မိုးနဲမိဖုရား

ဝီကီပီးဒီးယား မှ
မိုးနဲမိဖုရား
Kingမင်းတုန်းမင်း
မွေးဖွားမိုးနဲ
Spouseမင်းတုန်းမင်း
တော်ဝင်ဘွဲ့အမည်
သီရိသုနန္ဒာမဟေ
စံအိမ်ကုန်းဘောင်
ခမည်းတော်မိုးနဲစော်ဘွား ကမ္ဗောဇရဋ္ဌမဟာဝံသရာဇာ
ကိုးကွယ်မှုထေရဝါဒ

သီရိသုနန္ဒာမဟေဘွဲ့ခံ မိုးနဲမိဖုရားသည် ရတနာပုံပထမနန်းစံ မင်းတုန်းမင်းတရားကြီး၏ မိဖုရားတစ်ပါးဖြစ်သည်။ ကုန်းဘောင်ဆက်မဟာရာဇဝင်၌မူ ဖခင်မိုးနဲစော်ဘွားကို အစွဲပြု၍ မိုးနဲစော်ဘွားသမီးဟု ရည်ညွှန်းသည်လည်း ရှိသည်။ မိုးနဲမိဖုရားသည် လဲချားမိဖုရား၊ သီပေါမိဖုရား၊ သန္နီမိဖုရား၊ ကျိုင်းတောင်မိဖုရားတို့နှင့်အတူ မင်းတုန်းမင်း၏ ရှမ်းမိဖုရား ငါးပါးအနက် တစ်ဦးအပါအဝင်ဖြစ်ပြီး၊ ကုန်ဘောင်ခေတ်လွန်အထိ သက်ရှိထင်ရှားကျန်ရစ်သူ မိဖုရားကြီးလည်း ဖြစ်သည်။

၁၈၅၄ ခု ဇွန်လ ၁၆ ရက်နေ့၊ မင်းတုန်းမင်း၏ ဥကင်တော်ဖွင့်မင်္ဂလာတွင် သီရိသုနန္ဒာမဟေဘွဲ့ဖြင့် မိဖုရားလတ်ရာထူး ချီးမြှောက်ခံရသည်။

၁၈၆၀ ခု စက်တင်ဘာလ ၃ ရက်၊ ညဉ့် တစ်ချက်တီးကျော် ငါးမောင်းအချိန်တွင် သမီးတော်တစ်ပါး ဖွားမြင်သော်လည်း သုံးရက်ရှိလျှင်လွန်လေသည်။

သီပေါမင်းနန်းတက်အပြီး ၁၈၇၈ နိုဝင်ဘာလ ၁၈ ရက်တွင် အနောက်စမုတ် ပွဲတက်ဆောင် ပဒုမာသနပလ္လင်ရှေ့၌ အခြားမိဖုရားဟောင်းများ၊ မင်းသမီးများနှင့်အတူ သစ္စာတော်အပေးခံရသည်။

၁၈၈၃ ခု နိုဝင်ဘာ ၂၅ တွင် (ဖခင်အရိုက်အရာဆက်ခံသော) မောင်ဖြစ်သူ မိုးနဲစော်ဘွားသည် ရွှေဖဝါးတော်အောက် အခစားမဝင်၊ ထင်ယောင်ထင်မှား ကြံစည်သဖြင့် အစ်မဖြစ်သူ မိုးနဲမိဖုရား ထောင်တွင်အထားခံရသေးသည်။

ကိုးကား[ပြင်ဆင်ရန်]

  • မောင်မောင်တင်၊ ဦး (အောက်တိုဘာ ၂၀၀၄)။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (တ)။ စတုတ္ထအကြိမ်။ ရန်ကုန်၊ တက္ကသိုလ်များ သမိုင်းသုတေသနဌာန၊ ရန်ကုန်တက္ကသိုလ်။