မာတိကာသို့ ခုန်သွားရန်

မာဆော့ ပါဇက်ရှ်ကီရမ်

ဝီကီပီးဒီးယား မှ
မာဆော့ ပါဇက်ရှ်ကီရမ်
Masoud Pezeshkian
مسعود پزشکیان
ပါဇက်ရှ်ကီရမ် အား ၂၀၂၄ ခုနှစ် က တွေ့ရစဉ်
နဝမမြောက် အီရန်နိုင်ငံ၏ သမ္မတ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၈ ဇူလိုင် ၂၀၂၄
ယခင်လူဧဘရာဟင် ရိုင်စီ
အနိုင်ရမဲ အရေအတွက်၅၃ ဒသမ ၃ ရာခိုင်နှုန်း
အီရန်လွှတ်တော် ဒုတိယဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၀၁၆  ၂၀၂၀
အီရန်နိုင်ငံ ၏ ကျန်းမာရေးဝန်ကြီး
တာဝန်သက်တမ်း
၂၂ ဩဂုတ် ၂၀၀၁  ၂၄ ဩဂုတ် ၂၀၀၅
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1954-09-29) ၂၉ စက်တင်ဘာ၊ ၁၉၅၄ (အသက် ၇၁)
အီရန်နိုင်ငံ
နိုင်ငံရေးပါတီတစ်သီးပုဂ္ဂလ သမ္မတလောင်း
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
ပြုပြင်ပြောင်းလဲရေးသမား
ကြင်ဖော်widowed (၁၉၉၃)
သားသမီး၄ ဦး
ကျွမ်းကျင်မှုနှလုံးခွဲစိတ်ဆရာဝန် နှင့် နိုင်ငံရေးသမား
လက်မှတ်
ဝက်ဘ်ဆိုဒ်drpezeshkian.ir
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ အီရန်
တပ်/တပ်ဖွဲ့ခွဲအစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့
တိုက်ပွဲ/စစ်ပွဲများအီရန် - အီရတ် စစ်ပွဲ (၁၉၈၀-၁၉၈၈)

မာဆော့ပါဇက်ရှ်ကီရမ် (ပါရှန်း: مسعود پزشکیان (၂၉  စက်တင်ဘာ ၁၉၅၄ ဖွား) သည် အီရန်နိုင်ငံရေးသမား နှင့် နှလုံးခွဲစိတ်ဆရာဝန် ဖြစ်သည်။၂၀၂၄ ခုနှစ် မေ ၁၉ ရက်က ရဟတ်ယာဉ်ပျက်ကျမှုဖြင့် သမ္မတ ဧဘရာဟင် ရိုင်စီ သေဆုံးခဲ့ပြီးနောက် ကျင်းပသည့် အီရန်နိုင်ငံ၏   (၁၄)  ကြိမ်မြောက်   သမ္မတရွေးကောက်ပွဲ တွင် အနိုင်ရပြီး[] နိုင်ငံ၏ ၉ ဦးမြောက် သမ္မတ ဖြစ်လာသူဖြစ်သည်။[] ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင်  အီရန်သမ္မတအဖြစ် တရားဝင်ခန့်အပ်ခြင်းခံရသည်။ သူသည် အသက် ၆၉  နှစ်တွင် အီရန်သမ္မတရာထူးကို ရယူနိုင်သည့် ၉ ဦးမြောက် နှင့် အသက်အကြီးဆုံးသမ္မတ ဖြစ်ခဲ့သည်။

နိုင်ငံရေးဖြတ်သန်းမှု

[ပြင်ဆင်ရန်]

သူသည် နှလုံးခွဲစိတ်ဆရာဝန် အဖြစ် မှ နိုင်ငံရေးသမားသမား ဘဝ သို့ ၂၀၀၀ပြည့်နှစ် ပိုင်းကတည်းက ကူးပြောင်းလာသူ ဖြစ်သည်။၂၀၀၁ ခုနှစ် တွင် အီရန်နိုင်ငံ ၏ ကျန်းမာရေးဝန်ကြီး အဖြစ် ခန့်အပ်ခံရပြီး ထိုတာဝန် ကို ၅နှစ်ကြာ ထမ်းဆောင်သည်။နောက်ပိုင်း အီရန်ပါလီမန်အဖွဲ့ဝင် အဖြစ် ကူးပြောင်းခဲ့ပြီး ပြုပြင်ပြောင်းလဲရေးသမား အဖြစ် ရပ်တည်သည်။ယင်းနောက် အီရန်လွှတ်တော် ၏ ဒုတိယဥက္ကဋ္ဌ အဖြစ် ၂၀၁၆ ခုနှစ် မှ ၂၀၂၀ပြည့်နှစ် အထိ တာဝန်ထမ်းဆောင်သည်။သူသည် အီရန်နိုင်ငံ ၏ ၂၀၁၃ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း နုတ်ထွက်ခဲ့သည်။ယင်းအပြင် ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ အရောက် တွင်[] အီရန်နိုင်ငံ မဲဆန္ဒရှင် သန်း ၃၀ ကျော် ၏ ၅၃ ဒသမ ၃ရာခိုင်နှုန်း မဲရလဒ် ဖြင့် ပြိုင်ဘက် သဘောထားတင်းမာသည့်  ရှေးရိုးစွဲဝါဒီ ဆာအိ ဂျလေလီ ကို အနိုင်ရပြီး[] အီရန်သမ္မတအဖြစ် တရားဝင်ခန့်အပ်ခြင်းခံရသည်။[]၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ တွင် တီဟီရန်မြို့ရှိ အီရန်လွှတ်တော်၌  အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတသစ် အဖြစ် မစ္စတာမာဆော့ပါဇက်ရှ်ကီရမ် က ကျမ်းသစ္စာ ကျိန်ဆိုသည်။[]

