မမြကလေး

ဝီကီပီးဒီးယား မှ


မမြကလေး (၁၁၇၁ - ၁၂၀၇) သည် ကုန်းဘောင်ခေတွင် ထင်ရှားခဲ့သည့် အမျိုးသမီးစာဆိုတော်တစ်ဦး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

မမြကလေးကို ၁၁၇၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်နေ့ တနင်္လာနေ့တွင် ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမျာ ပုသိမ်နယ် သာရဝေါ-ပဲ့နင်းမင်းပျံချီဘွဲ့ခံ သမိန်ထောရာဇာနှင့် မယ်အိ ဖြစ်သည်။ မမြကလေး၏ ငယ်မည်မှာ “မမြကြုတ်” ဖြစ်သည်။

သာယာဝတီမင်းသည် မြို့စားအဖြစ်ဖြင့် စံနေစဉ် မမြကလေးအား နှစ်သက်တော်မူသဖြင့် ကောက်ယူခဲ့သည်။ ၁၁၉၉ ခုနှစ် အထွတ်အမြတ်သို့ ရောက်သည့်အခါတွင် သုရတနာစန္ဒာဒေဝီဘွဲ့ဖြင့် အနောက်နန်းတော်ကို ချီးမြှောက်ပေးအပ်ခဲ့သဖြင့် အနောက်နန်းတော်မမြလေးဟု တွင်ခဲ့သည်။ ထို့နောက်တွင် သမီးတော် လှိုင်ထိပ်ခေါင်တင်ကို ဖွားမြင်ခဲ့သည်။[၁]

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

မမြကလေးသည် အထင်တော်လွဲခြင်း ခံရ၍ ၁၂၁၇ ခုနှစ်၊ ဝါခေါင်လတွင် ကွပ်မျက်ခြင်း ခံခဲ့ရသည်။[၁]

စာပေများ ရေးသားပြုစုခြင်း[ပြင်ဆင်ရန်]

မမြကလေးသည် ပတ်ပျိုးများ၊ တေးထပ်၊ ဒွေးချိုး၊ လေးချိုးနှင့် ဘုန်းတော်ဘွဲ့သီချင်းခံကြီးများကို ရေးသားခဲ့သည်။ မမြကလေး ရေးသားခဲ့သည့် ပတ်ပျိုးများတွင် အောက်ပါတို့ ပါဝင်သည်။

၁။ ရှိစုံရွက်ကြာချီပတ်ပျိုး၊

၂။ နဝရတ်ရောင်စုံချီပတ်ပျိုး၊

၃။ ဂန္ဓမာရိပ်သာဖလ်ဂျနန်းကလေချီပတ်ပျိုး၊

၄။ ရွှေဖီဂေါ်ဇင်ချီပတ်ပျိုး၊

၅။ ဂန္ဓမာတောင်ချီပတ်ပျိုး၊

၆။ ချစ်သမျှကိုချီပတ်ပျိုး။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၉၇၊ ၂၉၈။