မာတိကာသို့ ခုန်သွားရန်

မီလတန်၊ အိုဘိုတေ

ဝီကီပီးဒီးယား မှ
Apollo Milton Obote
2nd President of Uganda
တာဝန်သက်တမ်း
၁၅ April ၁၉၆၆  ၂၅ January ၁၉၇၁
ယခင်လူMutesa II of Buganda
ဆက်ခံသူIdi Amin
တာဝန်သက်တမ်း
၁၇ December ၁၉၈၀  ၂၇ July ၁၉၈၅
ယခင်လူPresidential Commission of Uganda
ဆက်ခံသူBazilio Olara-Okello
2nd Prime Minister of Uganda
1st Executive Prime Minister
တာဝန်သက်တမ်း
၃၀ April ၁၉၆၂  ၁၅ April ၁၉၆၆
ယခင်လူBenedicto Kiwanuka (non-executive)
ဆက်ခံသူNone (post abolished)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1925-12-28)၂၈ ဒီဇင်ဘာ၊ ၁၉၂၅
Apac District, Uganda
ကွယ်လွန်၁၀ အောက်တိုဘာ၊ ၂၀၀၅(2005-10-10) (အသက် ၇၉)
Johannesburg, South Africa
နိုင်ငံရေးပါတီUganda People's Congress
ကြင်ဖော်Miria Obote
သားသမီး

အာဖရိကတိုက် အရှေ့ပိုင်းတွင် တည်ရှိသော ယူဂန်းဒါးနိုင်ငံ၏ သမ္မတဖြစ်သူ မီလတန်အိုဘိုတေကို ၁၉၂၄ ခုနှစ်တွင်မွေးဖွားသည်။ အိုဘိုတေသည် အာဖရိကတိုက်မှ နာမည်ကျော် အမျိုးသား ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ ကင်ညာနိုင်ငံ အာဖရိကလူမျိုးများ သမဂ္ဂနှင့် ယူဂန်းဒါးနိုင်ငံ အမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင်ဖြစ်သည်။

၁၉၅ဝ-၅၅ ခုနှစ်အထိ ကင်ညာနိုင်ငံ၌ နေထိုင်ကာ ကာယလုပ်သားအဖြစ်လည်းကောင်း၊ ဉာဏလုပ်သား အဖြစ်လည်းကောင်း အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။

၁၉၅၇ ခုနှစ်တွင် ယူဂန်းဒါးနိုင်ငံလွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရသည်။ ၁၉၆၁-၆၂ ခုနှစ်တွင် အစိုးရ အတိုက်အခံပါတီများ၏ ဗခါင်းဆောင်အဖြစ် လည်းကောင်း၊ ၁၉၆၂-၁၉၆၆ ခုနှစ်တွင် ယူဂန်းဒါးနိုင်ငံ ဝန်ကြီးချုပ်အဖြစ် လည်းကောင်း၊ ၁၉၆၆-၁၉၇၇ ခုနှစ်တွင် ယူဂန်းဒါးနိုင်ငံ သမ္မတအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ယူဂန်းဒါးနိုင်ငံ၏ အစိုးရအာဏာများကို အိုင်ဒီအာမင်က သိမ်းယူလိုက်သောအခါ အိုဘိုတေသည် တန်ဇားနီးယား နိုင်ငံတွင်းသို့ ဝင်ရောက်၍ နိုင်ငံရေး ခိုလှုံခဲ့သည်။ ၁၉၈ဝ ပြည့်နှစ်တွင် သမ္မတအိုင်ဒီအာမင်ထံမှ သမ္မတဂေါဖရေဘဗီ နေဆာက သမ္မတအာဏာများကို သိမ်းယူခဲ့သည်။ သို့သော် နိုင်ငံရေးမတည်မငြိမ်မှုနှင့် အိမ်နီးချင်းနိုင်ငံများ ကျူးကျော် ဝင်ရောက် တိုက်ခိုင်နိုင်မှုများကြောင့် ယူဂန်းဒါးနိုင်ငံသား များက တန်ဇားနီးယားနိုင်ငံ၌ နိုင်ငံရေးခိုလှုံနေသူ အိုဘိုတေ အား ပြန်လည်ခေါ်ယူ၍ ယူဂန်းဒါးနိုင်ငံသမ္မတအဖြစ် ပြန်လည် တင်မြှောက်ခဲ့လေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)