မိန်းပန်ခေါ် ဆရာကောလီ
မိန်းပန်ခေါ် ဆရာကောလီ
[ပြင်ဆင်ရန်]တောင်ပိုင်းရှမ်းပြည် မိုးနဲမြို့ဇာတိ မြန်မာသက္ကရာဇ် ၁၂၀၉-ခု တန်ဆောင်မုန်းလဆုတ် (၉)ရက် တနင်္လာနေ့ မြို့စားကြီး ဦးဉာဏ မြို့စားကတော် ခွန်နန်းအိမ်တို့မှ ဖွားမြင်သည်။ ငယ်နာမည် စိုင်းလိတ် ဖြစ်သည်။ အချို့က ဆရာကောလီသည် အရှေ့ပိုင်းရှမ်းပြည် မိန်းပန်မြို့ဇာတိ၊ ပဝတ္တိံမိုးနဲမြို့ဟု ဆို ကြသည်။
၈-နှစ် သားအရွယ် မိုးနဲမြိ ု့ဆရာတော် ဦးသုမနကျောင်းတွင် နေ၍ ပညာသင်ကြားရာ တဝါတွင်းနှင့် သင်ပုန်းကြီး၊ မင်္ဂလသုတ်၊ ပရိတ်ကြီး၊ လောကနီတိ၊ နမက္ကာရအားလုံးကို အာဂုံဆောင်နိုင်သည်အထိ ဉာဏ်ကောင်းလေသည်။ ထို့နောက် မိုးနဲ့မြို့ ဟော်ဦးကျောင်းဆရာတော် ဦးဥက္ကဋ္ဌထံ ပြောင်းရွေ့ကာ ပညာဆည်း
ပူးရင်း (၁၀)နှစ်သားအရွယ် ၎င်းကျောင်း၌ပင် မိဘများက သာမဏေအဖြစ် သွတ်သွင်းလေသည်။ သာမဏေဘွဲ့မှာ ရှင်ကောလိယ ဖြစ်သည်။ ဟော်ဦးကျောင်း ဆရာတော် ဦးဥက္ကဋ္ဌက မန္တလေးမြို့မြင်းဝန်တိုက်တွင် ပညာသင်ကြားရန်ပို့ထားရာ မင်းတုန်းမင်းတြားကြီး ရှင်ပြုအလှူတော်ပွဲနှင့်ကြုံပြီး ပညာလည်း ထူးချွန်၍နောက်ထပ်တစ်ကြိမ် ရှင်ပြုရပြန်သည်။ ထို့ကြောင့် မိန်းပန်ခေါ်ဆရာကောလီကို မင်းတုန်းဘုရင် ရှင်ပြု သားတော်ဟု ဆိုကြသည်။
ပထမကျော် စာမေးပွဲဖြေဆိုရန် ရက်နီးကပ်လာမှ မယ်တော် ခွန်နန်းအိမ် အသည်းအသန် မကျန်းမာ၍ ရှင်လိင်ပြန်ပြီး အခေါ်လာသူများနှင့်မိုးနဲသို့ ပြန်လိုက်သွားရသည်။ မိုးနဲ့ပြန်ရောက်သောနေ့မှာပင် မယ်တော် အနိစ္စရောက်သွားသည်။ ဒါန ၊ သီလ ၊ ဘာဝနာများကို မှီငြမ်းပြုသော "ဆုတ်တနိပါန" ခေါ် "သုတ္တနိဗ္ဗာန" ကျမ်းကို ၅-ရက်နှင့်အပြီး ရေးပြီး၇-ရက်မြောက်ရက်လည် ဆွမ်းကျွေး၊ ရှမ်းဘာသာ "ဆွမ်းယဉ်"သောနေ့ "ပူစရေး"ခေါ် စာဖတ်သူက ဖတ်ကြားလေသည်။ ထိုအချိန်မှစ၍ ၎င်းကျမ်းကို လူကြိုက်များပြီး ကျော်ကြားသွားသည်။ ယနေ့တိုင်အောင်ပင် ရှမ်းအမျိုးသားများ အသုဘဆွမ်းယဉ်သောနေ့တွင် "ဆုတ်နိပါန" ကျမ်းကို ကန်တော့ပွဲတွင်ထည့်၍ ဆရာတော် သံဃာတော်များကို လှူဒါန်းကြသည်။ ဆွမ်းယဉ်သောနေ့ ၎င်းကျမ်းမပါလျှင် ကွယ်လွန်သူမှာ ဖြစ်လေရာဘဝ၌ ချို့ငဲ့သောဘဝတွင် ဖြစ်ရပြီးကျန်ရစ်သူများ ဝတ္တရားမကျေပွန်ရာ ရောက်သည်ဟု အယူရှိကြသည်။
