မိုင်းခိုင်းဆရာတော်
မိုင်းခိုင်းဆရာတော်(မြန်မာ ၁၂ဝ၄ - ၁၂၆၁)
[ပြင်ဆင်ရန်]မိုင်းခိုင်းဆရာတော်သည် အမရပူရ ဒုတိယမြို့တည် နန်းတည် သာယာဝတီ မင်းတရားကြီးလက်ထက် မြန်မာ သက္ကရာဇ် ၁၂ဝ၄ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက် ကြာ သပတေးနေ့တွင် မုံရွာခရိုင် အလုံမြို့နယ် သာစည်ရွာ၌ ဖွားမြင် တော်မူသည်။ ၇ နှစ်အရွယ်သို့ ရောက်သောအခါ ဂိုဏ်းအုပ် ဆရာတော်ဦးရေဝတထံအပ်နှံ၍ ကျောင်းသားဘဝမှရှင်သာမဏေ အဖြစ် ရောက်သည်အထိ ပညာသင်ကြားလေသည်။ သာမဏေ ဘွဲ့မှာ ရှင်ပဏ္ဍိတ ဖြစ်သည်။
ပညာဉာာဏ် အလွန်ထက်မြက်သဖြင့် ကျောင်းသား သူငယ်တို့ သင်အပ်သမျှ နမောဗုဒ္ဓါယ အစ သင်ပုန်းကြီး၊ မဂ‡လသုတ်၊ အောင်ခြင်းရှစ်ပါး၊ ရတနာရွှေချိုင့်၊ ပရိတ်နမက္ကာ ရ၊ ထိုထိုစာငယ်တို့နှင့်တကွ ဇာတ်ကြီးဆယ်ဘွဲ့၊ ဆန်းအလက‡ာ၊ သဒ္ဒါ၊ အဘိဓာန်၊ သင်္ဂြိုဟ်သင်္ဂဟတို့ကို သင်ကြားပြီးသည့် နောက် ရှင်သာမဏေအဖြစ်မှ အသက် ၁၇ နှစ် ရောက်သည် တွင် သင်္ခေပဋီကာ၊ အဘိဓမ္မတ္ထဝိ ဘာဝနီဋီကာ၊ အဋ္ဌသာလိနီ၊ မူလဋီကာ စသော အဘိဓမ္မာ ပိဋကတ်ကျမ်းများကို သင်ကြား တတ်မြောက်ခဲ့လေသည်။
ဆရာတော်ဦးရေဝတသည် တပည့်သာမဏေရှင်ပဏ္ဍိတ ၏ တိက္ခ၊ ဂမ္ဘီရ၊ ဘူရိ၊ ဟာသ၊ ဇဝန၊ ပညာဉာာဏ်နှင့် တကွ သတ္တိဗလ၊ ဗျတ္တိဗလ စူးရှထက်သန် လျင်မြန်နက်နဲသော အကြောင်းအရာတို့ကို သိတော်မူသည့်အလျောက် မန္တလေး ရတနာပုံ နေပြည်တော်၊ သုဓမ္မာ သာသနာပြု စံကျောင်း ဆရာ တော် ဘုရားကြီးထံသို့ ပညာဆက်လက် ဆည်းပူးသင်ကြားရန် ပို့တော်မူလေသည်။ စံကျောင်း ဆရာတော်ဘုရားကြီးသည် ရှင်ပဏ္ဍိတအား ကိုယ်တော်တိုင် ခုနစ်ရက်ခန့် စုံစမ်းစစ်ဆေး မေးမြန်းတော်မူရာ သာသနာ၏အကျိုးကို အထူးသည်ပိုး ရွက် ဆောင်လတ္တံ့သော စွမ်းရည်ရှိသည်ကို မြင်တော်မူရကား များစွာ နှစ်သိမ့်အားရတော်မူလေသည်။ သို့ဖြစ်၍ သုံးဆူသောပိဋကတ်
တော်တို့တွင် အဘိဓမ္မာပိဋကတ်ကျမ်းစာ၊ ပါဠိအဋ္ဌကထာဋီကာ၊ အနု၊ မဓု၊ လက်သန်း၊ ဂန္ထန္တရ၊ ဂဏ္ဌိ၊ ယောဇနာ စသည်တို့ကို အရာမကသောနည်းတို့ဖြင့် အထူးပို့ချသင်ကြား ပြသတော်မူလေ သည်။
