မိုင်းဗုံး

ဝီကီပီးဒီးယား မှ

မိုင်းဗုံး[ပြင်ဆင်ရန်]

အမြောက်ဆံများ ပစ်ထုတ်ရန်မှ တစ်ပါး ယမ်း၊ ယမ်းဘီလူး စသော ပေါက်ကွဲစရာ ပစ္စည်းများကို ရှေးအခါက အသုံးပြုခဲ့ပုံ တစ်မျိုးမှာ ရန်သူ၏ ခံတပ်များကို ဖြိုဖျက်ပစ်ရာ၌ ပထမ မြေအောက်မှ ခံတပ်အထိ မြောင်းတူးဖောက်၍ သွားရသည်။ ရန်သူ၏ ခံတပ်အောက် တည့်တည့်ရောက်သောအခါ ယမ်းကို စုပုံထားခဲ့ပြီးလျှင် အဝေးမှနေ၍ စနက်တံဖြင့် ဖောက်ခွဲပစ်လေသည်။ မြေအောက်၌ တူး၍ ဤသို့ တစ်နေရာရာတွင် ချထားသော ပေါက်ကွဲနိုင်သည့် ပစ္စည်းကို မိုင်းဗုံးဟု ခေါ်လေသည်။

ပထမကမ္ဘာစစ်အတွင်းက လူတို့သည် မြေကတုတ်များနှင့် ခံတပ်များ ကို အခိုင်အမာ ပြုလုပ်ပြီးလျှင် တိုက်ခိုက်ခဲ့ကြသဖြင့် ရှေးခေတ်က အသုံးပြုခဲ့ကြ သော မိုင်းဗုံးမျိုးကို အသုံးပြုခဲ့ကြသည်။ ထိုသို့အသုံးပြုရာတွင် မြေအောက်ဥမင် များကို တစ်ခမ်းတစ်နား တူးဖော်ခဲ့ကြရသဖြင့် မိုင်းဗုံးဖြင့်ဖောက်ခွဲရန် ကြံစည်သည့် အချိန်ကစ၍ ဗုံးမြုပ်ပြီးဖောက်ခွဲသည့်အချိန်အထိ တစ်ခါတစ်ရံ လပေါင်းများစွာ ပင် ကြာတတ်လေသည်။ ဒုတိယကမ္ဘာစစ်တွင် သယ်ယူပို့ဆောင်ရေး လျင်မြန်မှုကြောင့် တစ် ကြောင်း၊ တင့်ကားများလျင်မြန်စွာ လှုပ်ရှားသွားလာနိုင်မှုကြောင့် တစ်ကြောင်း ဥမင်များကို တစ်ခမ်းတစ်နား ဖောက်လုပ်ရန် အချိန်မရချေ။ ထိုကြောင့် မြေတွင် မြု|ပ်၍ အသုံးပြုရသော မိုင်းဗုံးများကို အသုံးပြုလာခဲ့ကြသည်။ ဤမိုင်းဗုံးမျိုးမှာ ပန်းကန်ပြားလောက်သာရှိ၍ စက်တစ်မျိုးဖြင့် တပ်ဆင်ထားသည်။ အကယ်၍ မိုင်းဗုံးမြု|ပ်ထားရာနေရာ၌ ဖိအားသက်ရောက်လာသောအခါ စက်သည် အလို အလျောက် လည်လာပြီးလျှင် မိုင်းဗုံးသည်လည်း ပေါက်ကွဲသွားလေသည်။ မြေ အောက် ၁ ပေ သို့မဟုတ် ၂ ပေခန့် အနက်တွင် မြုပ်ထားလျှင် လူများကို သေ စေနိုင်သည့်အပြင် လော်ရီကဲ့သို့ ယာဉ်များကို ပျက်စီးစေနိုင်သဖြင့် ချီတက် လာသော စစ်တပ်အား နှောင့်နှေးစေနိုင်သည်။ မိုင်းဗုံးများကို မြုပ်ထားသော နေရာမှ ဖယ်ရှားပစ်ရန်အတွက် သတ္တိရှိ၍ ကျင့်သားရပြီးသော တပ်စိတ်ကို အသုံးပြုရသည်။ သူတို့သည် နေရာအနှံ့အပြားသို့ မိုင်းဗုံးများမြုပ်ထား မထားကို သိနိုင်သော လျှပ်စစ်ကိရိယာများ ကိုင်ဆောင်လျက် သွားကြရသည်။ ဤနည်းဖြင့် မိုင်းဗုံးမြုပ်ထားသည့်နေရာကို တွေ့ရှိသောအခါ ထိုမိုင်းဗုံးမျာကို ဖော်ထုတ်ပစ် လိုက်ကြသည်။ ရေမြုပ်မိုင်းဗုံးများကို ခရစ် ၁၅၈၅ ခုနှစ်တွင် အန့်တွပ်မြို့ကို တိုက် ခိုက်ခဲ့စဉ်ကပင် စတင်အသုံးပြုခဲ့ကြသည်။ အသုံးပြုခဲ့သူများမှာ ဒပ်ချ်လူမျိုးများ ဖြစ်၍ သူတို့သည် ရေမြုပ်ဗုံးကို နာရီစက်ဖြင့် ဖောက်ခွဲယူကြသည်။ သင်္ဘောနှင့် ထိပြီး ပေါက်ကွဲစေသည့်ဗုံးကို ပထမဆုံးအသုံးပြုသူမှာ အမေရိကန် လူမျိုးဒေးဗစ် ဗွတ်ရှနဲ ဆိုသူဖြစ်သည်။ ထိုဗုံးမျိုးကို အမေရိကန် လွတ်လပ်ရေးစစ်ပွဲတွင် စတင် အသုံးပြုခဲ့ရာ ယခုတိုင်အောင် ရေတပ်စစ်ပွဲများတွင် ခေတ်စားလျက်ရှိသည်။ ယခုခေတ်တွင် အသုံးပြုသည် ရေမြုပ်မိုင်းဗုံးမှာ သံမဏိအလုံးဖြစ်၍ အထဲတွင် ပေါက်ကွဲစေသည့် ပစ္စည်းထည့်ထားသည်။ ထိုဗုံးကို ဝိုင်ယာကြိုးဖြင့် ဆွဲ၍ အလေးတစ်ခုခုဖြင့် ကျောက်ချထားသည်။ မိုင်းဗုံးတွင် တစ်စုံတစ်ရာနှင့် တိုက်မိသောအခါ ပေါက်ကွဲသွားစေရန် အတွင်းမှ ဦးချိုကဲ့သို့ အတက်ငယ်များ အဘက်ဘက်သို့ ထိုးထွက်လျက်ရှိသည်။ ဤဦးချိုများကို ပျော့ပျောင်းသော ခဲဖြင့် ပြုလုပ်ထား၍ အထဲတွင် အက်ဆစ်ပုလင်းများပါရှိသည်။ သင်္ဘောသည် မိုင်းဗုံး နှင့် တိုက်မိသောအခါ အပြင်သို့ထိုးထွက်လျက်ရှိသည့် ဦးချိုများအနက် တစ်ခုခု သည် ကောက်ကွေးသွားသည်။ ထိုအခါ အတွင်းမှ အက်ဆစ်ပုလင်း ကွဲသွား၍

