မဟာကစ္စာန
ပုံပန်းသွင်ပြင်
အရှင်မဟာကစ္စာနထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်
[ပြင်ဆင်ရန်]ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူစဉ် အခါက ဖြစ်၏။ အရှင်မဟာကစ္စာနထေရ် သည် မြတ်စွာဘုရား၏ ဂန္ဓကုဋိတွင် နေရာပလ္လင်ပြုလုပ်လှူဒါန်းခဲ့၏။ ထို့ပြင် ထီး၊ သားမြီးငယ်တို့ကိုလည်း လှူဒါန်းခဲ့၏။ ထို့နောက် မြတ်စွာဘုရားသည် အရှင်မဟာကစ္စာနထေရ် ၏ အလှူအတွက် တရားဟောကြားတော်မူ၏။[၁]
အကျိုးခံစားရခြင်း
[ပြင်ဆင်ရန်]မြတ်စွာဘုရားသည် အရှင်မဟာကစ္စာနထေရ် အား “အယုကပ်သုံးဆယ်ပတ်လုံး သိကြားမင်း ဖြစ်မည်။ လူ့ပြည်တွင် ‘ပဘဿရ’ အမည်ဖြင့် စကြဝတေးမင်း ဖြစ်မည်။ နောက်ဆုံးတွင် ဂေါတမမြတ်စွာဘုရား လက်ထက်တွင် ‘ကစ္စာန’ အမည်ဖြင့် ပုဏ္ဏားဖြစ်ကာ သာသနာတော်တွင် ရဟန်းပြုလိမ့်မည်” ဟု မိန့်တော်မူ၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
[ပြင်ဆင်ရန်]နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်မဟာကစ္စာနထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]