မရိယကျွန်း

ဝီကီပီးဒီးယား မှ
မရိယကျွန်း(အနီရောင်)

မရိယကျွန်း(Maria Island)သည် ဩစတြေးလျနိုင်ငံ တက်စမေးနီးယား (Tasmania)၏အရှေ့ဘက်ကမ်းရိုးတန်းတွင်ရှိသော တောင်ထူထပ်သည့် ကျွန်းတစ်ခုဖြစ်သည်။ ပြီးပြည့်စုံသော ကျွန်းမှာ အမျိုးသားဥယဉ်တစ်ခုဖြစ်သည်။ မရိယကျွန်းအမျိုးသားဥယဉ်သည် ပင်လယ်ဧရိယာ ၁၈.၇၈ ကီလိုမီတာ အပါအဝင် ဧရိယာပေါင်း ၁၁၅.၅၀ ကီလိုမီတာ၂ရှိသည်။ ကျွန်း၏တောင်မြောက်အရှည်မှာ ၂၀ ကီလိုမီတာခန့်ရှိပြီး အရှေ့အနောက်၏ အကျယ်မှာ ၁၃ ကီလိုမီတာရှိသည်။ ၎င်း၏အနီးဆုံးအမှတ်တွင် တက်စ်မန်နီယကမ်းရိုးတန်းအရှေ့မှ ၄ ကီလိုမီတာရှိသည်။ ၁၆၄၂ ခုနှစ်တွင် ဘာတာဗီယ(ဂျာကာတာ) ရှိ ဒတ်ချ်အရှေ့အင်ဒီးယက်စ် အထွေထွေအုပ်ချုပ်ရေးမှူး အန်ထော်နီ ဗင် ဒိုင်ယမန်၏ မယား မရိယ ဗင် ဒိုင်ယမန်၏အမည်ဖြစ်ပြီး ဒတ်ချ်လူမျိုး စူးစမ်းရှာဖွေသူ အယ်ဘက်တက်စ်မန်မှ အမည်ပေးခဲ့သည်။ ၁၉ ရာစုမတိုင်မှီက ကျွန်းအား မရိယအင်စ်လယ်အဖြစ် သိရှိခဲ့ကြသည်။ မူလ အော့ဘ်အော်ရဂျင်နယ်(Aboriginal)အမည်မှာ တော်ရာရ-မာရ-မွန်နဟ်(Toarra-Marra-Monah) ဖြစ်သည်။

ရိက္ခာသိုလှောင်ခန်း၊ ဒါလင်တုန်း
မရိယကျွန်းပေါ်တွင် တွေ့နေကျ ဝံဘတ်တစ်ကောင်