မဟရထောင်

ဝီကီပီးဒီးယား မှ
Mahara Prison
Map
အထွေထွေ အချက်အလက်များ
မြို့Mahara
နိုင်ငံSri Lanka
တည်ဆောက်မှု စတင်1875
ပြီးစီး1875
ဖောက်သည်British Government,
Sri Lankan Government

မဟရထောင် သည် သီရိလင်္ကာနိုင်ငံတွင် တည်ရှိသည့် အကြီးဆုံးအကျဉ်းထောင်များထဲမှ တစ်ခု ဖြစ်သည်။ ဤထောင်ကို လုံခြုံရေးမြင့်မားစွာ ထားရှိထားသည်။ အနောက်ပိုင်းစီရင်စု၊ မဟရမြို့ဟောင်းတွင် တည်ရှိသည်။ ဗြိတိသျှကိုလိုနီအစိုးရက ကျွန်ကျွန်းထောင် (Slave Island Prison) တွင် ထောင်သားများကျပ်တည်းနေမှုကို ဖြေလျှော့နိုင်ရန် ဤထောင်ကို ၁၈၇၅ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ဤထောင်တည်ဆောက်မည့် ကျောက်များကို မဟရကျောက်ထုခွဲရာနေရာတွင် ထောင်သားများကို ထုခွဲခိုင်းကာ ရယူခဲ့သည်။ ထိုထောင်ကို စတင်ကတည်းက ရဲအရာရှိတစ်ယောက်ကို ထားရှိခဲ့သည်။ အကျဉ်းထောင်ဌာနက ထိန်းသိမ်းထားရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၀၂ ခုနှစ် ထောင်ကျိုးပေါက်မှု[ပြင်ဆင်ရန်]

ကျောက်များထုခွဲရာတွင် ပုန်ကန်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ၁၉၀၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် အကျဉ်းသား ၇၉ ဦး လွတ်မြောက်သွားသည်။ ထောင်စောင့်အရာရှိများလည်း တိုက်ခိုက်ခြင်းခံရသည်။ လက်ထောက် ထောင်စောင့်သည် အဓိကရုဏ်းခေါင်းဆောင်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထောင်စောင့်က အကူအညီပေးထားသည့် ဗိုလ်ချုပ်ဦးစီးသည့် စစ်တပ်အဖွဲ့တစ်ခု အနီးအနားမှ လွတ်မြောက်သွားသူ အယောက် ၄၀ ကို ထိန်းသိမ်းနိုင်ခဲ့သည်။ ဤဖြစ်ရပ်သည် သီရိလင်္ကာအကျဉ်းထောင်များသမိုင်းတွင် ပထမဆုံးနှင့် အကြီးကျယ်ဆုံး ဖြစ်ရပ်ဖြစ်ခဲ့သည်။

၂၀၂၀ ခုနှစ် ထောင်အဓိကရုဏ်း[ပြင်ဆင်ရန်]

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် လုပ်ငန်းနေရာ၌ အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့သည်။ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသည့် အကျဉ်းသားများကို မဟရထောင်သို့ ပို့ဆောင်မည်ဟု ကောလာဟာလများ ထွက်ပေါ်လာပြီးနောက်တွင် ဤအဓိကရုဏ်းသည် ဖြစ်ပေါ်လာသည်။[၁]

ထင်ရှားသည့် အကျဉ်းသားများ[ပြင်ဆင်ရန်]

  • Utuwankande Sura Saradiel - bandit turned Freedom fighter, the Robin Hood of Sri Lanka
  • Maradankadawala Yakadaya
  • Navarian alias Fancis Fernando
  • Cutex Piyadasa
  • Keragala Siresana alias cheena
  • Watareka Jayasundara
  • Gampaha Munidasa

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Reuters၊ Story by။ Sri Lanka coronavirus prison riot leaves eight dead, over 50 wounded။ 2020-11-30 တွင် ပြန်စစ်ပြီး။