မိန်းမကောင်းအင်္ဂါ (၆၄) ရပ်

ဝီကီပီးဒီးယား မှ

မိန်းမကောင်းအင်္ဂါ (၆၄) ရပ် ယင်းတို့ကား

(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ် (၂)ကိုယ်လက္ခဏာ ...................................... ၁၆ ရပ် (၃)စိတ်လက္ခဏာ ...................................... ၆ ရပ် (၄)လက်ဖဝါးလက္ခဏာ .................................... ၉ ရပ် (၅)လည်ပင်းလက္ခဏာ ..................................... ၁ ရပ် (၆)အသံလက္ခဏာ ...................................... ၃ ရပ် (၇)မျက်နှာလက္ခဏာ ...................................... ၈ ရပ် (၈)သွားလက္ခဏာ ...................................... ၁ ရပ် (၉)မျက်စေ့လက္ခဏာ ...................................... ၄ ရပ် (၁၀)ဆံပင်လက္ခဏာ ...................................... ၃ ရပ်


ကိုယ်လက္ခဏာ ၁၆ ရပ်

၁။ တက်သစ်စ လရောင်နှင့်တူသော ကိုယ်ရောင် ၂။လင်္ကျာရစ်လည်သောအချက် ၃။လင်္ကျာရစ်လည်သောဗွေ ၄။ရွှေသောအဆင်း ၅။နက်သောချက် ၆။ရှည်သောလက် ၇။ဖွံ့သောပေါင်ရှိခြင်း ၈။ကြီးမြတ်သော သားမြတ် ၉။ဆင်ကဲ့သို့သွားခြင်း ၁၀။သေးသွယ်သော ခါးရှိခြင်း ၁၁။သိမ်မွေ့သော အင်္ဂါရှိခြင်း ၁၂။ကောင်းသောကိုယ်ရှိခြင်း ၁၃။ဖွံ့ဖြိုးသော တင်သားရှိခြင်း ၁၄။ကိုယ်မွေးနည်းခြင်း ၁၅။လိပ်ကျောကုန်းကဲ့သို့အင်္ဂါရှိခြင်း ၁၆။ကြာပန်းကဲ့သို့မွှေးသောကိုယ်နံ့ရှိခြင်း

စိတ်လက္ခဏာ ၆ ရပ်

၁။ဖြူစင်သောနှလုံးရှိခြင်း ၂။ကောင်းသောအကျင့်သီလရှိခြင်း ၃။စင်ကြယ်သောအကျင့်သီလရှိခြင်း ၄။ချစ်ခင်နှစ်သက်ခြင်း ၅။အရိပ်ခြေသိခြင်း ၆။ဖြောင့်မတ်တည်ကြည်ခြင်း

လည်ပင်းလက္ခဏာ ၁ ရပ်

၁။လည်ရေး ၃ ဆင့်ရှိခြင်း

အသံလက္ခဏာ ၃ရပ်

၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း ၂။အဆိုအမိန့်နှင့်သာယာသောအသံရှိခြင်း ၃။ဥဩသံနှင့်တူသောအသံရှိခြင်း

မျက်နှာလက္ခဏာ ၈ ရပ်

၁။လပြည့်ဝန်းနှင့်တူစွာရှိခြင်း ၂။ရှည်သောမျက်နှာရှိခြင်း ၃။နီသောနှုတ်ခမ်းရှိခြင်း ၄။ဖြိုးမောက်သောနှာတံရှိခြင်း ၅။ပြည့်ဖြိုးသောပါးရှိခြင်း ၆။မှဲ့ ဝက်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန် အလံတိုင် အရေးရှိခြင်း ၇။သံတ္တိမည်သောအရေးကဲ့သို့ နဖူးပြင်၌ အရေးရှိခြင်း ၈။ချွန်သောနှာခေါင်းရှိခြင်း

သွားလက္ခဏာ ၁ ရပ်

၁။ ခရုသင်းပွင့်သစ်စကို လွှနှင့်ဖြတ်သည့်အလား မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း

မျက်စေ့လက္ခဏာ ၄ ရပ်

၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ရှိခြင်း ၂။ကြာညိုပန်းနှင့်တူသောမျက်စေ့ (အချို့မှာ ပြာညိုသော မျက်စေ့ရှိခြင်း) ၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း ၄။ပဒုမ္မာကြာကဲ့သို့ အချို့မှာ စိမ်းသောမျက်စေ့ ရှိခြင်း

ဆံပင်လက္ခဏာ ၃ ရပ်

၁။အဖျားကော့သော ဆံပင်ရှိခြင်း ၂။ရှည်သော ဆံပင်ရှိခြင်း ၃။သိမ်မွေ့သော ဆံပင်ရှိခြင်း

ဤကားကောင်းခြင်း ၆၄ ရပ်တည်း