မရှော့ပင်

ဝီကီပီးဒီးယား မှ
မရှော့ပင်
en:Euonymus europaeus foliage and fruit
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Celastrales
မျိုးရင်း: Celastraceae
မျိုးစု: Euonymus
L.
Species

See text

Synonyms

Kalonymus (Beck) Prokh.
Pragmotessara Pierre
Pragmotropa Pierre
Quadripterygium Tardieu
Sphaerodiscus Nakai[၁]

ပုံသဏ္ဌာန် : အပင် အပင်ငယ် မျိုး ဖြစ်သည်။ အမြင့် ၁၂ ပေ ခန့် ထိ မြင့်၏ ။ အကိုင်း ဖြာသည်။ ပင်စည် ခပ်မွဲမွဲ ညိုခြောက်ခြောက် အရောင် ရှိ၏ ။ အရွက် ရွက်လွှဲ ထွက်သည်။ အရွက်မှာ ဘဲဥ ပုံမှ လှံစွပ်ပုံ အထိ ရှိသည်။ ထိပ်ဘက် ရှိ အရွက်များ သည် အရင်းဘက် ရှိ အရွက်များ ထက် ပိုကြီးသည် ။ ရွက်ထိပ် ချွန် ပြီး ရွက်ရင်း သွယ်သည်။ ရွက်ညှာ တိုသည်။ ရွက်နားညီ ၍ ရွက်ပြား ချောသည်။ အပွင့် ရွက်ညှာရင်း မှ တစ်ပွင့် ချင်း ထွက်သည်။ ပြား၍ သေးငယ်သော အဝါရောင် ပန်းပွင့် လေးများ ဖြစ်သည်။ အပွင့် နုစဉ်တွင် ပွင့်ဖတ်များ တစ်ခုနှင့် တစ်ခု ဆက်နေပြီး အသား ထူသည်။ အသီး လုံးဝိုင်းသည်။ ဆီးသီး ကင်းခန့် ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : ကချင် ပြည်နယ်တွင် အများ ဆုံးပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အသုံးပြုပုံ- အရွက် ၁ ။ မူးယစ်စေ တတ်သော အစားအစာ ကို သော် လည်းကောင်း ၊ အစား မှား လျှင် သော် လည်းကောင်း အရွက်ကို စားသုံး လျှင် ချက်ချင်း အဆိပ်ပြေ စေသည်။ ၂ ။ မြွေဆိုး ၊ ပျား ၊ ကင်းမြီးကောက် နှင့် အခြား အဆိပ်ရှိ သတ္တဝါများ ကိုက်မိ ၊ တုပ်မိပါက ယင်းဆေးရွက် ကို ချက်ချင်း စားသုံးခြင်း ဖြင့် နှလုံးသို့ အဆိပ် မရောက် နိုင်ရန် ကာကွယ် ပေး သည်။ အရွက် ကို ဝါးပြီး ဝါးဖတ်နှင့် အနာ ပတ် လည် တွင် လည်း အုံပေးရ ၏ ။ ၃ ။ အရိုး အဆစ် ကျိုးပဲ့၍ သွေးမထွက် သော ဒဏ်ရာ ရရှိသူ အား ဆေးရွက်ကို မလိမ်းဘဲ စားစေပါက အရိုး အဆစ်ကို ဆက်စေ၍ ကောင်းမွန် စေသည်။ (သွေးမထွက် ဘဲလိမ်းမိ ပါက သွေးပုပ်ငုပ် ၍ အနာရင်း ပြီး အောင့်တတ်သည်။) ၄ ။ သွေးထွက်သည့် ဒဏ်ရာ ဖြစ်ပါက အရွက် ကို စားခြင်း ၊ အနာပတ်လည် ဝါး၍ အုံပေးခြင်း ပြုနိုင်၏။ မှတ်ချက်။ ။ မလိုအပ် ဘဲ အရမ်းစားသုံး ပါက ကိုယ်ခန္ဓာ လေးလံ ထိုင်းမှိုင်း တတ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Genus: Euonymus L.Germplasm Resources Information Network။ United States Department of Agriculture (2007-10-05)။ 1 September 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 November 2011 တွင် ပြန်စစ်ပြီး။
  2. http://arogyamonline.com/commodity/materials/?raw=45[လင့်ခ်သေ]