ငယ်ဘဝ နှင့် ပညာရေး

[ပြင်ဆင်ရန်]

၁၉၅၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ တွင် အီရန်နိုင်ငံ ၌ မွေးဖွားခဲ့သည်။အသက် ၁၉ နှစ်အရွယ် တွင် ဒီပလိုမာရရှိခဲ့ပြီး စစ်မှုထမ်းသည်။ထိုအချိန်တွင် သူသည် ဆေးပညာကို စိတ်ဝင်စားလာကာ စစ်မှုထမ်းပြီးနောက် ဇာတိပြည်နယ်သို့ ပြန်၍ ဆေးကျောင်းတက်၍ အထွေထွေဆေးပညာဘွဲ့ဖြင့် ဘွဲ့ရခဲ့သည်။ အီရန်-အီရတ်စစ်ပွဲ (၁၉၈၀-၁၉၈၈) အတွင်း သူသည် တိုက်ခိုက်ရေးသမားနှင့် ဆရာဝန်အဖြစ် တာဝန်ယူကာ ရှေ့တန်းသို့ မကြာခဏ သွားရောက်ခဲ့သည်။၁၉၈၅ ခုနှစ်တွင် အထွေထွေရောဂါကုသင်တန်းကို ပြီးဆုံးခဲ့ပြီး ဆေးကောလိပ်တွင် ဇီဝကမ္မဗေဒကို စတင်သင်ကြားခဲ့သည်။စစ်ပြီးနောက် ဆေးသိပ္ပံတက္ကသိုလ်တွင် အထွေထွေခွဲစိတ်မှုအထူးပြုဖြင့် ပညာဆက်လက်သင်ကြားခဲ့သည်။၁၉၉၃ ခုနှစ်တွင် အီရန်ဆေးသိပ္ပံတက္ကသိုလ်မှ နှလုံးခွဲစိတ်မှုဆိုင်ရာ အထူးပြုဘွဲ့ကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် သူသည် နှလုံးခွဲစိတ်မှုဆိုင်ရာ ပါရဂူ တစ်ဦးဖြစ်လာကာ ၁၉၉၄ ခုနှစ်တွင် Tabriz ဆေးသိပ္ပံတက္ကသိုလ်၏ ဥက္ကဋ္ဌဖြစ်လာပြီး ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

သူ၏ ဇနီးသည် မီးယပ်အထူးကုဆရာဝန် တစ်ဦး ဖြစ်သည်။[]၁၉၉၃ ခုနှစ် တွင် ဇနီးဖြစ်သူ နှင့် သားထွေး တို့ ကားတိုက်မှုဖြင့် သေဆုံးသွားခဲ့သည်။[] ကျန်ရှိသော သားနှင့်သမီးနှစ်ယောက်ကို တစ်ဦးတည်း ပြုစုပျိုးထောင်ခဲ့ပြီး နောက်အိမ်ထောင်မပြုခဲ့ပေ။[]


ကိုးကား

[ပြင်ဆင်ရန်]
  1. နိုင်ငံအားလုံးနဲ့ မျှတစွာ ဆက်ဆံမည် (အီရန် သမ္မတသစ်) VOA (၁၄ ဇူလိုင် ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. အီရန်မှာ ပြုပြင်ပြောင်းလဲရေးသမား မာဆုပဇာရှကီယန်း ရွေးကောက်ခံသမ္မတဖြစ်လာ BBC Burmese (၆ ဇူလိုင် ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. အီရန်သမ္မတရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်နှစ်ဦး တစ်ကျော့ပြန်ယှဉ်ပြိုင်မည် MOI Myanmar (၃၀ ဇွန် ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ပြုပြင်ပြောင်းလဲရေးသမား ဒေါက်တာ မာဇု့ ပါဇက်ရှကင် အီရန်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရ Myanmmamoethauk (၆ ဇူလိုင် ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. အီရန်သမ္မတအဖြစ် Masoud Pezeshkian ကျမ်းသစ္စာကျိန်ဆိုခဲ့ NHK (၃၁ ဇူလိုင် ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တီဟီရန်မြို့၌ ကျင်းပသည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတက်ရောက် MYANMAR NATIONAL PORTAL (၃၁ ဇူလိုင် ၂၀၂၄)။ ၅ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. "Officials of the Islamic Republic and Their Spouses; Prominent Men and 'Unnamed' Women" (in en)၊ BBC News
  8. Wintour၊ Patrick။ "Masoud Pezeshkian: the former heart surgeon who became president of Iran" (in en-GB)၊ The Guardian၊ 6 July 2024။
  9. Masoud Pezeshkian (in en)။ Wikipedia, the Free Encyclopedia (13 June 2024)။ 7 July 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 June 2024 တွင် ပြန်စစ်ပြီး။