မိုက်ကယ် အော့တို

ဝီကီပီးဒီးယား မှ
မိုက်ကယ် အော့တို
မွေးသက္ကရာဇ် (1943-04-12) ဧပြီ ၁၂၊ ၁၉၄၃ (အသက် ၈၀)

ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၄ ဘီလျံ
မွေးရပ်ဇာတိ Chelmno (Kulm) ပိုလန်

မိုက်ကယ် အော့တိုကို ၁၉၄၃ ဧပြီ ၁၂ နေ့တွင် ပိုလန်ရှိ နာဇီ သိမ်းပိုက်ခံခဲ့ရသည့် Chelmno (Kulm) တွင် မွေးဖွားခဲ့သည်။ ၂၀၀၃ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ၂၄ ဘီလီယံဖိုး ရောင်းချနိုင် ခဲ့သည့် ကမ္ဘာ့အကြီးဆုံး အင်တာနက်ဖြင့်အရောင်းအဝယ်လုပ်သည့် German Otto Group Company ၏ ခေါင်းဆောင်တယောက် ဖြစ်သည်။

အရင်နှစ် အင်တာနက် အရောင်းအဝယ်လုပ်ငန်းတွင် ၃၀% နှုန်း တိုးတက်လာသောကြောင့် Otto Group အနေဖြင့် အင်တာနက် လက်လီအရောင်းအဝယ်လုပ်ငန်းတွင် Amazon.com ၏ နောက်တွင် ကပ်လျက် ဒုတိယနေရာကို ဆက်လက်ထိန်းထား နိုင်ခဲ့သည်။

သူတို့သည် ယခင်က Spiegel Inc ကိုပိုင်ဆိုင်ခဲ့ပြီး (မိခင်ကုမ္ပဏီမှာ Eddie Bauer ဖြစ်ပြီး Spiegel Catalog ၏ ပထမ ပိုင်ဆိုင်သူများ) ၂၀၀၃ မတ် ၁၇ နေ့တွင် အကြွေးမဆပ်နိုင်သောကြောင့် တ ရားစွဲ ခံခဲ့ရသည်။

၂၀၀၅ မေ ၂၅ နေ့တွင် Spiegel Inc သည် ဒေဝါလီခံခဲ့ရပြီး ယခုအခါ Commerzbank အများဆုံး ပိုင်ဆိုင်သည့် Eddie Bauer Holdings အဖြစ် ပြန်လည် ဖွဲ့စည်း ခဲ့သည်။ Otto Group အနေဖြင့် ထို Eddie Bauer Holdings တွင် မည်သည့် ရှယ်ယာ မှ ပိုင်ဆိုင် ခြင်းမရှိပေ။

အော့တို နှင့် သူ မိသားစုသည် ကနေဒါနှင့် အမေရိကတွင် အလွန်ကြီးကျယ်၍ ခန်းနားသော အဆောက်အဦး နှင့် ခြံများကို ပိုင်ဆိုင်သည်။ ဂျာမနီရှိ Shopping Center များနှင့် Crate & Barrel ပရိဘောဂဆိုင်ခွဲတချို့ကိုပိုင်ဆိုင်သည်။ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းများလုပ်သည့် ပုဂ္ဂိုလ်စစ်စစ်တယောက်အဖြစ် လူသိများသည်။ သူ၏ ကုမ္ပဏီသည် သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းသည့် ပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီဟု အချိန်ကြာမြင့်စွာ အမွှန်းတင်ခံရသည်။

၁၉၉၃ တွင် Michael Otto Foundation (ဂျာမန်လို-Michael Otto Stiffung) ကိုစတင်တည် ထောင် ခဲ့သည်။ ထိုအဖွဲ့အစည်းသည် သဘာဝပတ်ဝန်းကျင်ပူနွေးလာသည့် ကိစ္စရပ်များကို အစုရှယ်ယာရှင်များနှင့် ဆွေးနွေးတိုင်ပင် သည့် လုပ်ငန်းများကို အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ခဲ့ပြီး လက်ရှိ လုပ်ဆောင်နေဆဲ ဖြစ်သည်။

အပိုဆောင်းကြည့်ရှုစရာများ[ပြင်ဆင်ရန်]