မိက္ခာအနာဂတ္တိကျမ်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

၁။ စံတော်မီဝိသေသလက္ခဏာ

ပရောဖက်ငယ်များအနက် စတုတ္ထအကျယ် ပြန့်ဆုံးသော အနာဂတ္တိကျမ်းပင်ဖြစ်သည်။ ဤကျမ်းကို ဓမ္မသစ်ကျမ်းတွင် (၅)ကြိမ်တိုင်တိုင် ပြန်လည်ကိုးကားရာ တစ်ကြိမ်မှာ ကိုယ်တော်ကိုယ်တိုင် ရည်ညွှန်းခြင်း ဖြစ်သည်။ အထင်ရှားဆုံးမှာ ၅:၂ ဖြစ်၍ မ၊၂:၆တွင် ပြန်လည်ပါရှိသည်။ ဗက်လင်ဧဖရတ်မြို့တွင် မေရှိယသခင်မွေးမြင်မည့်အကြောင်းဖြစ်သည်။ (မြောက်ဖက်၌ အခြားဗက်လင်မြို့ရှိသေးသည်)။

အခြားစွဲငြိစရာမှာ စကားထာ၊ စကားတန်ဆာများ အသုံးပြုခြင်းဖြစ်သည်။ လူအများစုသည် စကားအလင်္ကာ၊ စကားထာ၊ စကားဝှမ်းဖော်ခြင်၌ နှစ်သက်မွေ့လျော်တတ်ကြ၏။ အင်္ဂလိပ်ဘာသာစကားတွင်မူ ဤအလေ့အထားများစွာ မတွေ့ရပါ။ (ရှိတ်စပီးယား၏ စာပေများတွင်မူတွေ့ရတတ်သည်)။ ဟေဗြဲဘာသာဓမ္မဟောင်းကျမ်းတွင် ဤအသုံးအနှုန်းမျိုး မြောက်များစွာတွေ့ရသည်။ မိက္ခာကျမ်း ၁:၁၀-၁၅ ကို ထင်ရှားသော လက်တင်ကဗျာဆရာကြီး Cicero ၏ အလင်္ကာ အတတ်ပညာနှင့် နှိုင်းယှဉ်နိုင်သည်။ ဤကျမ်းပိုဒ်သည် ဘာသာပြန်ဆိုရန် ခက်ခဲနက်နဲသည်။ အဓိပ္ပါယ်နှစ်ခုထွက်နိုင်သော စကားတစ်ခွန်းကို အခြားဘာသာစကားဖြင့် ထိုကဲ့သို့အဓိပ္ပါယ်နှစ် ထွက်အောင် ပြန်ဆိုရန်မလွယ်ကူပေ။ (NKJV footnotes နှင့် Moffatt ကျမ်းမူများက ကြိုးစားပြန်ကြည့်ကြသေးသည်)။

၂။ကျမ်းရေးသူ

မိက္ခာဟူသောအမည်သည် Mikayahu နှင့် Mikayah ၏အတိုကောက်ဖြစ်သည်။ (ယေဟောဝါ ကဲ့သို့ဟူသောအနက်ရသည်။) ဣသရေလတို့၏ဘုရား၊ တစ်ဆူတည်းသောဘုရားသခင်၏ အစေခံဖြစ်သည်။ အခြားပရောဖက်များစွဦလည်း ဘုရားသခင်နာမကို ယူ၍ မိမိတို့၏အမည်ထဲတွင် (-el)သို့မဟုတ် Jehovah(-yah) ဟူသောစကားလုံး ဖြည့်ထည့်လေ့ရှိသည်။ ထိုအတိုင်းပင်မက္ခာက သူ့နာမည်စကားလုံးကိုစကား၍ “ကိုယ်တော်ကဲ့သို့ဘုရားအဘယ်သူရှိ”ဟု ယူထားကြောင်း ၇:၁၈၌ တွေ့ရသည်။

မက္ခာသည် ဟေရှာယနှင့် ခေတ်ပြိုင်ပေါ်ထွန်း၍ နိမ့်ပါးသော ဆင်းရဲသားမျိုးရိုးမှလာသူဖြစ်သည်။ ယေရုရှလင် အနောက်တောင်ဘက်(၂၅)မိုင်ခန့်အကွာ၊ ဂါသအနီး မောရေရှရွာသားဖြစ်သည်။

