မဟာဓန
မဟာဓန သည် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက သူဌေးသားတစ်ဦး ဖြစ်သည်။-[၁]
မဟာဓနသူဌေးသား
[ပြင်ဆင်ရန်]မဟာဓနသည် သူဌေးသားတစ်ဦး ဖြစ်၏။ သူဌေးသားသည် အရွယ်ရှိစဉ်အခါ၌ ကာမဂုဏ်အမိုက်အလိုက်အစား ကြူး၍ နေ၏။ အရွယ်ကြီးရင့်သောအခါ စိတ်ကြည်ခွင့် မရရှိနေ၏၊ ကျွတ်လွတ်ရန်မှာမူ ဝေး၏။ ရတနာသုံးပါးနှင့် ဆက်ဆံခွင့်ကိုပင် မရလေပြီ။[၁]
ထိုအခါ မြတ်စွာဘုရားသည် မြင်တော်မူ၍ “အာနန္ဒာ.... ဤသူဌေးသားသည် ပထမအရွယ် ငယ်စဉ်အခါ၌ ငါဘုရားသာသနာမှ ရဟန်းပြုပါဘိမူကား ရဟန္တာဖြစ်၍ ယခုဘဝမှာပင် ပရိနိဗ္ဗာန် စံရလတ္တံ့၊ ထိုသို့မဟုတ် ဒုတိယအရွယ်တွင် ငါဘုရား သာသနာမှာ ရဟန်းပြုပါဘိမူကား အနာဂါမ်ဖြစ်၍ သေလွန်လျှင် သုဒ္ဓါဝါသဗြဟ္မာ့ဘုံမှာ ပရိနိဗ္ဗာန် စံရလတ္တံ့၊ သို့မဟုတ် တတိယအရွယ်ရောက်စ၌ ငါဘုရားသာသနာမှာ ရဟန်းပြုပါဘိမူကား သကဒါဂါမ်, သောတာပန်အဖြစ်သိ့ရောက်၍ အပါယ်သံသရာမှာ အစဉ်ထာဝရ လွတ်ငြိမ်းလေအံ့” ဟု မြတ်စွာဘုရားသည် အရှင်အာနန္ဒာအား မိန့်တော်မူ၏။[၁]