မရဲဘဲနှင့် ကျွဲပြဲစီး

ဝီကီပီးဒီးယား မှ

မရဲဘဲနှင့် ကျွဲပြဲစီး သည် မြန်မာစကားပုံ တစ်ခုဖြစ်သည်။

အဓိပ္ပာယ်[ပြင်ဆင်ရန်]

မစီးရဲဘဲလျက် ဝဖီးတုတ်ခိုင်သော ကျွဲကြီးကို မဝံမရဲနှင့် စီးသကဲ့သို့ မနိုင်နင်းမှန်းသိလျက် ဒုက္ခတွေ့နိုင်သည့် ကိစ္စကို မဝံမရဲ လုပ်သည်။

  • "မိမိတို့ မင်းသား မင်းသမီးများက ၎င်းဇာတ်ထုပ်ကို နိုင်အောင်မသယ်နိုင်ခဲ့ကြလျှင် မရဲဘဲနှင့် ကျွဲပြဲစီးသကဲ့သို့ပင် ဖြစ်ပြီး အရှက်တကွဲ ဖြစ်ရန်သာ ရှိတော့မည်။"

ကိုးကား[ပြင်ဆင်ရန်]