မိုနာကီယာတောင်

ဝီကီပီးဒီးယား မှ
ဟာဝိုင်အီကျွန်းပေါ်မှ မိုနာကီယာတောင်ကို ကိုဟာလာတောင်ပေါ်မှ တွေ့မြင်ရပုံ

မိုနာကီယာတောင်သည် ဟာဝိုင်အီ ကျွန်းစု ပေါ်တွင် ရှိသည် ငုပ်နေသည့် မီးတောင် တစ်ခု ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၄၂၀၅ မီတာ အမြင့် ရှိသည်။ အကယ်၍ ပင်လယ်ရေအောက် တောင်ခြေမှ စ၍ တိုင်းတာမည် ဆိုပါက ၁၀,၂၀၀ မီတာ အမြင့်ရှိပြီး ကမ္ဘာပေါ်တွင် အမြင့်ဆုံးတောင် အဖြစ် သတ်မှတ်နိုင်သည်။ မိုနာကီယာတောင်သည် သက်တမ်း နှစ်ပေါင်း ၁ သန်းမျှ ရှိပြီ ဖြစ်သည်။ မိုနာကီယာဆိုသည်မှာ တောင်ဖြူဟု အဓိပ္ပာယ်ရသည်။ အဘယ်ကြောင့် ဆိုသော် ဆောင်းရာသီတွင် တောင်ထိပ်တွင် နှင်းများကို တွေ့မြင်နိုင်သောကြောင့် ဖြစ်သည်။

အာကာသ လေ့လာရေး[ပြင်ဆင်ရန်]

မိုနာကီယာတောင်သည် အာကာသ စူးစမ်းလေ့လာရေးတွက် အရေးပါ သည့်နေရာ တစ်ခုဖြစ်ပြီး နိုင်ငံအများအပြား၏ အာကာသ လေ့လာရေးစခန်းများ တောင်ပေါ်တွင် တည်ဆောက် ထားကြသည်။ အကြောင်းမှာ မြင့်မားပြီး ကြည်လင်သည့် ကောင်းကင် ရှိသောကြောင့် ဖြစ်သည်။