မဟာဘုတ်
မဟာဘုတ်သည် မြန်မာဗေဒင်ပညာ၏ အခြေခံဖြစ်သည်။ လူတစ်ဦးမွေးဖွားသည့် မြန်မာသက္ကရာဇ်နှင့် မွေးဖွားသည့်နေ့ရက် (Day of the week) အပေါ်မူတည်၍ ကောင်းကျိုး ဆိုးပြစ်တို့အား ဝေဖန် အကြံပြုခြင်း ဖြစ်သည်။ ထို့အပြင် ရောက်ရှိနေသည့် မြန်မာသက္ကရာဇ် အပေါ်တွင် မူတည်၍လည်း အဆိုပါနှစ်အတွင်း သက်ဆိုင်ရာ နေ့ရက်ဖွားတို့ အတွက် ဆောင်ရန် ရှောင်များကို ဝေဝေဆာဆာ အကြံပေးနိုင်သည်။
မဟာဘုတ်၏ အားသာချက် မှာ တွက်ချက်လိုသူ၏ မွေးဖွားချိန် သိရှိရန် မလိုအပ်ခြင်းပင် ဖြစ်သည်။
မဟာဘုတ်ကို သမားတော်ကြီးဇီဝကက စတင်ခဲ့သည်ဟု အဆိုရှိသည်။ မဟာဘုတ်တွင် ဆေးပညာမဟာဘုတ် နှင့် ဗေဒင်ပညာမဟာဘုတ်ဟူ၍ နှစ်မျိုးနှစ်စား ရှိသည်။ မဟာဘုတ်ဟူသည် မဟာ (ကြီးမြတ်သော) နှင့် ဘူတ (ဖြစ်ခြင်း) ဟူသည့်ပုဒ်နှစ်ခုကို ပေါင်းစပ်ထားသည့် ပါဠိသက်ဝေါဟာရဖြစ်သည်။ထို့ကြောင့် ကျယ်ဝန်းနက်ရှိုင်းသော အခြေခံ ဓာတ်ကြီးများဟု အဓိပ္ပါယ်ရသည်။ မဟာဘုတ်တွင် လျှို့ဝှက်နက်နဲမှုမြှုပ်ကွက်များ များပြားစွာ ပါဝင်နေသည်။
မဟာဘုတ်အဖွား
[ပြင်ဆင်ရန်]မည်သည့် ခုနစ်ရက် သားသမီးမဆို မဟာဘုတ် မွေးဖွားဇာတာ (၇) မျိုးထဲမှ ဇာတာတစ်ခုခုတွင် အကြုံးဝင်သည်။ ပုတိ၊ ဘင်္ဂ၊ မရဏ၊ အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ ဟူ၍ မဟာဘုတ် အိမ် (၇)မျိုးရှိသည်။ ထို့ကြောင့် ဖွားဇာတာ (၇) မျိုး x မဟာဘုတ် အိမ် (၇) မျိုး = ၄၉ မျိုးဟူ၍ ဉာဏ်ပညာ နုနယ်သူများ အနေဖြင့် မှတ်ယူနိုင်သည်။ပုတိဖွားဟု ဆိုရာ၌ ပုတိဖွားတွင် နေ့နံ ၇ မျိုး ရှိ၍ ပုတိဖွား တစ်မျိုး၌ပင် မဟာဘုက် ၇ မျိုး ထွက်ပေါ် လာသည်။ပုတိ၊ ဘင်္ဂ၊ မရဏ၊ အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ ၇မျိုး ရှိ၍ ၄၉ မျိုး ဖြစ်ပေါ်လာသည်။ပုတိဖွားကို ၁ကြွင်း ၂ကြွင်း ၃ကြွင်း ၄ ကြွင်း ၅ ကြွင်း ၆ ကြွင်း ၀ ကြွင်း ဟူ၍ ခွဲခြားသည့် အပြင် လူနက္ခတ် ပုတိဖွား ၊နတ်နက္ခတ် ပုတိဖွား ၊ဘီလူး နက္ခတ် ပုတိဖွား ဟူ၍ ထပ်မံ ခွဲခြားနိုင်သည်။ထိုကဲ့သို့ ခွဲခြားသော အခါ ပုတိဖွား ၂၁မျိုး ဖြစ်ပေါ်လာသည်။ဖွားဇာတာတိုင်း၌ မရဏဖွား ဖြစ်စေ အဓိပတိ ဖွား ဖြစ်စေ၊ အားလုံး