မဟိယံဂနရာဇမဟာဝိဟာရ

ဝီကီပီးဒီးယား မှ
မဟိယံဂနရာဇမဟာဝိဟာရ
මහියංගනය රජ මහා විහාරය
Mahiyangana Stupa is the first stupa of ancient Sri Lanka[၁]
အချက်အလက်များ
တည်နေရာMahiyangana, Sri Lanka
ကိုဩဒိနိတ်07°19′19.4″N 80°59′26.9″E / 7.322056°N 80.990806°E / 7.322056; 80.990806ကိုဩဒိနိတ်: 07°19′19.4″N 80°59′26.9″E / 7.322056°N 80.990806°E / 7.322056; 80.990806
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Badulla
စီရင်စုUva Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument[၂] (22 November 2002)
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple

မဟိယံဂနရာဇမဟာဝိဟာရ သည် သီရိလင်္ကာနိုင်ငံ၊ မဟိယံဂနမြို့ (Mahiyangana) တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ [၃]ဤနေရာသည် ဂေါတမမြတ်စွာဘုရား တိုင်းပြည်သို့ ပထမဆုံးအကြိမ်ကြွရောက်တော်မူခဲ့သည့် နေရာဟုလည်း ယုံကြည်ကြသည်။ Solosmasthana ဟု ခေါ်သည့် သီရိလင်္ကာရှိ အထွတ်အမြတ်ထားရာ နေရာ ၁၆ ခုထဲတွင် ဤနေရာသည် တစ်ခုအပါအဝင် ဖြစ်သည်။ ယခုအချိန်တွင် သီရိလင်္ကာနိုင်ငံ၏ ရှေးဟောင်းသုတေသနနယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားသည်။[၂]

ဗုဒ္ဓမြတ်စွာဘုရား ကြွရောက်ခြင်း[ပြင်ဆင်ရန်]

မဟာဝံသကျမ်းအပါအဝင် သမိုင်းအထောက်အထားများအရ မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီး ကိုးလမြောက်အချိန်တွင် မဟိယံဂလ (Mahiyangana) သို့ ကြွရောက်လာသည်ဟု မှတ်သားထားကြသည်။ ထိုအကြိမ်သည် နိုင်ငံအတွင်းသို့ ပထမဆုံးအကြိမ် ကြွရောက်လာခြင်း ဖြစ်သည်။ မဟာဝံသကျမ်းအရ သီရိလင်္ကာနိုင်ငံတွင် ထိုအချိန်က ယက္ခများ နေထိုင်ကြသည်။ မြတ်စွာဘုရားသည် ယက္ခများကို ဆုံးမကာ တရားဓမ္မများ ဟောကြားတော်မူခဲ့သည်။ ထို့နောက်တွင် ၎င်းတို့ကို ဂိရိဟု အမည်ရသည့် ကျွန်းတစ်ခုသို့ စေလွှတ်ခဲ့ပြီး နိုင်ငံတော်သည်လည်း သန့်ရှင်းသာယာသွားခဲ့သည်။ ထိုအချိန်မှစ၍ ဗုဒ္ဓဘာသာသည် စတင်ခဲ့ပြီး နောက်ပိုင်းတွင် အနှံ့အပြား ပြန့်နှံ့ခဲ့သည်။

သမိုင်း[ပြင်ဆင်ရန်]

Saman ဟု အမည်ရသည့် ယက္ခတို့၏ အကြီးအကဲသည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားပြီးနောက်တွင် သောတပန်အရိယာ ဖြစ်ခဲ့သည။ ထို့နောက်တွင် ၎င်းသည် မြတ်စွာဘုရား မရှိသည့်အခိုက်တွင် ကြည်ညိုနိုင်ရန်အလို့ငှါ မေးမြန်းလျှောက်ထားခဲ့သည်။ ထိုအခါ မြတ်စွာဘုရားသည် Saman အား ဆံတော်များ ပေးသနားခဲ့သည်။ ထို့နောက်တွင် Saman သည် အမြင့် ၁၀ ပေ (၃ မီတာ) ရှိသည့် စေတီတော်ငယ်တစ်ခုတွင် ဌာပနာခဲ့သည်။ ၎င်းစေတီတော်သည် သီရိလင်္ကာနိုင်ငံတွင် ပထမဆုံးတည်ခဲ့သည့် စေတီတော်တစ်ဆူလည်းဖြစ်သည်။[၄]

