မာတိကာသို့ ခုန်သွားရန်

မိခင်ဘာသာစကားသုံး ကွန်ပျူတာစနစ်

ဝီကီပီးဒီးယား မှ

သဘာဝဘာသာစကား စီမံခြင်း (Natural Language Processing - NLP) ဆိုသည်မှာ ကွန်ပျူတာများအား လူသားတို့၏ ဘာသာစကားကို နားလည်စေရန်၊ စီမံဆန်းစစ်ရန်နှင့် တုပဖန်တီးရန် လုပ်ဆောင်ပေးသည့် ကွန်ပျူတာသိပ္ပံဉာဏ်ရည်တု (Artificial Intelligence) နှင့် ဘာသာဗေဒတို့ ပေါင်းစပ်ထားသော သိပ္ပံနည်းပညာ နယ်ပယ်တစ်ခု ဖြစ်သည်။ ၎င်းတွင် Machine learning (ဒေတာအခြေပြုသင်ယူမှုစနစ်)၊ စာရေးသားမှုနှင့် စကားပြောခြင်းကို နားလည်ခြင်း၊ ဘာသာပြန်ဆိုခြင်း၊ မေးခွန်းဖြေကြားခြင်းနှင့် အခြားသော ဘာသာစကားနှင့် ဆက်စပ်သော လုပ်ငန်းများပါဝင်သည်။