မာလ်ဘိုရို

ဝီကီပီးဒီးယား မှ
မာလ်ဘိုရို
Marlboro Logo.svg
မိတ်ဆက်၁၉၂၄
ထုတ်လုပ်သူအော်လ်ထရီးယား ဂရု နှင့်
ဖိလစ်မောရစ် အင်တာနေရှင်နယ်
ဝက်ဘ်ဆိုဒ်Philip Morris USA

မာလ်ဘိုရို (Marlboro) သည် ကမ္ဘာပေါ်တွင် အရောင်းရဆုံး စီးကရက် တံဆိပ် ဖြစ်သည်။ အမေရိကန် နိုင်ငံ အတွင်းတွင် ဖီးလစ် မောရစ် ယူအက်စ်အေ ကုမ္ပဏီမှ ထုတ်လုပ်ပြီး အမေရိကန်နိုင်ငံ ပြင်ပတွင် ဖီးလစ်မောရစ် အင်တာနေရှင်နယ် ကုမ္ပဏီမှ ထုတ်လုပ်သည်။ မာလ်ဘိုရိုသည် မီးရောင်စုံ ဆိုင်းဘုတ်များနှင့် မဂ္ဂဇင်း ကြော်ငြာများတွင်တွင် အသုံးပြုသော မာလ်ဘိုရို မင်းသား ကြောင့် နာမည် ကျော်ကြားသည်။

ကုန်အမှတ်တံဆိပ်ကို နာမည်ပေးရန် စီစဉ်နေသည့် အချိန်တွင် ဝင်စတန်ချာချီ သည် သတင်းတွင် ပါလာခဲ့သည်။ ဝင်စတန်ချာချီသည် မာလ်ဘိုရို နယ်စားကြီး (Duke of Marlborough) နှင့် အမျိုးတော်ကြောင်း သတင်းတွင် ကြေညာခဲ့သည်။ ကုမ္ပဏီက Marlborough ဟူသော အမည်ကို သဘောကျသော်လည်း ခေါ်၍ ကောင်းရန် Marlboro ဟု အမည်ပေးခဲ့သည်။