မာလီနိုင်ငံ၏ အလံတော်
မာလီနိုင်ငံ၏ အလံတော် (ပြင်သစ်: Drapeau du Mali) သည် တူညီအလျားလိုက် သုံးရောင်ခြယ်အလံ ဖြစ်သည်။ အစိမ်းရောင်၊ ရွှေရောင် နှင့် အနီရောင်တို့ကို အလျားလိုက် ရွယ်တူ အစင်းသုံးခု အဖြစ် ပိုင်းခြားထားသည်။ အလံသည် ဂီနီနိုင်ငံ၏ အလံတော်နှင့် ဆင်တူကာ အရောင်များသည် ပြောင်းပြန်အစဉ်အတိုင်း ဖြစ်သည်။
အဓိပ္ပာယ်
[ပြင်ဆင်ရန်]အလံ၏ အရောင်အဓိပ္ပာယ်ကို အမျိုးမျိုးဖွင့်ဆိုကြသည်။ အစိမ်းရောင်သည် နိုင်ငံ၏ မြေဩဇာကောင်းမွန်ခြင်းကို ကိုယ်စားပြုသည်။ ရွှေရောင်သည် တွင်းထွက်ပစ္စည်းများ ပေါကြွယ်ဝခြင်းနှင့် စင်ကြယ်ခြင်းကို ဖော်ဆောင်ပြီး အနီရောင်သည် ပြင်သစ်တို့လက်အောက်မှ လွတ်လပ်ခြင်းကို ကိုယ်စားပြုသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]လက်ရှိအလံတော်ကို မတ် ၁၊ ၁၉၆၁ တွင် စတင်အသုံးပြုခဲ့သည်။ မူရင်းအလံတော်ကို မာလီဖက်ဒရေးရှင်းကို ဝင်ရောက်ခဲ့သည့်အချိန် ဧပြီ ၄၊ ၁၉၅၉ တွင် အသုံးပြုခဲ့သည်။ အလံတော်မှာ တူညီပြီး အလယ်ရွှေရောင်အစင်းထဲတွင် ကောင်းကင်သို့ လက်မြှောက်တင်ထားသော လူပုံသဏ္ဌာန် ပါဝင်ခြင်းသာ ကွဲလွဲသည်။ ထိုပုံသဏ္ဌာန်သည် အစ္စလာမ်ဘာသာရေး အယူအဆနှင့် ဆန့်ကျင်နေသောကြောင့် ဖယ်ရှားခဲ့သည်။[၁]