မာဆာယိုရှိ ဆွန်

ဝီကီပီးဒီးယား မှ
မာဆာယိုရှိ ဆွန်
မာဆာယိုရှိ ဆွန်
မွေးသက္ကရာဇ် ၁၉၅၇၊ ဩဂုတ်လ ၁၁ ရက်
ဆာဂါး၊ ဂျပန်
နိုင်ငံသား ဂျပန်
အလုပ်အကိုင် Softbank တည်ထောင်သူ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၇.၈ ဘီလျံ (၂၀၂၀ ဒီဇင်ဘာ)

မာဆာယိုရှိ ဆွန် (၁၉၅၇ ဩဂုတ် ၁၁ မွေး) သည် ဂျပန် ဘီလျံနာ နည်းပညာ စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်၊ ရင်းနှီးမြှုပ်နှံသူနှင့် ပရဟိတသမား တစ်ဦး ဖြစ်သည်။ သူသည် ဂျပန် ကုမ္ပဏီတစ်ခု ဖြစ်သော ဆော့ဖ်ဘန့်ခ် ၏ တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ်၊ ဆော့ဖ်ဘန့်ခ် မိုဘိုင်း၏ အမှုဆောင် အရာရှိချုပ်နှင့် ယူကေအခြေစိုက် အမ်းဟိုးလ်ဒင်း၏ ဥက္ကဋ္ဌ ဖြစ်သည်။[၁]

ဘလွန်းဘာ့ခ်၏ ခန့်မှန်းချက်အရ ဆွန်၏ စုစုပေါင်း ပိုင်ဆိုင်မှုမှာ အမေရိကန် ဒေါ်လာ ၂၇.၈ ဘီလီယံ ရှိသဖြင့် ဂျပန်နိုင်ငံတွင် တတိယမြောက် အချမ်းသာဆုံးသူ တစ်ဦး ဖြစ်သည်။ သူသည် သမိုင်းတွင် ငွေကြေးအများဆုံး ဆုံးရှုံးခဲ့ဖူးသူ (၂၀၀၀ ခုနှစ် ဒေါ့ကွန်းပြိုလဲမှုတွင် အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံမျှ ဆုံးရှုံးခဲ့သည်။) တစ်ဦးလည်း ဖြစ်သည်။[၂]

ဆွန်သည် ဖော်ဘီမဂ္ဂဇင်း၏ ကမ္ဘာတွင် ဩဇာအရှိဆုံး လူစာရင်းတွင် အဆင့် ၄၅ အဖြစ် ဖော်ပြခြင်း ခံရသည်။[၃]

၂၀၂၀ ဒီဇင်ဘာလ ဘလွန်းဘာ့ခ်၏ ဘီလျံနာစာရင်းတွင် ဆွန်သည် အဆင့် ၅၀ ဖြစ်ပြီး ဂျပန်တွင် တတိယမြောက် အချမ်းသာဆုံး ဖြစ်ကာ ခန့်မှန်းခြေ ပိုင်ဆိုင်မှု ၂၇.၈ ဘီလီယံ ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "Masayoshi Son's $58 Billion Payday on Alibaba"၊ Bloomberg.com၊ 2014-05-08။ 
  2. Sorkin၊ Andrew Ross (2010-12-13)။ A Key Figure in the Future of YahooThe New York Times။ 21 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 April 2012 တွင် ပြန်စစ်ပြီး။
  3. Caroline Howard။ No. 45: Masayoshi Son - In Photos: The World's Most Powerful People: 2013Forbes။ 12 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 January 2021 တွင် ပြန်စစ်ပြီး။