မရှိ ခိုးနိုး၊ မလှ စုန်းယိုး
မရှိ ခိုးနိုး၊ မလှ စုန်းယိုး သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]
ဆင်းရဲသူကို ခိုးလိမ့်နိုးနိုး ထင်တတ်ကြသည်။ အရုပ်ဆိုး အကျည်းတန်သူကို စုန်းမဟု ထင်တတ်ကြသည်။[၁]
အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]
မလှတော့ စုန်းယိုး၊ မရှိတော့ ခိုးနိုး ဟူ၍လည်း အဆိုရှိသည်။ [၁]