ဘီစီ ၅၄၃ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်တွင် Sarabhu ဟု အမည်ရသည့် ရဟန္တာသည် မြတ်စွာဘုရားအား မီးသင်္ဂြုဟ်ရာနေရာမှ ဓာတ်တော်တစ်ဆူ ရရှိခဲ့ပြီး ဆောင်ယူလာခဲ့သည်။ ထိုဓာတ်တော်ကိုလည်း အထက်ပါစေတီတော်တွင်ပင် ဌာပနာခဲ့ပြီး စေတီတော်ကိုလည်း အမြင့် ၁၈ ပေ (၅.၅ မီတာ) အထိ မြှင့်တင်ပြုပြင်ခဲ့သည်။[၄]

ဘုရင်များစွာတို့သည်လည်း စေတီတော်ကို ပြုပြင်ခြင်းနှင့် ကြီးမားအောင် ပြုလုပ်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။ [၅]ထိုအထဲတွင် ဒုဋ္ဌဂါမဏိမင်းကြီးသည်လည်း အပါအဝင်ဖြစ်ကာ မင်းကြီးသည် စေတီတော်အကို အမြင့် ၁၂၀ ပေ (၃၇ မီတာ) သို့တိုင်အောင် မြှင့်တင်ခဲ့သည်။ အခြားသော အုပ်ချုပ်သူများ ဖြစ်ကြသည့် Voharika Tissa, Sena II, Vijayabahu I နှင့် Kirti Sri Rajasinha တို့သည် စေတီတော်ကို ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းများနှင့်ပြင်ဆင်သည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။ ၁၉၄၂ ခုနှစ်တွင် D. S. Senanayake ဦးဆောင်မှုအောက်တွင် စေတီတော်ပြု ပြင်ပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်မည့်အဖွဲ့အစည်းတစ်ခုသည် ဖြစ်ပေါ်လာခဲ့သည်။ ပြုပြင်ပြင်ဆင်မှုများကို ၁၉၄၂ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၈၀ ခုနှစ်တွင် စေတီတော် အမွမ်းချွန်အသစ်တစ်ခုကိုပါ ပြုလုပ်နိုင်ခဲ့ပြီး ပြင်ဆင်မှုသည်လည်း ပြီးစီးခဲ့သည်။[၄][၆]

ရုပ်ပုံများ[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Upali Salgado (29 June 2008)။ Tales from the hills of Uva။ The Sunday Times။ 30 September 2014 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Protercted Monument List 2012-12-12Department of Archaeology (12 December 2012)။ 23 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2016 တွင် ပြန်စစ်ပြီး။
  3. Garnier၊ Anjalie။ "Ruwanweliseya: Architectural wonder of rich cultural heritage"၊ Daily News၊ 2009-05-13။ 2009-09-29 တွင် ပြန်စစ်ပြီး။ Archived from the original on 3 October 2009။ 
  4. ၄.၀ ၄.၁ ၄.၂ Ratnasinghe၊ Aryadasa။ "Mahiyangana Cetiya - The first of its kind in Sri Lanka" (.pdf)၊ Budusarana၊ 2002-01-28။ 2009-09-28 တွင် ပြန်စစ်ပြီး။ Archived from the original on 27 July 2011။ 
  5. Aves၊ Edward (2003)။ Sri Lanka။ Footprint Travel Guides။ p. 292။ ISBN 978-1-903471-78-4
  6. Dassanayake၊ M. B.။ "113th Birth Anniversary : Sir Bennet Soysa - the philanthropist of the hills"၊ Daily News၊ 2002-03-30။ 2015-01-11 တွင် ပြန်စစ်ပြီး