မဟာကာလီဂူများ
မဟာကာလီဂူများ Kondivite Caves | |
---|---|
Kondivite Caves, Cave 2. | |
Location | Andheri (East), Near Caves road, Mumbai |
Coordinates | 19°07′50″N 72°52′27″E / 19.130436°N 72.874133°Eကိုဩဒိနိတ်: 19°07′50″N 72°52′27″E / 19.130436°N 72.874133°E |
Elevation | ၇၀ m (၂၃၀ ft) |
Geology | Basalt |
Entrances | 20 |
Difficulty | easy |
မဟာကာလီဂူများသည် ကျောက်ကိုထွင်းထုကာ ပြလုပ်ထားသည့် ဂူ ၁၉ ခု ပါဝင်ဖွဲ့စည်းထားသည့် ဂူအစုတစ်ခု ဖြစ်သည်။ ၎င်းတို့ကို BCE ၁ ရာစုနှင့် CE ၆ ရာစုအကြားက တည်ဆောက်ခဲ့ကြသည်။[၁]
ဤဗုဒ္ဓဘာသာဆိုင်ရာ နေရာကို အိန္ဒိယနိုင်ငံအနောက်ပိုင်း မွမ်ဘိုင်းမြို့၊ အန်ဒီရိ (Andheri) ၏ အရှေ့ဘက်ဆင်ခြေဖုံးနေရာတွင် တည်ရှိသည်။ ပန်းပုများကို ကျောက်ထွင်းဂူအစုနှစ်ခုတွင် တွေ့မြင်ရသည်။ ထိုဂူအစုနှစ်ခုနှာ အနောက်မြောက်ဘက်ရှိ ဂူလေးခုနှင့် အရှေ့တောင်ဘက်ရှိ ဂူ ၁၅ ခုတို့ ဖြစ်ကြသည်။ ဂူအများစုသည် ဝိဟာရများ ဖြစ်ကြပြီး ရဟန်းများတရားအားထုတ်ရန် အခန်းများ ပါဝင်ကြသည်။ သို့သော် အရှေ့တောင်ဘက်ဂူအစုရှိ ဂူအမှတ် ၉ သည် စေတီပါဝင်သည့် ဂူဖြစ်သည်။ အနောက်မြောက်ဘက်ရှိ ဂူများကို ၄ ရာစုနှင့် ငါးရာစုက တည်ဆောက်ခဲ့ကြပြီး အရှေ့တောင်ဘက်ရှိ ဂူအစုကိုမှာမူ ထို့ထက် ပိုမို၍ ရှေးကျစွာ တည်ဆောက်ခဲ့ကြသည်။ ပန်းပုလက်ရာများတွင် ကျောက်ထွင်းလက်ရာများနှင့် အခြားသော ပျက်စီးနေသည့် အကြွင်းအကျန်များ ပါဝင်ကြသည်။
ဂူများသည် မီးတောင်ချော်နက်ကို ထွင်းထုကာ တည်ဆောက်ထားကြသည့် ဂူများဖြစ်ကြသည်။
အကြီးဆုံးဂူဖြစ်သည့် ဂူအမှတ် ၉ တွင် ဗုဒ္ဓသရုပ်ဖော်မှုများ ၇ ခု ရှိပြီး ဗုဒ္ဓ၏ ဘဝဖြစ်စဉ်ကို သရုပ်ဖော်ထားသည်။ သို့သော်လည်း အားလုံးသည် ဆိုးဆိုးရွားရွားပင် ပျက်စီးနေသည်။[၂]
ဂူများသည် Jogeshwari-Vikhroli Link Road နှင့်SEEPZ အကြား ဆုံရာနေရာတွင် တည်ရှိသည်။ [၃]
ရုပ်ပုံများ
[ပြင်ဆင်ရန်]-
Kondivite Caves
-
Buddha Stupa in Cave 9.
-
Volume plan of Cave 9.
ကိုးကား
[ပြင်ဆင်ရန်]- ↑ Jaisinghani၊ Bella။ "Ancient caves battle neglect"၊ 13 July 2009။ 2009-10-28 တွင် ပြန်စစ်ပြီး။
- ↑ Bavadam၊ Lyla။ "In a shambles"၊ Frontline၊ 18–31 July 2009။ 2009-10-28 တွင် ပြန်စစ်ပြီး။ Archived from the original on 2013-01-25။
- ↑ Gaur၊ Abhilash (2004-01-25)။ Pay dirt: Treasure amidst Mumbai’s trash။ The Tribune။ 2008-09-01 တွင် ပြန်စစ်ပြီး။