မာတိကာသို့ ခုန်သွားရန်

မိုးကျော်အောင်

ဝီကီပီးဒီးယား မှ
H.E.

ဦးမိုးကျော်အောင်
နော်ဝေဆိုင်ရာ သံရုံးယာယီတာဝန်ခံ
တာဝန်သက်တမ်း
ဇန်နဝါရီ ၂၀၂၅  ၁ မတ် ၂၀၂၆ []
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ယခင်လူဒေါ်မော်မော်
အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၂၃ နိုဝင်ဘာလ၂၀၁၇  ၁၄ စက်တင်ဘာ ၂၀၂၄
ခန့်အပ်သူဦးဝင်းမြင့်
ဆက်ခံသူဦးဇော်ဦး []
အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၉ မတ် ၂၀၁၉  ၁၉ ဖေဖော်ဝါရီ ၂၀၂၅
ခန့်အပ်သူဦးဝင်းမြင့်
ယခင်လူဦးဇော်ဦး
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
မေ၂၀၁၆  နိုဝင်ဘာလ၂၀၁၇
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1964-03-01) မတ် ၁၊ ၁၉၆၄ (အသက် ၆၂)
လူမျိုးမြန်မာ
ကြင်ဖော်ဒေါ်နီလာအောင်
မိခင်ကျောင်းရန်ကုန်စီးပွားရေးတက္ကသိုလ်

ဦးမိုးကျော်အောင် (၁ မတ် ၁၉၆၄ မွေးဖွား)[] သည် မြန်မာလူမျိုး သံအမတ်ဟောင်း တစ်ဦးဖြစ်သည်။ [][][] နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ထမ်းဆောင်ခဲ့သည့်အပြင် အိန္ဒိယနိုင်ငံ နှင့်  အီရန်နိုင်ငံ ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။[] []

ပညာရေး

[ပြင်ဆင်ရန်]

ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ စီးပွားရေးဘွဲ့ရရှိခဲ့ကာ  Master of Development tudies ကိုလည်း ယင်းတက္ကသိုလ်တွင်ပင် တက်ရောက်သည်။

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]
  • ၁၉၉၀ ကာလ ဌာနခွဲ(၂)၊ တတိယအတွင်းဝန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန
  • နောက်ပိုင်းကာလများ  ဝါရှင်တန်မြို့၊ ဂျနီဗာ ၊ဂျာကာတာ ၊ဘရူနိုင်းနိုင်ငံ မြို့တော် ဘန်ဒါဆရီဘီဂဝန် တို့ရှိ မြန်မာသံရုံးတို့တွင် သံတမန်ရေးရာတာဝန်များထမ်းဆောင်သည်။
  • ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန  အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဌာနခွဲမှူး(၁)၊
  • အာဆီယံရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊
  • နိုင်ငံတော်သမ္မတရုံး သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး၊
  • နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး၊
  • နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊
  • ၂၀၁၄ ကာလ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ပူးတွဲအရာရှိ၊
  • ၂၀၁၆ မေလ - မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် ဒုတိယသံရုံးအကြီးအကဲနှင့် သံအမတ်ကြီး၊
  • ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ မှ  ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက် နေ့အထိ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊[][၁၀]
  • ၂၀၁၈ နိုဝင်ဘာ ၈ရက်ကစပြီး ယနေ့အထိ  ၎င်း၏လက်ရှိတာဝန် ဝတ္တရားများအပြင် အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပြန်လည် ရောက်ရှိခဲ့သည်။
  • ၂၀၂၅ ခုနှစ် ဇန်နဝါရီလ တွင် နော်ဝေနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ (Chargé d'affaires) အဖြစ် ခန့်အပ်ခံရသည်။[၁၁]
  • ၂၀၂၆ ခုနှစ် မတ်လ ၁ရက်နေ့တွင် သက်ပြည့်အငြိမ်းစားယူခဲ့သည်။

ပုဂ္ဂိုလ်ရေး

[ပြင်ဆင်ရန်]

အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သမီး၂ဦးရှိသည်။ဇနီးဖြစ်သူမှာ ဒေါ်နီလာအောင်ဖြစ်ကာ  နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၆၅/၂၀၂၆၊သက်ပြည့်အငြိမ်းစားယူခွင့်ပြုခြင်း မြန်မာနိုင်ငံတော်ပြန်တမ်း (၁၆ ဇန်နဝါရီ ၂၀၂၆)။ ၃၁ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  2. ဦးဇော်ဦး အား အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ် MOI Myanmar (၁၄ စက်တင်ဘာ ၂၀၂၄)။ ၁၇ စက်တင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. Biographical Information EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR New Delhi, Republic of India 17 March 2023 တွင် ပြန်စစ်ပြီး။
  4. မြန်မာ-အိန္ဒိယ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အခမ်းအနား နယူးဒေလီ၌ ကျင်းပ Frontier Myanmar (၁၄နိုဝင်ဘာ၂၀၁၈)။ ၁၇မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. Interview: H.E. Moe Kyaw Aung, Ambassador of Myanmar to India Diplomatist (26December2019)။ 26 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17March2023 တွင် ပြန်စစ်ပြီး။
  6. A lot has to be done in India-Myanmar trade, says Myanmar envoy Moe Kyaw Aung ThePrint (13 September 2022)။ 17March2023 တွင် ပြန်စစ်ပြီး။
  7. သံအမတ်ကြီး ဦးမိုးကျော်အောင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ် Myanmar Digital News (၁၅မတ်၂၀၁၉)။ 17 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. အီရန်နိုင်ငံတွင် ထိန်းသိမ်းခံထားရသော ကိုရီးယားသမ္မတနိုင်ငံ ရေနံတင်သင်္ဘောပေါ်ရှိ မြန်မာသင်္ဘောသားများကိစ္စ Myanmar Digital News (၁၀ဇန်နဝါရီ၂၀၂၁)။ 17 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. သံအမတ်ကြီးဦးမိုးကျော်အောင် အိန္ဒိယနိုင်ငံသမ္မတ ထံခန့်အပ်လွှာပေးအပ် မြနမာ့အလင်းသတင်းစာ အတွဲ(၅၇)၊အမှတ်(၀၈၉) စာမျက်နှာ(၄) (၂၈ဒီဇင်ဘာ၂၀၁၇)။ ၁၇မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. Myanmar ambassador invites Bodoland business fraternity for trade THE MEGHALAYAN (1March2023)။ 17 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17March2023 တွင် ပြန်စစ်ပြီး။
  11. Myanmar Ambassador attended the 48th Meeting of ASEAN Committee in Oslo MOF Myanmar (30 June 2025)။ 25 July 2025 တွင် ပြန်စစ်ပြီး။