ဆရာကောလီ၏အယူအဆမှာ ဘုရားဟော မဟုတ်သော ဆေးထိုးအပ်မြှုပ်ဗေဒင်ယာယီယတြာအစရှိသော လောကီအလုပ်မှန်သမျှ အလွန်မုန်းတီး၍ ပစ်ပယ်ပြီး ဘုရားဟောဒေသနာတော်များကိုသာ ပြုစုရေးသားလေ့ရှိသည်။ မိုးနဲစော်ဘွား "စဝ်ကျင်မိန်း" သည် ယွန်းဂိုဏ်းဆရာတော်များ ပြုစုရေးသားသော လော
ကီကျမ်းများကိုသာ ယုံကြည်လေ့လာအားပေးနေသောကြောင့် ဆရာကောလီပြုစုသော လောကုတ္တရာကျမ်းများ မပေါ်လွင် မထင်ရှား ဖြစ်နေသည်။
သု ဓမ္မ ာဂု ိ ဏ် းနှ င် ့ ယွ န် းဂု ိ ဏ် းသာသနာရေးနှ င် ့ ပတ် သက် ၍ ပဋိ ပက္ခ မသိ မသာ ဖြစ် လာသောကြောင့် ဆရာကောလီ မိုးနဲမြို့မှမိုင်းကိုင်မြို့သို့ ပြောင်းရွေ့နေထိုင်ပြီး မိုးနဲစော်ဘွားအသိဉာဏ်တိုး၍ သတိတရားရပါစေတော့ဟု ရည်ရွယ်ကာ...
- ပထမ ဝိနည်းငါးကျမ်း ကောက်နုတ်ချက်။
- ဒုတိယ အဘိဓမ္မာ ၇-ကျမ်း ကောက်နုတ်ချက်။
- တတိယ သုတ်သုံးကျမ်း ကောက်နုတ်ချက်။
ကျမ်းသုံးကျမ်း ရေး၍ သုံးကြိမ်ပေးပို့သည်။ ၎င်းကျမ်းကို ရှမ်းဘာသာ "ဆန်ကွမ်မိန်းပန်"ခေါ်သည်။ မိုးနဲစော်ဘွားသည် ဆရာကောလီ ပထမပေးပို့သော ဝိနည်းငါးကျမ်းကောက်နုတ်ချက်ကို ကြည့်ရှုပြီးနောက် ယွန်းဂိုဏ်းဆရာတော်များဘက်သို့ မလိုက်ဘဲ လောကီကျမ်းများကိုလည်း ယုံကြည်မှု မရှိတော့ဘဲ ဆရာကောလီကို သတိရလာသည်။ ထပ်မံပေးပို့သော ကျမ်း၂-ကျမ်းကိုပါ လေ့လာကြည့်ရှုပြီး ပညာဉာဏ်ထက်မြက်ပုံနှင့် ပါရမီ ထူ းချွန် ပု ံ များကိ ု ပါ သိ သောကြောင် ့ ဉာဏ် ပူ ဇော် ခငွေ (၁၀ဝ၀)တထောင် ချီ းမြှ င် ့ ပြီ း ဆရာကောလီမိုးနဲမြို့၌ ပြန်လည်နေထိုင်ပါရန် မေတ္တာရပ်ခံသည်။ စော်ဘွားကြီး မေတ္တာရပ်ခံသည်ကို ဝမ်းသာလှပါသည်။ သို့သော် မိုင်းကိုင်မြို့သူနှင့်အကြောင်းပါနေသောကြောင့် မိုးနဲသို့ မပြန်နိုင်ပါတော့ကြောင်း၊ စော်ဘွားကြီးသာ ဗုဒ္ဓသာသနာတော်ကု ိ သန် ့ ရှ င် းအောင် ဆောင် ရွ က် တော် မူ ပါရန် ပြန် ကြားစာ ဆက် လု ိ က် သည် ။ ဆရာကောလီ ပြုစုရေးသားသော ကျမ်းပေါင်း မြောက်မြားစွာအနက် အထူးထင်ရှားသောကျမ်းများမှာ...
- ဆုတ်တနိပါန(ခေါ်)သုတ္တနိဗ္ဗာန
- ဆန်ကွမ်မိန်းပန်+++
- ဓမ္မစကြာအဖွင့် တို့ဖြစ်သည်။
မြန်မာသက္ကရာဇ် ၁၂၇၂-ခု၊ ဆရာကောလီ အသက်(၆၃)နှစ်၊ မိုင်းကိုင်မြို့တွင် ကွယ်လွန်
အနိစ္စရောက်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဒါရိုက်တာ ဆရာမြင့် ၏ ရှမ်းစာဆိုတော်များ