မိုက္ကရိုစာအုပ်

ဝီကီပီးဒီးယား မှ

မိုက္ကရိုစာအုပ်သည် စာအုပ်ကို အငယ်ဆုံး အရွယ်အထိ ဖန်တီးကာ ဖတ်ရှုနိုင်အောင် သိပ္ပံပညာဖြင့် စီစဉ်ထားခြင်းဖြစ် သည်။ ကမ္ဘာပေါ်တွင် ပုံနှိပ်အတတ်စတင် ပေါ်ပေါက်လာပြီး သည့်နောက် စာအုပ်သည် လူအတွက် မရှိမဖြစ်သော အသုံးအဆောင် တစ်ခုဖြစ်လာခဲ့လေသည်။ တစ်နေ့ထက်တစ်နေ့ ပုံနှိပ်စာ အုပ်အမြောက်အမြား ပေါ်ထွက်လာသော်လည်း မည်သူတစ်ဦး တစ်ယောက်မျှ ကုန်စင်အောင်မဖတ်နိုင်ပေ။ ထွက်သမျှစာအုပ်ကို မဆိုထားဘိ၊ စာအုပ်ကောင်းများကိုချည်း ရွေးဖတ်ရန်ပင် အချိန် မလုံလောက်နိုင်ပေ။ အချိန်အခက်အခဲသာမက စာအုပ်များကို ထားသိုရန် နေရာအခက်အခဲကလည်း ရှိသေးသည်။ ပုံပမာ - အစဉ်မပြတ် မှီငြမ်းပြုနေရန်သင့်သည့် အင်စိုင်ကလိုပီးဒီးယား ခေါ်အင်္ဂလိပ် စွယ်စုံကျမ်းကြီးမျိုးမှာ တစ်စုံလျှင် ၂၄ တွဲမျှရှိပြီးလျှင် ကြီးမားလေးလံလှသောကြောင့် အမြဲတမ်း ဆောင်ထားရန်မဖြစ်နိုင်ပေ။ ဤအခက်အခဲများကို သိပ္ပံကဝိကြီး များက အမျိုးမျိုးစီမံကြံဆောင်၍ ဖြေရှင်းလိုက်ကြလေပြီ။ သိပ္ပံပညာရှင်ကြီးတို့၏ တီထွင်ချက်မှာ အလိုရှိရာ စာအုပ်ကြီးတစ်အုပ်လုံးကိုရုပ်ရှင်ရိုက်ကူးသကဲ့သို့ ကော်ပြားဖြင့် ရိုက်ကူးပြီးလျှင် လျှပ်စစ်ဓာတ်အလင်းဖြင့် ပိတ်ကားပေါ်တွင် ရုပ်ရှင်များပြသကဲ့သို့ တစ်ဖန် ပြန်လည်ပြသခြင်းဖြစ်သည်။ ယင်းသို့ ရိုက်ကူးရာ၌ ရိုးရိုးဓာတ်ပုံရိုက်သကဲ့သို့ သော်လည်း ကောင်း၊ ရုပ်ရှပ်ရိုက်သကဲ့သို့သော်လည်းကောင်း နှစ်သက်သည့် နည်းဖြင့် ရိုက်ကူးနိုင်ပေသည်။ မည်သည့်နည်းဖြင့် ရိုက်ကူး သည်ဖြစ်စေ ဖလင်ကော်ပြား၏ ပြက်မှာ ၁ လက်မထက်ပို၍ မကျယ်ပေ။ စာဖတ်စက်မှာ ကြီးကျယ်လှသော ကိရိယာမဟုတ် ဘဲ အမြင့် ၂ ပေမျှသာရှိ၍ ရိုးရိုးစားပွဲပေါ်တွင် တင်ထားနိုင် သည်။ ယခုအခါ စာဖတ်စက်ကို ပြည်သူလူထုသို့ ထုတ် မရောင်းသေးသော်လည်း တန်ဖိုးမှာ ၁၅ ပေါင်ထက်မပိုကြောင်း သိရပေသည်။ ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံး စာအုပ်အသီးအသီးကို မိုက္ကရိုစာအုပ်ပြုကာ ဖတ်ရှုနိုင်ပေသည်။ ကျမ်းအတွဲပေါင်း ၂၄ တွဲရှိသော