သည် ဖွားဇာတာ ၂၁ မျိုးစီ ဖြစ်ပေါ်လာရာ ထိုဖွားဇာတာ ၂၁မျိုးကို ဣဋ္ဌ စရိုက်၊ အနိဋ္ဌ စရိုက် ၊ရောနှောသော စရိုက် ဟု ၃ မျိုးဖြင့် မြှောက်ပွားသော် ၆၃ မျိုး ရရှိလာပါမည်။ထို ၆၃ မျိုးသည် ဖွားဇာတာ တစ်ခုစီ ၌ ဖြစ်ရာ ဖွားဇာတာ ၇ မျိုးဖြင့် မြှောက်ပါက ၄၄၁ မျိုး ဖြစ်ပေါ်လာသည်။မဟာဘုက်ကို စတုရန်း တိုင်ဟုလည်း ခေါ်ပါသည်။[Moe Htet Kyaw (astrology) ၁]
| အဓိပတိ | ||
|---|---|---|
| အထွန်း | သိုက် | ရာဇ |
| မရဏ | ဘင်္ဂ | ပုတိ |
မဟာဘုတ် ပညာအား စတင်လေ့လာပါက ကသစ်မဟာဘုတ်၏ အခန်းကဏ္ဍကို အထူးဂရုပြု လေ့လာသင့်သည်။
'ကသစ် မဟာဘုတ် လင်္ကာ" လှ ၊ တော၊ မြို့၊ သား၊ အ၊ ကြွား ၊ ဆင့်
၎င်း လင်္ကာအရ ကသစ်မဟာဘုတ်သည် အောက်ပါအတိုင်း မဟာဘုတ်ဇာတာခွင်တွင် တည်ရှိသည်။
| ဆင့် | ||
|---|---|---|
| မြို့ | သား | အ |
| တော | လှ | ကြွား |
ဂဏန်းသင်္ချာဖြင့် ပြဆိုပါက
ကသစ် မဟာဘုတ်
| ၃ | ||
|---|---|---|
| ၅ | ၆ | ၁ |
| ၀ | ၄ | ၂ |
မဟာဘုတ် တွက်ချက်နည်း
[ပြင်ဆင်ရန်]မဟာဘုတ်ဇာတာ တည်ဆောက်ရန်အတွက် တွက်ချက်လိုသူ၏ မြန်မာမွေးနေ့သက္ကရာဇ်ကို (၇) ဂဏန်းဖြင့် စားရသည်။စာချိုးမှာ သက္ကရာဇ် တည်ကာထား ခုနှစ်စား အမှန်မူ အကြွင်းကို ချဖို့ တွက်ရယ် ဘင်္ဂကွပ်ယူ လက်ယာမူ ချလေကွဲ့ မလွဲ ဆရာ ထုက်တာက မဟာဘုက် အောင် လံ ထူနှင့် ပွဲ စစ် သူ ကြီး တို့ကိန်းကို မှတ်ကြ အမြဲ။ ။
အကြွင်းပေါ်မူတည်၍ ၁ကြွင်းပါက
"အောင် , လံ, ထူ, စစ်, သူ, ကြီး, ပွဲ "
လင်္ကာအတိုင်း ဘင်္ဂအိမ်မှ အစပြု၍ ၄ကြိမ်တိုးကိန်း (ဓာတ်ကြီး၄ပါး) ဖြင့် မဟာဘုတ်ဇာတာတွင် ထည့်သွင်းရသည်။ ပုတိ၊ ဘင်္ဂ၊ မရဏ၊ အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ အစီအစဉ်အတိုင်း ဖြစ်သည်။ မဟာဘုတ်တွင် ရာဟုကို ထည့်သွင်း တွက်ချက်ခြင်း မရှိသော်လည်း
အထူးခြွင်းချက်အနေဖြင့် ရာဟုသည် ဗုဒ္ဓဟူးနေ့ နေ့လယ် ၁၂:ဝဝ နာရီကျော်ချိန် မွေးဖွားသူများအတွက် မဟာဘုတ်မှတစ်ဆင့် တွက်ချက်ယူသည့် အခြားသော ဟောပြောမှုများ၌ Birth Lord အတွက် ဆုံးဖြတ်ရာ၌ အသုံးပြုသည်။
'အောင်လံထူစစ်သူကြီးပွဲ' ဆိုသည်မှာ
အောင် = ၁ (တနင်္ဂနွေ)
လံ =၄ (ဗုဒ္ဓဟူး)