အက်ဆစ်သည် ဗက်ထရီတွင် ဓာတ်လိုက်ဖြစ်လာသည်။ ဓာတ်လိုက်ရည်ဖြစ်လာ သည်နှင့် အားအနည်းငယ်ရှိသော လျှပ်စစ်ဓာတ်သည် ယမ်းဘီလူးကိုပေါက်ကွဲစေ လေသည်။ ဒုတိယကမ္ဘာစစ်ကြီးတွင် လူတို့သည် တိုက်မိမှ ပေါက်ကွဲသည့် မိုင်း ဗုံးများအစား ရေအောက်မြေပေါ်တွင် ချထားရသည့် မိုင်းဗုံးမျိုးကို အသုံးများလာ ကြသည်။ ဤဗုံးမျိုး ချထားရာနေရာအပေါ်မှ သင်္ဘောဖြတ်သွားသည့်အခါ သံ လိုက်ကြောင့်ဖြစ်စေ၊ အသံမြည်မှုကြောင့်ဖြစ်စေ ဗုံးပေါက်ကွဲခြင်းကို ဖြစ်စေသည့် လျှပ်စစ်ခလုတ်ကို ဆက်သွယ်မိစေသည်။ သံလိုက် မိုင်းဗုံးများတွင် အိမ်မြောင်တံ ကဲ့သို့ သံလိုက်ကို အလွန်ကြိုက်သည့် လက်တံပါရှိသည်။ ထိုလက်တံသည် အထက်မှ သင်္ဘောဖြတ်သန်းသွားသည့်အခါ လှုပ်ရှားသွား၍ လျှပ်စစ်ခလုတ်ကို ဆက်သွယ်မိစေကာ ပေါက်ကွဲမှုဖြစ်ပေါ်စေသည်။ အသံမြည်မှုအပေါ်၌ မူတည်သည့် မိုင်းဗုံးများတွင် မိုက္ကရိုဖုန်းစက် တပ်ဆင်ထားသည်။ မိုင်းဗုံးအပေါ်တည့်တည့်သို့ သင်္ဘောရောက်လာသောအခါ သင်္ဘောမှအသံကြောင့် ဤစက်သည် မိုင်းဗုံးကို ပေါက်ကွဲစေလေသည်။ ပင်လယ် မိုင်းဗုံးများကို မိုင်းဗုံးရှင်း သင်္ဘောများဖြင့် ဖယ်ရှားပစ်ရ သည်။ ထိုသို့ ရှင်းပစ်ရာတွင် ခွေးသွားစိတ်အနားများဖော်ထားသည့် ရေအောက် ကြေးနန်းကြိုးတွင် တစ်ဖက်မှ အောရိုပီဆာဟုခေါ်သည့် ဘောတပ်၍ သင်္ဘောဖြင့် ကြိုးကို ဆွဲယူသည်။ ခွေးသွားစိတ်အနားရှိသော ကြိုးသည် မိုးဗုံးကြိုးကို စား သဖြင့် မိုင်းဗုံးကြိုး ပြတ်သွားတော့၏။ ထိုအခါ မိုင်းဗုံးကို မြုပ်၍ဖြစ်စေ၊ သေ နတ်ဖြင့် ဖောက်ခွဲ၍ဖြစ်စေ သုတ်သင်ရှင်းလင်းပစ်ကြသည်။ သံလိုက်မိုင်းဗုံးများကိုမူကား ရေအောက်မြေပေါ်တွင်ပင် ဖောက်ခွဲပစ် လေ့ရှိသည်။ ထိုသို့ ဖောက်ခွဲပစ်ရာတွင် သင်္ဘော၏ပဲ့ပိုင်းမှ ကြိုးတစ်ကြိုးကို ဆွဲ ယူ၍ ထိုကြိုးတွင် အလွန်အားကောင်သော လျှပ်စစ်ဓာတ်စီးကို ဖြတ်သွားစေ သည်။ ထိုသို့ လျှပ်စစ်ဓာတ်စီးရာ၌ ဖြစ်ပေါ်လာသော သံလိုက်သည် မိုင်းဗုံးကို ပေါက်ကွဲသွားစေသည်။ သင်္ဘောကိုမူကား သံလိုက်မိုင်းဗုံးကြောင့် ပေါက်ကွဲ ပျက်စီးခြင်း မရှိရအောင် တစ်မျိုးတစ်ဖုံ ပြုလုပ်ထားရသည်။ သင်္ဘောပတ်လည် ၌ ရေအောက်ကြေးနန်းကြိုးကဲ့သို့ အခွေဖြစ်အောင် ပတ်ပတ်လည်ပတ်ပေး၍ ထို အခွေတွင် သေချာစွာတိုင်းတာထားသည့် လျှပ်စစ်ဓာတ်စီးကို ဖြတ်သန်းသွားစေ သည်။ ဤသို့ လျှပ်စစ်ဓာတ် လွှတ်ပေးထားသောအခါ သင်္ဘောသည် မိုင်းဗုံး တည့်တည့်သို့ ရောက်ရှိလာသော်လည်း မိုင်းဗုံးတွင် တပ်ဆင်ထားသည့် လက်တံ ငယ်လှုပ်ရှားသွားခြင်း မရှိပေ။ အသံကြောင့် ပေါက်ကွဲတတ်သည့် မိုင်းဗုံးမျိုးမှ ကာကွယ်နည်း တစ်နည်းတည်းရှိရာ ထိုနည်းမှာ သင်္ဘောမရောက်မီ ရေအောက် တွင် အသံမြည်အောင်ပြုလုပ်ပြီးလျှင် မိုင်းဗုံးကို ဖောက်ခွဲပစ်သည့်နည်းဖြစ်သည်။ ရေအောက် မြေပြင်ပေါ်တွင်ချပေးသော မိုင်းဗုံးများကို လေထီးများဖြင့် လေယာဉ်ပျံမှဖြစ်စေ၊ သို့မဟုတ် ရေမြု|ပ်မိုင်းဗုံးများ ချပေးသော သင်္ဘောဖြင့်ဖြစ် စေ ဖြန့်ပေးလေ့ရှိသည်။ ဒုတိယကမ္ဘာစစ်အတွင်းက မြေပြင်သုံး မိုင်းဗုံးများကို လေယာဉ်ပျံပေါ်မှ ချပေးခဲ့ကြသည်။ ဤမိုင်းဗုံးများသည် တစ်စုံတစ်ခုနှင့် တိုက် ခိုက်မိသောအခါ သာမန်ဗုံးများကဲ့သို့ပင် ပေါက်ကွဲနိုင်သော သတ္တိရှိသည်။


[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်း အတွဲ(၉) အပိုင်း(ခ)