မိုးရစ်ကန်
ကိုဩဒိနိတ်: 29°27′13″N 30°34′51″E / 29.45361°N 30.58083°E
ရွေးချယ်သတ်မှတ်ခြင်းများ | |
တရားဝင်အမည် | Lake Qarun Protected Area |
---|---|
ရွေးချယ်ခြင်း | 4 June 2012 |
ရည်ညွှန်းနံပါတ် | 2040[၁] |
မိုးရစ်ကန် သည် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့၏ အနောက်တောင်ဘက် ၈၀ ကီလိုမီတာ (၅၀ မိုင်) အကွာရှိ ဖိုင်ယမ်အိုအေစစ်၏ အနောက်မြောက်ဘက်ရှိ ရှေးကျသည့်ကန်တစ်ခု ဖြစ်သည်။ ဤကန်သည် ကြည်လင်သန့်ရှင်းသည့် ကန်တစ်ကန် ဖြစ်သည်။ ကန်၏ ဧရိယာသည် ၁၂၇၀ စတုရန်းကီလိုမီတာ (၄၉၀ စတုရန်းမိုင်) မှသည် ၁၇၀၀ စတုရန်းကီလိုမီတာ (၆၅၆ စတုရန်းမိုင်) အကြား ပြောင်းလဲမှု ရှိသည်။
ဤကန်သည် ယခုအချိန်တွင် သေးငယ်သည့် ဆားကန်တစ်ခုအဖြစ် တည်ရှိကာ ၎င်းကို Birket Qarun ဟု ခေါ်ကြသည်။ [၂]ကန်၏ မျက်နှာပြင်သည် ပင်လယ်ရေမျက်နှာပြင်အောက် ၄၃ မီတာ (၁၄၀ ပေ) တွင် တည်ရှိသည်။ ၎င်းသည် ၂၀၂ စတုရန်းကီလိုမီတာခန့် (၇၈ စတုရန်းမိုင်) ရှိသည်။ ကန်နှင့် ပတ်ဝန်းကျင်ရှိဒေသကို ၂၀၁၂ ခုနှစ်ကတည်း ထိန်းသိမ်းစောင့်ရှောက်ရမည့် စိုစွတ်နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။[၁]
ဤကန်တွင် Tilapia နှင့် အခြားဒေသငါးမျိုးများ နေထိုင်ရာ ဖြစ်သည်။ ထိုဒေသတွင် နို့တိုက်သတ္တဝါဖြစ်သည့် Moeritherium ကို တွေ့ရသည်။