ထူ = ၀ (စနေ)
စစ် = ၃ (အင်္ဂါ)
သူ = ၆ (သောကြာ)
ကြီး =၂ (တနင်္လာ)
ပွဲ = ၅ (ကြာသပတေး) ကိုဆိုလိုသည်။
၁ကြွင်းပါက အောင်လံထူစစ်သူကြီးပွဲ
၂ကြွင်းပါက ကြီးပွဲအောင်လံထူစစ်သူ
၃ကြွင်းပါက စစ်သူကြီးပွဲအောင်လံထူ
၄ကြွင်းရင် လံထူစစ်သူကြီးပွဲအောင်
၅ကြွင်းပါက ပွဲအောင်လံထူစစ်သူကြီး
၆ကြွင်းပါက သူကြီးပွဲအောင်လံထူစစ်
၀ကြွင်းပါက ထူစစ်သူကြီးပွဲအောင်လံ
ဟူ၍ ဘင်္ဂအိမ်မှ စတင်၍ လက်ယာရစ် မရဏ အထွန်း သိုက် ရာဇ ပုတိ အဓိပတိ စသည်ဖြင့် ချသွာပါ။မိမိမွေးနံရှိရာ အိမ်သည် မိမိ၏ ဖွားဇာတာ ခွင် ဖြစ်သည်။
ဥပမာပမာ မြန်မာမွေးသက္ကရာဇ် ၁၃၄၂ ခုနှစ်မွေးသညတနင်္လာသားသား ကျော်ဦးကို မဟာဘုတ်ဇာတွက် မည်ဆိုပါကပါက ၁၃၄၂ ကို (၇) ဖြင့် စားပါက (၅)ကြွင်းပါမည်။ (၅) ဆိုသည်မှာ ကြာသပတေး (ပွဲ)ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂအိမ်မှ စတင်ပြီး " ပွဲ - အောင် - လံ - ထူ - စစ် - သူ - ကြီး " ဟူ၍ တည်ဆောက်ရမည်။ ဘင်္ဂအိမ် တွင် " ပွဲ " , မရဏ အိမ်တွင်" အောင် ", အထွန်းအိမ် တွင် "လံ", သိုက်အိမ်တွင် "ထူ" ရာဇ အိမ်တွင် "စစ်" , ပုတိအိမ်တွင် "သူ", အဓိပတိအိမ်တွင် "ကြီး" ဖြစ်သောကြောင့် ၁၃၄၂ ခုနှစ်မွေး တနင်္လာသားသည် အဓိပတိဖွားဖြစ်သည်။
Moe Htet kyaw( astrology )
၁ ကြွင်း မဟာဘုတ် ဇာတာ
| ၅ | ||
|---|---|---|
| ၇ | ၃ | ၆ |
| ၄ | ၁ | ၂ |
၂ကြွင်း မဟာဘုတ် ဇာတာ
| ၆ | ||
|---|---|---|
| ၁ | ၄ | ၇ |
| ၅ | ၂ | ၃ |
၃ကြွင်း မဟာဘုတ် ဇာတာ
| ၇ | ||
|---|---|---|
| ၂ | ၅ | ၁ |
| ၆ | ၃ | ၄ |
၄ကြွင်း မဟာဘုတ် ဇာတာ
| ၁ | ||
|---|---|---|
| ၃ | ၆ | ၂ |
| ၇ | ၄ | ၅ |
၅ကြွင်း မဟာဘုတ်ဇာတာ
| ၂ | ||
|---|---|---|
| ၄ | ၇ | ၃ |
| ၁ | ၅ | ၆ |
၆ကြွင်း မဟာဘုတ် ဇာတာ
| ၃ | ||
|---|---|---|
| ၅ | ၁ | ၄ |
| ၂ | ၆ | ၇ |
၀ကြွင်း မဟာဘုတ် ဇာတာ
| ၄ | ||
|---|---|---|
| ၆ | ၂ | ၅ |
| ၃ | ၇ | ၁ |
- ↑ ဗေဒင် သုတ
<ref> tags exist for a group named "Moe Htet Kyaw (astrology)", but no corresponding <references group="Moe Htet Kyaw (astrology)"/> tag was found