မီးကြီး ငြမ်းခို၊ ကျောက်ကြီး ငါးခို

ဝီကီပီးဒီးယား မှ

မီးကြီး ငြမ်းခို၊ ကျောက်ကြီး ငါးခို ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

မီးရှူးဒုံးပျံကြီး ကောင်းကင်သို့ တက်နိုင်ရန် ခိုင်ခံသော ငြမ်းကို အားပြုမှီခိုရသကဲ့သို့၊ ငါးများသည် ကြီးမားသော ကျောက်ဆောင်ကို သဘာဝအလျောက် မှီခိုကြသကဲ့သို့ ခိုင်ခံ့ကြီမားသော အမှီအခိုကို သူသူငါငါ မှီခိုကြရသည်။

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

  • ကျောက်ကြီး ငါးခို၊ မီးကြီး ငြမ်းခို
  • မီးကြီး ငြမ်းခို
  • ကျောက်ကြီး ငါးခို ဟူ၍လည်း အသုံးရှိသည်။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "မီးကြီး ငြမ်းခိုဆိုသော မြန်မာစကားပုံကို သတိရ၍ ထိုအိမ်နှင့် နီးနိုင်သမျှ နီးလေလေ ဘေးအန္တရာယ် ဝေးလေလေ ဖြစ်ရမည်ဟု တွေးဆမိ၏။" [၁၃၂၄] ကိုကိုကြီး။ ၂၅၁။
  • "စောဥမ္မာမိဖုရားမှာ မင်းခြောက်ဆက်မြောက် မိဖုရားဖြစ်ခဲ့ရသည်ကို ထောက်သော်... အကာလဖြစ်ပချေသော် မီးကြီး ငြမ်းခိုဆိုသကဲ့သို့ အရေအတွက် များရချေသည်ဟုလည်း ဆင်ခြင်ရန် ဖြစ်ချေသည်။" [၁၂၉၅] သူရိယ၊ ၁၇၊ ၁၁။ ၃၂။
  • "ကျောက်ကြီး ငါးခို၊ မီးကြီး ငြမ်းခို၊ သစ်ကြီးရိပ်ခို အနေအထားဖြင့် ဆင့်ပွားဆင့်ပွား ရေးသားကြသော အတ္ထုပ္ပတ္တိဆရာတို့တွင် တစ်ဦးတစ်ယောက်မျှ (ဂါထာခြောက်ဆယ်ပျို့အတ္ထုပ္ပတ္တိစာတမ်း)အဆိုကို လွန်နိုင်သည်မရှိ။" [၁၃၂၉] စာပေဘဏ်။ ၅၈။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၂၂၊ နှာ- ၁၆၇