကျောက် ခေတ်ဟောင်းမှလူများ အသုံးပြုခဲ့သည့် အဆိုပါ ဓား၊ လှံသွား၊ မြားခေါင်း၊ ပုဆိန်သွားစသော ကိရိယာများမှာ အလုံးအဖန်ကြီး၍ လုပ်ကိုင်ထားရာ၌လည်း ကြမ်းတမ်းကြောင်းတွေ့ရသည်။ နောက် ခေတ်မှကိရိယာများမှာမူ အတော်ပင် သပ်ရပ်ပြီးလျှင် သေးသွယ် ချွန်ထက်ကာ ပုံပန်းလည်း ကျသည်ကို တွေ့ရသည်။

၁၇ ရာစုခေတ် အစလောက်တွင် မီးခတ်သေနတ်တစ်မျိုး ပေါ်ပေါက်လာခဲ့ရာ ယင်းတွင် မီးခတ်ကျောက်ကို သေနတ်မောင်း၌ တပ်ဆင်ထားသည်။ ခလုတ်ကို ဆွဲလိုက်သောအခါ မောင်းကျလာ၍ မောင်းထိပ်တွင်ရှိသော မီးခတ်သည် နားခွက်ဖုံးနှင့် ရိုက်၍မီးပွင့် လေသည်။ မီးသည် ယမ်းသို့ ကူးသွားသည်နှင့် ကျည်ဆံထွက် လေသည်။

ထိုအတူ မီးခြစ်မပေါ်မီခေတ်က မီးရရှိရေးအတွက် မီးခတ် ကျောက်နှင့် သံကြမ်းတုံးကို ရိုက်ခတ်ပေးရသော မီးခတ်များကို အသုံးပြုခဲ့ကြရသည်။ အထက်ပါ နည်းများမှာ ရှေးကျောက်ခေတ် လူများမှ ကျွနု်ပ်တို့အား အဆင့်ဆင့်ပေးခဲ့သော နောက်ဆုံး အမွေ အနှစ် ဖြစ်သော်လည်း ယခုအခါတွင်မူ မီးခတ်ကျောက်သည် ထိုစဉ် ကလောက် အရေးတကြီး အသုံးမဝင်တော့ပေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)