ယင်းသို့ စံကျောင်း ဆရာတော်ဘုရားကြီး၏ ခြေရင်း တော်၌ သူမတူအောင်ဆောင်ရွက် သင်ကြားနေသည့်အတွင်း ရှင်ပဏ္ဍိတသာမဏေ၏ ထက်မြက်သော ဂုဏ်သတင်းကို ပဉ္စမသဂ‡ါယနာတင် မင်းတုန်းမင်းတရားကြီး ကြားသိတော်မူရာ၊ သားကောင်းရတနာကို အရတော်လေစွဟု ဝမ်းမြောက်တော်မူလှ သဖြင့် ပစ္စည်းလေးပါးအလှူတော်ကို အမြဲချီးမြေ|ာက်တော်မူ သည်။ သက္ကရာဇ် ၁၂၂၄ ခုနှစ် ဝါဆိုလတွင် ဆင်ဖြူမရှင် မိဖုရားကြီးက မြင့်မြတ်သော ဥပသမ္ပဒ ရဟန်းအဖြစ်သို့ သွတ်သွင်း ချီးမြှင့်တော်မူသည်။
စံကျောင်းဆရာတော် ဘုရားကြီးထံ စာပေသင်ကြားပြီး သည့်နောက် ရဟန်းသိက္ခာ ၅ ဝါမှစ၍ ဆရာတော်ဘုရား၏ နည်းနာအတိုင်း အလွန်သိမ်မွေ့နက်နဲ ခဲကတ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာ၊ ပိဋကတ် အထူးထူးသော အဆုံးအဖြတ်တို့ ကို ဆုံးဖြတ်စီရင်ရေးသားလျက် သာသနာတော်၏ အကျိုးကို သည်ပိုးဆောင်ရွက်တော်မူ၏။ ထိုအကြောင်းကို မင်းတုန်းမင်း ကြီး ကြားသိတော်မူရာ နှစ်သက်ဝမ်းမြောက်ခြင်း ပြင်းစွာဖြစ် သဖြင့် ရဟန်းသိက္ခာ ၁၂ ဝါအရတွင် ပထမစာချအဖြစ် ချီးမြေ|ာက်တော်မူ၍ သိက္ခာ ၂၃ ဝါအရတွင် ပဏ္ဍိတဓဇ သီရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု ဘွဲ့နာမည်ဖြင့် ချီးမြေ|ာက် တော်မူသည်ကို ခံရလေသည်။
ထိုနောက် သက္ကရာဇ် ၁၂၅ဝ ပြည့်နှစ်တွင် စံကျောင်း ဆရာတော်ဘုရား ပျံလွန်တော်မူရာ ထိုစံကျောင်းတိုက်၌ပင် ဆက်လက်၍ စာပေပို့ချနေလေသည်။ ၁၂၅၄ ခုနှစ်တွင် စလင်း မြို့သို့ကြွ၍ မြို့သူမြို့သားများအား တရားရေအေးတိုက်ကျွေး တော်မူခြင်း၊ ပိဋကတ်တော် အဆုံးအဖြတ်များကို ရေးသား စီရင်ခြင်းများကို ဆောင်ရွက်တော်မူသည်။
သက္ကရာဇ် ၁၂၅၇ ခုနှစ်သို့ ရောက်သောအခါ မြို့သစ် မြို့စား အတွင်းဝန်ကြီး မဟာဇေယရာဇသင်္ကြံက အတန်တန် လျှောက်ထား တောင်းပန်သောကြောင့် မန္တလေးမြို့သို့ ပြန်လည် ကြွလာတော်မူပြီးလျှင် ရွှေရေးဆောင်တိုက် အုတ်ကျောင်းကြီး၌ သီတင်းသုံးတော်မူ၍ ရှင်ရဟန်းတို့အား စာပေပို့ချကာ ဝိနိစ္ဆယ အဆုံးအဖြတ်များကို စီရင်ဆုံးဖြတ်သုတ်သင် ရှင်းလင်းတော်မူ သည်။
ဤသို့ သာသနာတော်အကျိုးကို အဘက်ဘက်မှ သည်ပိုး ဆောင်ရွက်တော်မူနေဆဲတွင် အစဉ်ကပ်ငြိရင်း လေရောဂါကြောင့် သက်တော် ၅၈၊ ဝါတော် ၃၈၊ သက္ကရာဇ် ၁၂၆၁ ခုနှစ် တပေါင်းလပြည့်ကျော် ၁၃ ရက် အင်္ဂါနေ့ညနေ တွင် ပျံလွန်တော်မူလေသည်။[၁]
ပြုစုခဲ့သည့် ကျမ်းများ
[ပြင်ဆင်ရန်]ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။
၁။ ဝီထိပုံ၊ သိမ်ပုံ၊ ဆန်ပုံ။
၂။ တိပေဋကဝိနိစ္ဆယကျမ်း ပဌမတွဲ၊
၃။ တိပေဋကဝိနိစ္ဆယကျမ်း ဒုတိယတွဲ။[၂]