မာတိကာသို့ ခုန်သွားရန်

မယား တိန်ညင်၊ လင် မုဆိုး

ဝီကီပီးဒီးယား မှ

မယား တိန်ညင်၊ လင် မုဆိုး သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“မယား တိန်ညင်၊ လင် မုဆိုး” ဆိုသည်မှာ ဇနီးသည်က တိန်ညင်ကဲ့သို့ သွေးဆောင်ဖြားယောင်း၍ အပြစ်တစ်ခုခု ကျူးလွန်အောင် ဖန်တီးပြီးနောက် ခင်ပွန်းသည်က မုဆိုးကဲ့သို့ အမိဖမ်းကာ အပြစ်ပေးခြင်း သို့မဟုတ် အကျပ်ကိုင်ခြင်းကို ဆိုလိုသည်။ တိန်ညင်သည် သားကောင်ကို ကျော့ကွင်းဖြင့် ဖမ်းဆီးသကဲ့သို့ ဇနီးသည်ကလည်း လင်ဖြစ်သူကို သွေးဆောင်ဖြားယောင်းခြင်းဖြင့် အပြစ်ထဲသို့ ဆွဲသွင်းသည်။ ထို့နောက် လင်ဖြစ်သူက မုဆိုးကဲ့သို့ ထိုအပြစ်ကို အကြောင်းပြု၍ ဇနီးသည်ကို အကျပ်ကိုင်ခြင်း သို့မဟုတ် အပြစ်ပေးခြင်း ပြုလုပ်သည်။ ဤဆိုရိုးစကားသည် လင်မယားနှစ်ဦးကြား သစ္စာဖောက်ဖျက်ခြင်း၊ လှည့်စားခြင်းနှင့် အကျိုးအမြတ်ထုတ်ခြင်း စသည့် ဆက်ဆံရေးအဆိပ်အတောက်များကို ဖော်ပြသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "ဓမ္မသတ်ခေါင်ချာ၊ ကမ္ပည်းစာတွင်၊ စဉ်လာပြသ၊ …မုဆိုးဆေလွင်၊ တိန်ညင်မယား၊" []
  • "ဆိုတိုင်းမမှန် လင်ကို ပြန်ပြောသော် မယား တိန်ညင်၊ လင် မုဆိုးဖြစ်သောကြောင့် မယားခိုးပြစ် ကင်းလပ်စေ၊" []
  • "သူ့ကြင်ရာကို၊ မိစ္ဆာကရောက်၊ ကျူးလွန်မြောက်ဟု၊ စွဲလျှောက်တရား၊ တစ်ဦးသားက၊ မယားတိန်ညင်၊ မုဆိုးလင်တည့်၊" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၁၄၅] သာဓိ ၃၆။
  3. [၁၂၃၁] အဍ္ဍသံ ၃၀၂။
  4. [၁၂၃၇] အဍ္ဍလင် ၅။