မာတိကာသို့ ခုန်သွားရန်

မယားသခင်၊ လင်သားစိုးပိုင်

ဝီကီပီးဒီးယား မှ

မယားသခင်၊ လင်သားစိုးပိုင် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“မယားသခင်၊ လင်သာစိုးပိုင်” ဆိုသည်မှာ ခင်ပွန်းသည်သည် ဇနီးသည်၏ အရှင်သခင်ဖြစ်ပြီး လင်မယားနှစ်ဦးပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို ဇနီးသည်၏ သဘောတူညီမှုမပါဘဲ ခင်ပွန်းသည်က လွတ်လပ်စွာ ပေးကမ်းနိုင်သည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် ရှေးခေတ် မြန်မာ့လူ့အဖွဲ့အစည်းတွင် ခင်ပွန်းသည်၏ အခွင့်အရေးနှင့် အာဏာကို အလေးပေးဖော်ပြသည်။ ယနေ့ခေတ်တွင်မူ လင်မယားနှစ်ဦး၏ တန်းတူအခွင့်အရေးကို အလေးထားသောကြောင့် ဤဆိုရိုးစကားကို လက်မခံကြပေ။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "လင်မယားပိုင်သည့် ဥစ္စာကို မယားမသိ။ လင်သည် သူတစ်ပါးအားပေးသော် အိမ်ထောင်ဖက်၊ မယားငယ် အသိမ်းအပြောင်မဟုတ်က ပေးသည်အတိုင်းယူသူရစေ။ … အဘယ်ကြောင့်နည်းဟူမူကား မယားသခင် လင်ဖြစ်သောကြောင့်တည်း။" []
  • "မယားသခင်၊ လင်သာစိုးပိုင်၊" []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၁၁၅] နု။ ၂၃၃။
  3. [၁၁၄၅] သာဓိ ၃၆။