မဟာမြတ်မုနိဘုရား (နမ့်ဆန်မြို့)

ဝီကီပီးဒီးယား မှ

မဟာမြတ်မုနိဘုရား သည် ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့မှ တစ်မိုင်အကွာ ရွှေစကားပင်တောင်ပေါ်တွင်တည်ရှိသည့် ရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ [၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရုပ်ပွားတော်မြတ်ကြီးကို သက္ကရာဇ် ၁၁၄၃ ခုနှစ်တွင် တောင်ပိုင်နယ် ကွန်ဟယ်ရွာဇာတိ ပလောင်ဘုန်းတော်ကြီး ဦးစန္ဒာ ကြီးမှူး၍ သွန်းလုပ်တော် မူခဲ့သည်။ ထို့နောက်တွင် ပေ ၅၀၀၀ ကျော်မြင့်သည့် ရွှေစကားပင် တောင်ပေါ်သို့ ပင့်ဆောင်ခဲ့သည်။[၁]

အတိုင်းအတာများ[ပြင်ဆင်ရန်]

ရုပ်ပွားတော်ကြီး၏ မကိုဋ်တော်မှာ ရွှေချိန် ၅ ပိဿာ ၉၈ ကျပ်သားရှိ၍ ကျောက်မျက်ရတနာတို့ဖြင့် ပြုလုပ်ထားသည်။ တန်ဖိုးအားဖြင့် ငွေ နှစ်သိန်း နီးပါးတန်သည်။ ၁၂၉၆ ခုနှစ်တွင် ကဆုန်လပြည့်ကျော် ၁၁ ရက်နေ့ညတွင် မကိုဋ်ကို မသမာသောသူတို့ ခိုးခြင်း ခံခဲ့ရသည်။ ထို့နောက်တွင် စော်ဘွားကြိး ခွန်ပန်းစိန်က ကြီးကြပ်ကာ ရွှေချိန် ၄ ပိဿာကျော်၊ ကျောက်မျက်ရတနာတို့ဖြင့် မကိုဋ်သစ်ပြုလုပ်ကာ ၁၂၉၈ ခုနှစ်၊ တပေါင်းလတွင် တင်လှူခဲ့သည်။

တောင်ပိုင်းနယ် ဦးဇနိယသည် ကျောက်မျက်များ စီခြယ်ထားသည့် ရွှေစလွယ်တော်ကို လှူခဲ့သည်။

ရုပ်ပွားတော်ကြီးသည် စမ္မခံမှ မဏိတော်အထိ ဉာဏ်တော် ၇ တောင် ၁ မိုက် ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၅၃၊ ၁၅၄။