မရာထို၊ မြို့သာ၊ စာရေးဆရာမ

ဝီကီပီးဒီးယား မှ
မြို့သာမရာထို

မြို့သာမရာထို (၁၉၄၉)[ပြင်ဆင်ရန်]

၁။ အမည်ရင်း - ဒေါ်နုနုရီ
၂။ မိဘအမည် - ဦးတင်ဦး + ဒေါ်ခင်မြ
၃။ မွေးသက္ကရာဇ် - ၂၄၊ ၁၂၊ ၁၉၄၉
၄။ မွေးဖွားရာဒေသ - ငါန်းဇွန်မြို့နယ်၊ မြို့သာအရှေ့ရွာ

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

အမည်ရင်းမှာ ဒေါ်နုနုရီ ဖြစ်သည်။ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မြို့သာအရှေ့ရွာတွင် ဖွားမြင်သည်။

အဖ ဦးတင်ဦး၊ အမိ ဒေါ်ခင်မြတို့၏ သားသမီး လေးဦးအနက် ဆရာမ မြို့သာမရာထိုသည် အကြီးဆုံးသမီး ဖြစ်သည်။ အိမ်ထောင်သည် ဘဝကို ၁၉၆၇ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ မိသားစု စားဝတ်နေရေး အတွက် တဖက်တလမ်းမှ ဈေးရောင်းရင်း ဈေးသည်ဘဝဖြင့် ရပ်တည်ခဲ့သည်။

စာဖတ်ခြင်းကို အထူးမြတ်နိုးသည်။ မိမိ ဇာတိချက်ကြွေ 'မြို့သာ' ကို အစွဲပြုလျက် 'မြို့သာမရာထို' ဟူသော ကလောင်အမည်ကို ခံယူခဲ့သည်။ ၁၉၈၇ ခုနှစ်၊ နိုဝင်ဘာလထုတ် 'စံပယ်ဖြူ' မဂ္ဂဇင်းတွင် 'ဟုတ်တယ်နော်ကိုကို' ဝတ္ထုတိုဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။

'တောရတားနှင့် အခြားဝတ္ထုတိုများ' စာအုပ်သည် 'မြို့သာမရာထို' ၏ ပထမဦးဆုံး ထုတ်ဝေသည့် ဝတ္ထုတိုပေါင်းချုပ် စာအုပ် ဖြစ်ပြီး၊ ၂၀၀၁ ခုနှစ်အတွက် နိုင်ငံတော်မှ ချီးမြှင့်သည့် 'အမျိုးသားစာပေဆု' ဝတ္ထုတိုပေါင်းချုပ်ဆုရ စာအုပ်လည်း ဖြစ်သည်။

ခင်ပွန်းဖြစ်သူ ဦးအောင်ထွန်း (ဒေါ်လာရေချမ်း)၊ သားသမီး လေးဦးတို့နှင့် အတူ နေထိုင်လျက် ရှိပြီး ဈေးသည်ဘဝဖြင့် အသက်မွေးဝမ်းကျောင်း ပြုကာ ဝတ္ထုတိုများနှင့် ဓနမဂ္ဂဇင်းတွင် စီးပွားရေး ဆောင်းပါးများ ရေးသားလျက် ရှိသည်။ ယခုအခါ ကျန်းမာရေးအရ 'ပြင်ဦးလွင်မြို့' တွင် နေထိုင်လျက် ရှိသည်။

ဆက်သွယ်ရန် လိပ်စာမှာ ဒေါ်နုနုရီ (ဆရာမမြို့သာမရာထို)၊ မြို့သာ-ထန်းလျက်နှင့် ကုန်မျိုးစုံရောင်းဝယ်ရေး၊ ဈေးကြီးမြောက်ဘက်၊ ပြင်ဦးလွင်မြို့ ဖြစ်သည်။

ရေးသား ထုတ်ဝေခဲ့ပြီးသော စာအုပ်[ပြင်ဆင်ရန်]

၁။ တောရထားနှင့် အခြားဝတ္ထုတိုများ ၂၀၀၁ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၆ နိုဝင်ဘာမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)