အင်္ဂလိပ်စွယ်စုံကျမ်းကြီးကို မိုက္ကရိုစာအုပ်ပြုပြီး အိတ် ထဲတွင်ထည့်ကာ ဆောင်ယူသော် ဆောင်ယူနိုင်ပေသည်။ ဤကဲ့ သို့ ကြီးမားလှသောစာအုပ်များကို လွယ်ကူသက်သာစွာ ဖတ်ရန် ယူဆောင်သွားနိုင်သောကြောင့် ပညာရေး အခက်အခဲများကို သာမန်လူတန်းစားများပင် ဖြေရှင်းနိုင်ဖွယ် ရှိပေသည်။ မိုက္ကရို စာအုပ်၏ အကူအညီဖြင့် ကမ္ဘာပေါ်ရှိ ပညာရပ်အသီးအသီးကို လွယ်လင့်တကူ ရယူမှတ်သားနိုင်သောကြောင့် မည်သူမဆို မိမိ သန်ရာ ပညာဘက်တွင် အစွမ်းကုန်ထူးချွန်အောင် ကြိုးစား လေ့လာနိုင်သည်။ ယခုအခါတွင် စာဖတ်စက်များကို လန်ဒန်မြို့ သိပ္ပံဘက်ဆိုင်ရာ စာကြည့်တိုက်နှင့်တကွ အခြားသောနေရာများ တွင်လည်း တွေ့နိုင်သည်။ မိုက္ကရိုဖလင်ကို လူသုံးများလာသည် နှင့်အမျှ အမေရိကန် သိပ္ပံပညာရှင်အချို့က နောင်သောအခါ ထုတ်ဝေသမျှ ဂျာနယ် မဂ္ဂဇင်းတို့ကို မိုက္ကရိုဖလင်ဖြင့် ထုတ်ဝေ ဖြန့်ချိရန် ကြံရွယ်နေကြသည်။ မိုက္ကရိုဖလင်က အသုံးပြုရာတွင် စာပုံနှိပ်ခြင်းထက် အဖိုးအခများစွာသက်သာသည်ဟု အကြောင်း ပြကြသည်။ စာအုပ်များကို သိုမှီးရမည့်အစား မိုက္ကရိုဖလင်နှင့် မိုက္ကရိုစာအုပ်များကို သိုမှီးရခြင်းသည် ငွေအကုန်အကျ နည်း သည်သာမက နေရာအယူလည်းနည်း၍ များစွာ သက်သာလှပေ သည်။ သို့ရာတွင် မိုက္ကရိုဖလင်သည် စက္ကူလောက်တာရှည်ခံ မခံကိုကား သံသယဖြစ်ဖွယ်ရှိပေသည်။ မိုက္ကရိုဖလင်သည် စက္ကူနေရာတွင် လည်းကောင်း၊ မိုက္ကရိုစာအုပ်သည် စာအုပ်နေရာတွင်လည်းကောင်း အသီးအသီး အစားထိုးယူလိုက်ကြလျှင် ယခုလက်ရှိ စာအုပ်အစီအစဉ်နှင့် တကွ စာပေပါ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာပေလိမ့်မည်။ စာ ကြည့်တိုက်ကလေး တစ်တိုက်တွင် မိုက္ကရိုစာအုပ် ၁ဝယဝဝဝ ခန့် ထားရန်မှာ များစွာခဲယဉ်းလှမည် မဟုတ်ပေ။ အဆိုပါ မိုက္ကရို စာအုပ်များကိုဖတ်ရန် စာဖတ်စက်မှာ ရေဒီယိုတစ်လုံး၏တန်ဖိုး လောက်သာရှိပေသည်။ ထိုကြောင့် နောင်အခါ လူထုပညာသင် ကြားရေးတွင် တိုးတက်မှုအများအပြား မြှော်လင့်ဖွယ်ရာရှိသည် ဟုဆိုနိုင်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)