မသိန်းရှင်ဆီ ပို့ပေးပါ

ဝီကီပီးဒီးယား မှ

မသိန်းရှင်ဆီ ပို့ပေးပါ ဝတ္ထုကို မြန်မာစာရေးဆရာ နိုင်ဝင်းဆွေ ရေးသားသည်။ ညွန့်စာပေ မှ ၁၉၇၁ ခုနှစ်တွင် ထုတ်ဝေပြီး နိုင်ဝင်းဆွေ၏ အကောင်းဆုံးလက်ရာအဖြစ် သတ်မှတ်ခံရသည်။

ဇာတ်လမ်း အကျဉ်း[ပြင်ဆင်ရန်]

၁၉၆၀ ဝန်းကျင် ကုန်စည်များ မှောင်ခိုကူးစဉ်ကာလက ထန်းညှက်မှောင်ခိုတစ်ဦး၏ အဖြစ်အပျက်ကို ရထားလိုက်ဘူတာစာရေးတစ်ဦးနေရာမှ စိတ်ကူးယဉ် ခံစားရေးဖွဲ့ထားသည်။

မှောင်ခိုကူးရင်း ခန္ဓာကိုယ်နှင့် ရင်းလိုက်ရသူများအကြားတွင် အရှက်ငဲ့ကာ အသက်ကို ရင်းလိုက်ရသည့် မိန်းမငယ်တစ်ဦးမှာ သေအံ့မူးမူးအချိန်တွင်ပင် မှောင်ခိုလက်ခံ မသိန်းရှင်၏ အမည်ကိုသာ တသသဖြစ်နေပုံကို ဖော်ပြလို၍ မသိန်းရှင်ဆီ ပို့ပေးပါ ဟု ခေါင်းစဉ်တပ်ခဲ့ခြင်း ဖြစ်သည်။[၁]

အဓိကဇာတ်ဆောင်များ[ပြင်ဆင်ရန်]

ညိုညို (ထန်းညှက် မှောင်ခိုကူးသူ)

ကိုရင်မောင် (ရထားလိုက်ဘူတာစာရေး)

ကိုးကား[ပြင်ဆင်ရန်]

  1. နိုင်ဝင်းဆွေ, "မသိန်းရှင်ဆီ ပို့ပေးပါ"