မိုက္ကရိုဖလင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မိုက္ကရိုဖလင်[ပြင်ဆင်ရန်]

ပုံနှိပ်စာလုံးများနှင့် အခြားပစ္စည်းများအား ဓာတ်ပုံ ရိုက်ကူးထားသည့် သေးငယ်သော ဖလင်ကော်ပြားကို မိုက္ကရို ဖလင်ဟုခေါ်သည်။ စာအုပ်တစ်အုပ်လုံး၏ စာသားကို ပေ အနည်းငယ်မျှသာရှည်၍ ပြက်နှစ်လက်မထက်မပိုသော ဖလင် ကော်ပြားကလေးပေါ်တွင် ဓာတ်ပုံ ရိုက်ကူးထားနိုင်ပေသည်။ ထိုနောက် ဖလင်ကော်ပြားကို အလိပ်ကလေးလိပ်၍ မူလ စာအုပ်ထားသည့်နေရာ၌ပင် စာအုပ်လောက် နေရာကျယ်ကျယ် မယူရတော့ဘဲ နေရာအတော်ကျဉ်းကျဉ်းတွင် ထားနိုင်လေသည်။ ဓာတ်ပုံရိုက်ကူးပြီးသော ဖလင်ကို ရုပ်သေပြစက်ပေါ်တွင်တင်၍ ဆလိုက်မီးထိုးလိုက်သည့်အခါ အလွန်သေးငယ်သော စာလုံးများ ကြီးလာသဖြင့် ကောင်းစွာဖတ်ရှုနိုင်သည်။


မိုက္ကရိုဖလင်သည် ပညာရေး၊ သိပ္ပံပညာဆိုင်ရာ လုပ် ငန်း၊ စက်မှုလက်မှုလုပ်ငန်း စသော လုပ်ငန်းများတွင် များစွာ အသုံးဝင်၏။ စီးပွားရေး မှတ်တမ်းများကို ဖိုင်တွဲကြီးများနှင့် သိမ်းဆည်းမထားတော့ဘဲ မိုက္ကရိုဖလင်များနှင့် ဓာတ်ပုံရိုက်ကူး ထားကြသည်။ ထို့အတူ နေရာအမြောက်အမြားယူ၍ ထားရှိရ မည့် စာအုပ်များကို မိုက္ကရိုဖလင်များနှင့် ဓာတ်ပုံရိုက်ကာ သိမ်းဆည်းထားရာ၌ ဖလင်လိပ်အနည်းငယ်သာ ကုန်သည်။ အရေးကြီးသော စာချုပ်စာတမ်းများနှင့် ရှားပါးလှသော စာအုပ် များကိုလည်း မိုက္ကရိုဖလင်များနှင့် ဓာတ်ပုံရိုက်ယူထားကြသည်။ ဤသို့ဖြင့် ယင်းတို့ကို ထိန်းသိမ်းထားရာ၌ မပျက်စီးနိုင်သည့် ပြင် နေရာအတွက်လည်း တာဝန်အလွန်ကျဉ်းပေသည်။ ရိုက် ကူးပြီးသား မိုက္ကရိုဖလင်များကို အဖိုးအနည်းငယ်နှင့် ရရှိနိုင် သဖြင့် ယခုအခါ ခေတ်မီစာကြည့်တိုက်များနှင့် ကျောင်းများ တွင် ထားရှိကြသည်။


မိုက္ကရိုဖလင်များသည် သိမှန်လိုသော အကြောင်းအရာ အချက်အလက်များကို မှတ်တမ်းတင်ရာ၌ အကောင်းဆုံးဖြစ် သည်။ ခရစ် ၁၉၃၉ ခုနှစ်၌ နယူးယော့မြို့တွင် ယခုခေတ် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းရပ်များကို နောင်လာနောက်သား များအဖို့ အကျိုးရှိစေရန် မိုက္ကရိုဖလင်များနှင့် မှတ်တမ်းတင်၍ အခိုင်အခံ့ ဆောက်လုပ်ထားသော မြေအောက်လိုဏ်ခေါင်းတွင် မြှုပ်နှံထားကြသည်။ စာမျက်နှာပေါင်း ၃ဝ၀၀ဝဝဝ ကျော်မျှရှိသော ထိုယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်များကို မိုက္ကရိုဖလင်နှင့် ဓာတ်ပုံရိုက်ကူးရာ၌ ဖလင်လိပ် သုံးလိပ်နှင့်တစ်ဝက်မျှသာ ကုန် သည်။ ထိုမိုက္ကရိုဖလင်များကို နောင်နှစ်ပေါင်း ၅၀၀ဝဝဝ ကြာမှ ထုတ်ယူလေ့လာကြမည်ဟု ဆိုသည်။ မိုက္ကရိုဖလင်တွင် ဓာတ်ပုံရိုက်သည့်လုပ်ငန်းကို ဓာတ်ပုံ ပညာပေါ်ကတည်းက သိရှိလာခဲ့ကြသော်လည်း ၁၉၂၈ ခုနှစ်

နောက်ပိုင်းကျမှ ခေတ်စားလာသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း စောစောပိုင်းလောက်က အင်္ဂလန်နိုင်ငံမှ စာကြည့်တိုက်များသည် လေကြောင်းတိုက်ပွဲ ဒဏ်ကြောင့် များစွာပျက်စီးခဲ့ရသည်။ အလွန်အဖိုးတန်သည့် စာအုပ်များနှင့် စာချုပ်စာတမ်းများ အမြောက်အမြား ဆုံးရှုံးခဲ့ရသည်။ နောက်ထပ် မပျက်စီးမဆုံးရှုံး ရအောင် အဖိုးတန်စာအုပ်များနှင့် စာမူများကို မိုက္ကရိုဖလင်များ ဖြင့် ဓာတ်ပုံရိုက်ကူး၍ သိမ်းဆည်းထားသဖြင့် သက်သာရာရရှိ လေသည်။ ယခုခေတ်တွင် အများအသုံးပြုကြသောမိုက္ကရိုဖလင်၏ အရွယ်အစားမှာ ၃/၄ လက်မ သို့မဟုတ် ၁ ၃/၈ လက်မ အကျယ်ရှိသည်။ အချို့မှာ အပျော်တမ်း ဓာတ်ပုံရိုက်သမားများ အသုံးပြုသော ဖလင်ကော်ပြားအရွယ်လောက်ပင် ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)