မာတိကာသို့ ခုန်သွားရန်

မရှိတာထက် မသိတာခက်

ဝီကီပီးဒီးယား မှ

မရှိတာထက် မသိတာခက် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“မရှိတာထက် မသိတာခက်” ဆိုသည်မှာ ပစ္စည်းဥစ္စာ မရှိခြင်းထက် အသိပညာ၊ ဉာဏ်ပညာ မရှိခြင်းက ပို၍ ခက်ခဲကြောင်းကို ဆိုလိုသည်။ ပစ္စည်းဥစ္စာသည် ဘဝအတွက် အရေးပါသော်လည်း အသိပညာနှင့် ဉာဏ်ပညာသည် လူတစ်ဦး၏ ဘဝကို လမ်းညွှန်ပေးနိုင်သော အဓိကအင်အားစုဖြစ်သည်။ အသိပညာမရှိပါက မှားယွင်းသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပြီး ဒုက္ခရောက်နိုင်သောကြောင့် အသိပညာသည် ပစ္စည်းဥစ္စာထက် ပို၍ အရေးပါကြောင်းကို ဤဆိုရိုးစကားက ဖော်ပြသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "မရှိတာထက် မသိတာခက် ဆိုတာလို သည်လို အလိုက်ကန်းဆိုးမသိတဲ့ မိန်းမတွေနှင့် တွေ့ရတာထက် လောကမှာ ခက်တာမရှိဘူး။" []
  • "မရှိတာထက် မသိတာခက်…လောကမှာ ပစ္စည်းဥစ္စာ မရှိလျှင် အခက်ကြီး မခက် အမှားကြီး မမှား၊ အသိအလိမ္မာ ဉာဏ်ပညာ မရှိပြီဆိုမှဖြင့် အခက်ကြီးခက် အမှားကြီးမှောက်မှားရတော့တာပဲ။" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၇၆] မြင့်၊ ပ။ ၉၄။
  3. [၁၂၈၈] သူရ၊ ဒု။ ၅၉။