မိုနိုဝီမြို့

ဝီကီပီးဒီးယား မှ
မိုနိုဝီမြို့
မိုနိုဝီမြို့ အရှေ့ဘက်အဝင်လမ်းတွင် တွေ့ရသော လူဦးရေပြ ဆိုင်းဘုတ်
မိုနိုဝီမြို့ အရှေ့ဘက်အဝင်လမ်းတွင် တွေ့ရသော လူဦးရေပြ ဆိုင်းဘုတ်
နာမည်ပြောင်(များ): "အကြီးမားဆုံး အထီးကျန်သူ"
နီဘရားစကားပြည်နယ်တွင်း တည်နေရာပြမြေပုံ
နီဘရားစကားပြည်နယ်တွင်း တည်နေရာပြမြေပုံ
မိုနိုဝီမြို့၏ အသေးစိတ်မြေပုံ
မိုနိုဝီမြို့၏ အသေးစိတ်မြေပုံ
ကိုဩဒိနိတ်: 42°49′44″N 98°19′45″W / 42.82889°N 98.32917°W / 42.82889; -98.32917
နိုင်ငံ အမေရိကန်
ပြည်နယ် နီဘရားစကားပြည်နယ်
ကောင်တီBoyd County
အစိုးရ
 • မြို့တော်ဝန်အဲစီအီလာ
ဧရိယာ
 • စုစုပေါင်း၀.၂၁ စတုရန်းမိုင် (၀.၅၄ စတုရန်းကီလိုမီတာ)
 • ကုန်းမြေ၀.၂၁ စတုရန်းမိုင် (၀.၅၄ စတုရန်းကီလိုမီတာ)
 • ရေထု၀ စတုရန်းမိုင် (၀ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၃၂၉ ပေ (၄၀၅ မီတာ)
လူဦးရေ (၂၀၁၀)[၁]
 • စုစုပေါင်း
 • ခန့်မှန်း (၂၀၁၂[၂])
 • သိပ်သည်းမှု၄.၈/sq mi (၁.၉/km)
အချိန်ဇုန်Central (CST) (UTC-6)
 • နွေရာသီ (DST)CDT (UTC-5)

အမျိုးသမီးတစ်ဦးသာ နေထိုင်သော မြို့ အမေရိကန် ပြည်ထောင်စုမှာ တကယ် ရှိသည်။ ကိုယ်တိုင် မြို့တော်ဝန်ခန့်၊ ကိုယ်တိုင် တစ်ယောက်တည်း အုပ်စိုးနေသော မြို့ငယ်လေး ဖြစ်သည်။

တည်နေရာမှာ အမေရိကန်နိုင်ငံ အလယ်ပိုင်း Nebraska ပြည်နယ်ရှိ မိုနိုဝီ အမည်ရ မြို့ငယ် ဖြစ်သည်။ သို့ပေမယ့် ရွာငယ် တစ်ခုအနေနှင့်ပဲ သတ်မှတ်ထားသည်။ အမေရိကန်မှာ (Only one woman town)အမျိုးသမီးတစ်ဦးသာ နေထိုင်သော မြို့ ဟု နာမည်ကြီးသည်။ ၁၉၃၀ ခုနှစ် ကာလအတွင်းမှာ လူဦးရေ ၁၅၀ ကျော်ရှိပြီး တစ်နှစ်ထက် တစ်နှစ် နည်းလာသည်။ သက္ကရာဇ် ၂၀⁠၀၀ ခုနှစ်အရောက်မှာ လင်မယား နှစ်ဦးသာ နေထိုင်ပါတော့သည်။ ရူဒီနှင့် အဲစီအီလာ တို့ လင်မယား နှစ်ဦး ဖြစ်သည်။

သို့ပေမယ့် ရူဒီ သည် ၂၀⁠၀၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး အသက် ၇၇ နှစ်ရှိပြီဖြစ်သော အဲစီအီလာ အမည်ရ အမျိုးသမီးကြီး တစ်ဦးသာ ကျန်ရှိပါတော့သည်။ အကျယ်အဝန်းအားဖြင့် ၀.၂၁ စတုရန်းမိုင်သာ အကျယ်သာ သတ်မှတ်ထားသော ရွာငယ်လေးဖြစ်သည်။ ယင်းရွာငယ်လေး ကို ဖျက်သိမ်းဖို့ အစိုးရက စီစဉ်ခဲ့ပေမယ့် Eiler လက်မခံခဲ့ပါ။ အဓိကကတော့ သူ့ခင်ပွန်း တည်ထောင်ခဲ့သည့် စာကြည့်တိုက် ကျန်ရှိနေ၍ ဖြစ်သည်။ စာအုပ်ပေါင်း ၅၀⁠၀၀ ကျော်ရှိနေပြီး ခေတ်အဆက် ဆက် စုဆောင်းလာခဲ့သော အဖိုးတန် စာအုပ်များ ဖြစ်သည်။ ထို့ကြောင့် မြို့ငယ်လေး မိုနိုဝီ ကိုမထားခဲ့နိုင်တာ ဖြစ်သည်။

ထို့ကြောင့် ကိုယ်တိုင် ရွေးကောက်ပွဲလုပ်၊ ကိုယ်တိုင်မဲပေးပြီး ကိုယ်တိုင် မြို့ တော်ဝန်ခန့်ပါသည်။ လမ်း လေး၊ ငါးလမ်း ဝန်းကျင်သာ ရှိသော ယင်းရွာငယ်လေးကို လျှပ်စစ်မီးထိန်းလင်းနေစေဖို့ အစိုးရထံ ပုံမှန် အခွန်ငွေ ဆောင်ပါသည်။ အခြားသော အခွန်များလည်း ပေးဆောင်ပါသည်။ ထို့ကြောင့် မြို့တစ်ခုအနေနှင့် မဖျက်ပဲ ဆက်လက် ထားရှိစေတာ ဖြစ်သည်။ အဓိက စီးပွားရေးလုပ်ငန်းမှာ စားတော်ဆက်တစ်ခု ဖွင့်ထားပြီး မိုင် ၈၀ အကွာရှိ မြို့က လူများ လာရောက် စားသောက်ပါသည်။

လမ်းကြုံ ဝင်လည်သူများ ရှိသလို၊ စိတ်ဝင်စား၍ လာရောက် ကြည့်ရှုသူများကြောင့် အဲစီအီလာ၏ စာကြည့်တိုက်နှင့် မြို့မှာ လတိုင်း လူစည်ကားသည်ဟု သိရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. American FactFinderUnited States Census Bureau။ 2012-06-24 တွင် ပြန်စစ်ပြီး။
  2. Population EstimatesUnited States Census Bureau။ 2013-05-29 တွင် ပြန်စစ်ပြီး။