မယ်လအူး ဒုက္ခသည်စခန်း

ဝီကီပီးဒီးယား မှ

မယ်လအူး သည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ဖြစ်သည်။ မယ်ဟောင်ဆောင် ပြည်နယ် (แม่ฮ่องสอน,)၊ ဆော့မွေ ခရိုင် (สบเมย) ၌ ရှိပြီး သောင်ရင်းမြစ်မှ ၃ ကီလိုမီတာအကွာတွင် တည်ထားသည်။ စခန်းအကျယ်မှာ ၃၂၀ ဟက်တာ ဖြစ်သည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

သောင်ရင်းမြစ်နောက်ရှိ တောင်တန်းကို မှီကာ တည်ခြင်းဖြစ်ပြီး လူဦးရေ ၉၀၀၀ ကျော် ရှိသည်။ အများစုမှာ ကရင်နှင့် ကယားလူမျိုးများ ဖြစ်သည်။

၂၀၀၂ ခု၊ စက်တင်ဘာလတွင် မြစ်ရေကြီးကာ စခန်းအား ရေမြုပ်သည်။ အိမ် ၂၅၀ ပျက်ပြီး ၂၃၀ ခန့် ဆိုးဆိုးဝါးဝါး ပျက်စီးသည်။ အထက်တန်းကျောင်း ၂ ကျောင်း၊ မူလတန်းကျောင်း ၈ ကျောင်း၊ ဆေးခန်းတခု ပြိုသည်။ ထိုင်းအာဏာပိုင်များက ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီနှင့် ပေါင်းကာ ကယ်ဆယ်ရေးလုပ်သည်။

မီးမရှိ၊ ဖုန်းမမိ။ သို့သော် ဆေးခန်း၊ ကျောင်း စသည့် အများပိုင်အဆောက်အဦတို့ကို မီးစက်ဖြင့် မီးရအောင် ဖန်တီးထားသည်။