အချိန်ကာလ

ယောသံ၊အာဟပ်နှင့် ဟေဇကိမင်းများ လက်ထက်ဘီစီ-၆၇၀ မှ ၆၈၇ အကြားဖြစ်သည်။ ယုဒလူမျိုးသို့အဓိက ဦးတည်ဟောကြားသော်လည်း ဘီစီ-၇၂၂-၂၁တွင် ဖမ်းဆီးခံရသည့် မြောက်ဘက်နိုင်ငံသားအကြောင်းကိုလည်း ပရောဖက်ပြုဟောထားသည်။ အချို့ပရောဖက်ပြုဟောချက်မှားမှာ ဤကျမ်းစာတစ်စောင်လုံးရေးသား၍ မပြီးဆုံးမီ ပြည့်စုံနှင့်ပြီဖြစ်သည်။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

ဘီစီ-၈ ရာစုနှစ်က ဣသရေလနှင့် ယုဒပြည်လယ်စိုက်ပျိုးရေးစနစ်သည် ရှေးသမရိုးကျထွန်ယက် စားသောက်ခြင်းမှ ပြောင်းလဲကာ မြေပိုင်ရှင်ပဒေသရာဇ်စနစ် ဖြစ်လာသည်။ ရုပ်ဝတ္ထုပစ္စည်းများကို ပိုင်ဆိုင်ခြင်း၌ လောဘတက်ကြလာသည်။ ချမ်းသာသူများက ပိုမိုချမ်းသာလာကြပြီး လယ်ယာမြေမရှိသောဆင်းရဲသားများက ဆင်းရြသထက် ဆင်းရဲတွင်းနက်ကြသည်။ အထူးသဖြင့်မြို့ကြီးပြကြီ:များတွင် လူနေမှုအဆင့်အတန်းသိသာစွာ ကွဲပြားလာသည်။ အထက်လွှာလူတန်းစားများက မရှိဆင်းရဲသားများကို ဖိနှိပ် ဂုပ်သွေးစုပ်၍ ဇိမ်ယစ်နေကြသည်။

ရုပ်တုကိုးကွယ်သော တပါးအမျိုးသားများနှင့် ကူးသန်းရောင်းဝယ်ဖောက်ကားရာမှ ကြွယ်ဝချမ်းသာသော လူတန်းစားများကလည်း ဘာသာရေးအယူ မှားဖြင့် ဖောက်ပြားအကျင့်တန်လာကြသည်။

ရှင်းရှင်းဘွင်းဘွင်းပြောရလျှင် ထိုခေတ်အခြေအနေမှာ ယနေ့အနောက်နိုင်ငံရှိ ခရစ်ယာန်လောကကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုအမိုက်မှောင်ခေတ် လောကအကြောင်းကို မိက္ခာက ရှမာရိ၊ ယေရုရှလင်၊ ဗက်လင်ဟူသောမြို့ကြီးသုံးမြို့အခြေအနေအား နောက်ခံထား၍ ပရောဖက်ပြုဟောပြောခဲ့ခြင်းဖြစ်သည်။

ပါဝင်သည့်အချက်များ

၁။ ဣသရေလနှင့်ယုဒများအပေါ် အမျက်တော်ကျရောက်မည့်အကြောင်း (အခန်း၁)

၂။ ဖိစီးနှိပ်စက်တတ်သော လူချမ်းသာတို့၏ကံကြမ္မာ(၁၂:၁-၁၁)

၃။ ပြန်တည်ဆောက်မည့်အကြောင်းကတိတော်(၂:၁၂- ၁၃)

၄။ မင်း၊ ပရောဖက်အတုနှင့် ယဇ်ပုရောများရှုတ်ချခြင်း(အခန်း၃)

၅။ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးမည့် မင်္ဂလာစကား(အခန်း၄)

၆။ မေရှိယကြွလာမည့်အကြောင်းကတိတော်(အခန်း၅)

၇။ ဣသရေလတို့ကို စစ်ဆေးမည့်အကြောင်း(အခန်း၆)

၈။ တိုင်းနိုင်ငံများ မိမိတို့တိုင်းပြည်အတွက် ငိုကြွေးမည့်အကြောင်း(၇:၁-၁၀)

၉။ ဣသရေလတို့၏ အနာဂတ်ကောင်းကြီးမင်္ဂလာ(၇:၁၁-၂၀)

TAGS: မိက္ခာအနာဂတ္တိကျမ်း

ကိုးကား[ပြင်ဆင်ရန်]