မိုးအောင်ရင်

ဝီကီပီးဒီးယား မှ
မိုးအောင်ရင်
မွေးဖွား၂၈ ဇွန် ၁၉၈၇&#၁၆၀;(၁၉၈၇-၀၆-၂၈) (အသက် ၃၆)
ရန်ကုန်
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၈−၁၆
မိဘ(များ)အောင်ရင်
သဉ္ဇာမြင့်
ဆွေမျိုးသားချင်းသဉ္ဇာအောင်ရင် (ညီမ)

မိုးအောင်ရင် (၂၈ ဇွန် ၁၉၈၇ မွေးဖွား) သည် မြန်မာလူမျိုး ရုပ်ရှင်သရုပ်ဆောင် ဖြစ်သည်။ အလန်းဇယား နှင့် ဂေးအထာ ဇာတ်ကားများဖြင့် လူသိများသည်။[၁]

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

၁၉၈၇ ခု၊ ဇွန်လ ၂၈ ရက်တွင် ရန်ကုန်၌ မွေးသည်။ အဆိုတော် အောင်ရင်နှင့် မိုးသဉ္ဇာမြင့်တို့၏ သားဦးဖြစ်ပြီး သဉ္ဇာအောင်ရင် အမည်ရှိ ညီမတစ်ယောက် ရှိသည်။

ဆရာအတတ်သင်လေ့ကျင့်ရေးကျောင်း၌ အလယ်တန်းထိ တက်ကာ အထက်တန်းကို အိုင်အယ်ဘီစီမှ ပြီးသည်။[၂]

၂၀၀၇ ခုတွင် ဗြိတိန်သို့ ဒါရိုက်တာပညာသင်ရန် စီစဉ်သော်လည်း လက်ကီးဆဲဗင်း ထုတ်လုပ်ရေးမှ ကား (၇၀) ချုပ်ရန် ကမ်းလှမ်းလာသဖြင့် ပညာရေးကို စွန့်လွှတ်လိုက်သည်။

အနုပညာ လှုပ်ရှားမှု[ပြင်ဆင်ရန်]

၂၀၀၈ ခုမှ စ၍ ဇာတ်ကားများ ရိုက်သည်။

မူးယစ်ဆေးပြဿနာ[ပြင်ဆင်ရန်]

၂၀၁၆ ခု၊ ဩဂုတ်လ ၂၉ ရက်တွင် မူးယစ်ဆေး လက်ဝယ်တွေ့မှုဖြင့် အဖမ်းခံရသည်။[၁] ၂၀၁၈ ခု၊ နိုဝင်ဘာလ ၂၆ ရက်တွင် မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊ ၁၆(ဂ) တို့နှင့် ပုဇွန်တောင်တရားရုံးက ထောင် (၅) နှစ် ချသည်။[၃] အမှုအား အယူခံဝင်ရာ ဒီဇင်ဘာလ ၁၂ ရက်ရောက်သော် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက မူးယစ်ဆေးရောင်းဝယ်မှုပါ အဆစ်တိုးပြီး ထောင်ဒဏ် (၁၂) နှစ်အထိ တိုးသွားသည်။[၄]


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Busted: Star caught with crystal meth (in en)။ The Myanmar Times (30 August 2016)။ 12 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2017 တွင် ပြန်စစ်ပြီး။
  2. Thida Win (2009-12-04). "Early Years of Artists" (in Burmese). Yangon: Weekly Eleven. 
  3. Toe Wai Aung။ "Actor Moe Aung Yin sentenced to five years in prison for drugs"၊ The Myanmar Times၊ 28 November 2018။ 27 March 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 27 March 2019။ 
  4. "သရုပ်ဆောင် မိုးအောင်ရင်ကို ထောင်ဒဏ် ၁၂ နှစ် ထပ်မံချမှတ်" (in my)၊ Democratic Voice of Burma၊ 12 December 2018။